အမျိုးသားညီညွတ်ရေးအစိုးရ က NUG public affairs hotline နဲ့ ငလျင်ဘေးသင့် ပြည်သူများအတွက် ဝန်ဆောင်မှုတွေ ပြုလုပ်ပေးနေတယ်လို့ မနေ့က ဧပြီ ၄ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
NUG public affairs hotline က ပြည်တွင်း/ပြည်ပ၊ ရပ်ဝေး/ရပ်နီးမှာ ရောက်ရှိနေပြီး ငလျင်ဒဏ်ကြောင့် မိသားစုနဲ့ အဆက်သွယ်ပြတ်တောက် နေသူများအား အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေများ အတွင်းဖြစ်ပါက စုံစမ်းချိတ်ဆက်ပေးမှာဖြစ်ပါတယ်။
ဒါ့အပြင်ငလျင်ဘေးကို လှူဒါန်းနိုင်ဖို့ စိတ်ချရတဲ့အဖွဲ့အစည်းများထံ လမ်းညွှန်ချိတ်ဆက်ပေးခြင်း တွေလုပ်ဆောင်ပေးမယ်လို့ သိရပါတယ်။
ငလျင်ဘေးဒဏ်ကြောင့် ကြုံတွေနေရတဲ့ အခက်ခဲများနဲ့ လိုအပ်ချက်များကိုလည်း
အချိန်နဲ့ တပြေးညီ ပြည်သူတွေဘက်က သတင်းပို့နိုင်တယ်လို့လည်း ဆိုပါတယ်။
တစ်ဆက်တည်းမှာပဲ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် အကူညီများကို လမ်းညွှန်ချိတ်ဆက်ပေးမယ်လို့လည်း ဆိုပါတယ်။
NUG Public Affairs Hotline က t.me/nugpublicaffairsbot ဖြစ်ပါတယ်။
Hotline ပြင်ပဖြစ်ပါက ပြည်သူ့ရင်ခွင် Hotline ဖြစ်တဲ့ t.me/MyanmarPeople ကိုဆက်သွယ်နိုင်တယ်လို့လည်း ထုတ်ပြန်ပါတယ်။
0 Shares:
You May Also Like
Read More

ပေါက်ခေါင်းမြို့နယ်ထဲ စစ်အုပ်စု စစ်ကြောင်းထိုးရင်း လက်နက်ကြီးပစ်လို့ ဒေသခံ ၁ ဦး သေဆုံး၊ စစ်ရှောင်ပြည်သူများ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်ထဲက ကျေးရွာတွေဘက်ကို စစ်အုပ်စု ထပ်မံစစ်ကြောင်းထိုးလာချိန် လက်နက်ကြီးတွေ နဲ့ ပစ်ခတ်မှုခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

KNDF ဒုစစ်ဦးစီးချုပ် မာဝီက ဘောလခဲမြို့ တိုက်ပွဲက မှတ်တမ်းဓာတ်ပုံများ ထုတ်ပြန်လာ… (ဓာတ်ပုံသတင်း)

ကရင်နီပြည်နယ်၊ ဘောလခဲ မြို့က တိုက်ပွဲတွေက မှတ်တမ်းဓာတ်ပုံတွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ ဒုစစ်ဦးချုပ် မာဝီက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပြသထားပါတယ်။
Read More

KIA နဲ့ TNLA တို့အကြား မိတ်ဖက်ပဋိပက္ခများအဖြစ် မှတ်ယူ၍ ငြိမ်းချမ်းသောနည်းလမ်းများဖြင့်သာ ဖြေရှင်း ဆောင်ရွက်ရန် NUG မေတ္တာရပ်ခံ

ကချင်လွတ်လပ်ရေးတပ် KIA နဲ့ တအာင်းတပ်ဖြစ်တဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ TNLA တို့အကြား မြေပြင်မှာ  သဘောထားကွဲလွဲပွတ်တိုက်မှုတွေကို နှစ်ဖက်ထိပ်သီးခေါင်းဆောင်တွေအနေနဲ့  အခက်အခဲမရှိ ဖြေရှင်း ပြေလည်နိုင်မယ်လို့ ယုံကြည်ကြောင်း အမျိုးသားညီညွတ်အစိုးရ (NUG) က မတ်လ ၁၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ 
Read More

ရေစကြိုမြို့နယ်မှာ စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၈ ရက်ကြာ တိုက်ပွဲဖြစ်ပွားမှုအပြီး Myingyan Black Tiger တပ်ဖွဲ့ ဌာနချုပ်တပ်စခန်း ဆုံးရှုံးခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ၈ ရက်ကြာ တိုက်ပွဲဖြစ်ပွားမှုအပြီး Myingyan Black Tiger တပ်ဖွဲ့ရဲ့ ဌာနချုပ်တပ်စခန်းကို ဆုံးရှုံးခဲ့ရတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖမ်းဆီးမှုကို ပြန်လည်ခုခံသည့် ပျူခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်အပိုင်၊ ခွေးရဲချင်ရုပ်ကုန်းကျေးရွာက ပျူစောထီးခေါင်းဆောင်ဟာ ဖမ်းဆီးခံရချိန် ပြန်လည်ခုခံခဲ့တဲ့အတွက် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

ရေးမြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူအပါဝင် စစ်သား ၁၂ ယောက်သေကာ တော်လှန်ရေးရဲဘော် ၂ ယောက် ကျဆုံးခဲ့…

မွန်ပြည်နယ်၊ ရေးမြို့မြောက်ပိုင်း၊ စံပြကျေးရွာထိပ်က စစ်ကောင်စီကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီရဲ့ မော့ကနင်အခြေစိုက် ခမရ ၅၈၈ တပ်က ဗိုလ်ကြီး လှိုင်မြင့်ထွန်းအပါဝင် ၁၂ ယောက်သေဆုံးခဲ့တယ်လို့ ရေးအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က​ မောင်းသတင်းဌာနကို ပြောပါတယ်။