မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်(မြို့ပေါ် မပါ) တွေမှာ ပြင်းထန်ငလျင်ကြောင့် ၄၄ ယောက် သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရသူ အယောက် ၂၀ အပါအဝင် ၁၀၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပြင်ဦးလွင်မြို့နယ်က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ပြင်ဦးလွင်ခရိုင်အတွင်းရှိ ငလျင်ဒဏ်ခံရသော မြို့နယ် ၃ မြို့နယ်အနက် မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်က အထိခိုက် အပျက်အစီး အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
စဉ့်ကူးမြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် ပြင်းထန်ဒဏ်ရာရပြည်သူ အယောက် ၂၀ အပါအဝင် အယောက် ၉၀ ဒဏ်ရာရခဲ့ပြီး သေဆုံးသူ ၃၆ ယောက် ရှိတယ်လို့ ပြင်ဦးလွင် ပကဖ က ဆိုပါတယ်။
ဒါ့အပြင် မတ္တရာမြို့နယ်မှာလည်း မြို့ပေါ်က အရေအတွက် မပါဘဲ ဒဏ်ရာရသူ ၁၇ ယောက်နဲ့ သေဆုံးသူ ၈ ယောက် ရှိတယ်လို့ သိရပါတယ်။
စဉ့်ကူးမြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ပြင်ဦးလွင်ခရိုင် ပကဖ နဲ့အတူ စဉ့်ကူးမြို့နယ် ပကဖ၊ ပအဖနဲ့ တပ်ရင်းတပ်ဖွဲ့တွေ စုပေါင် ကူညီကယ်ဆယ်လှူဒါန်းမှုတွေ ပြုလုပ်ပေးခဲ့သလို မတ္တရာမြို့နယ်မှာလည်း မတ္တရာ ပကဖ၊ ပအဖ နဲ့ အခြားတပ်ရင်း တပ်ဖွဲ့တွေက ကူညီကယ်ဆယ်လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြင်ဦးလွင်ခရိုင် ပကဖ ကလည်း ငလျင်ဒဏ် ခံစားခဲ့ရတဲ့ စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်တို့အတွက် ကျပ်သိန်း (၅၀)စီ မတည်လှူဒါန်းမှုပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မြိုင်က ကျေးရွာတွေမှာ မဖြစ်မနေ ဗုံးခိုကျင်းတွေတူးထားဖို့ မြိုင်ပကဖ က ထုတ်ပြန်ညွှန်ကြား

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကျေးရွာတွေမှာ လေကြောင်းရန်ကာကွယ်ဖို့ ဗုံးခိုကျင်းများ ကြိုတင်ပြီး မဖြစ်မနေတူးထားဖို့  မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မတ်လ ၃ ရက်နေ့ မနေ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်း PDF တွေ ဝင်မလာအောင် ပြည်သူတွေ စောင့်ကြည့်ပေးဖို့ လိုတယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ညွှန်ကြား

ခုခံတွန်းလှန်စစ်တွေ ပြင်းထန်နေတဲ့  စစ်ကိုင်းတိုင်းမှာ PDF တွေဝင်မလာစေဖို့ ပြည်သူတွေအနေနဲ့ စောင့်ကြည့် သတင်းပေးကြဖို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုချုပ် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသည့် စစ်အမြန်ရေယာဥ်တစီး  ကြားဖြတ်တိိုက်ခိုက်ခံရပြီး နှစ်ဦး သေဆုံးကာ အများအပြား ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အကြမ်းဖက်အမြန်ရေယာဥ်တစီးကို အသင့်စောင့်ကြိုတိုက်ခိုက်ရာ ၂ ယောက် သေဆုံးပြီး အများအပြားဒဏ်ရာရသွားတယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေတပ် (Salingyi) တပ်ဖွဲ့ တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

အမှတ် (၂) စစ်ဆင်ရေးနယ်မြေအတွင်း ဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကြောင်း စောင့်ကြိုတိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါ ၈ဦးထက်မနည်းသေ၊ RPG နှင့် လက်နက်ခဲယမ်းအချို့ တော်လှန်ရေးတပ်များ ရရှိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးနယ်မြေထဲ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဆီးကြိုတိုက်ခိုက်ရာ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၈ယောက်ထက်မနည်း သေဆုံးပြီး RPG နဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ PDF ၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ စောဒိုရှင်းက မောင်းကို ပြောပါတယ်။
Read More

မြန်မာနိုင်ငံရှိ နိုင်ငံသားတိုင်း လူမျိုးတိုင်း လွတ်မြောက်ချိန်တန်ပြီ ဟု TNLA ပြော

မြန်မာနိုင်ငံအနေနဲ့ ပြည်ထောင်စုနိုင်ငံအဖြစ် အခြေမတည်နိုင်မှုနဲ့ ဌာနေ လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုံးနေရမှုတို့ရဲ့ အဓိက တရားခံဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေ ဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA က ၇၈ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

ဘောမိကျေးရွာတိုက်ပွဲက ဒဏ်ရာရစစ်သားတွေကို ပုသိမ်စစ်ဆေးရုံမှာ ဆေးကုပေးနေ၊ သေဆုံးသူတွေကိုလည်း လူမသိအောင် သဂြိုလ်ပေးနေ

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်သားတွေကို ပုသိမ်မြို့ အမှတ် ၄ ဆေးတပ်မှာ ဆေးကုပေးနေပြီး သေဆုံးစစ်သားတွေကို ရွှေမြင့်တင် သဂြိုလ်စက်မှာ လူမသိသူမသိ သဂြိုလ်ပေးနေတယ် လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။