အင်အားပြင်းငလျင်ဒဏ် ခံစားခဲ့ရတဲ့ ပြည်သူတွေကို စစ်ကောင်စီက လူသားဆန်မှုမရှိသလို ကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါ ဖိနှိပ်ကန့်သတ်နေတာကြောင့် မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာတော့မယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးခဲ့တဲ့ အိန္ဒိယနိုင်ငံသား စေတနာ့ဝန်ထမ်း Kiran Verma က သူ့ရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

“အပျက်အစီးတွေကြားထဲမှာ မြန်မာပြည်သူတွေကို ထားရစ်ခဲ့ရပြီး ကြေကွဲဝမ်းနည်းမှုများစွာနဲ့အတူ အိန္ဒိယကို ပြန်ရမှာဖြစ်လို့ စိတ်မကောင်းဖြစ်ရပါတယ် ” လို့ Kiran Verma က ဆိုပါတယ်။

ဒါ့အပြင် အဆိုပါ စေတနာ့ဝန်ထမ်းက မြန်မာစစ်တပ်ရဲ့ သေနတ်ပြောင်းဝရှေ့မှာ ကူညီကယ်ဆယ်နေရတဲ့ အခြေအနေနဲ့ အကူအညီမဲ့နေတဲ့ ပြည်သူတွေကို မကြည့်ရက်တော့သလို အပျက်စီးပုံတွေအောက်မှာ သေဆုံးနေတဲ့ အလောင်းတွေကို ထားခဲ့ရတဲ့အတွက်များစွာ စိတ်မကောင်းဖြစ်မိလို့ မြန်မာပြည်သူတွေကို တောင်းပန်ကြောင်းလည်း ရေးသားထားပါတယ်။

Kiran Verma အနေနဲ့ ငလျင်ဒဏ်အထိခိုက်ဆုံးဒေသဖြစ်တဲ့ စစ်ကိုင်းဘက်ကို သွားရောက်ချင်ပေမယ့် အကြောင်းပြချက်မရှိဘဲ မန္တလေးမှာတင် အတားဆီးခံခဲ့ရပြီး မန္တလေးမှာ လုပ်ဆောင်ခဲ့ရတာကလည်း လူအနည်းငယ်ကိုသာ အစားအစာ ဝေမျှခဲ့ရတယ်လို့ ဆိုပါတယ်။

ငလျင်ကြောင့် မြန်မာပြည်သူတွေ ဒုက္ခပင်လယ်ဝေနေချိန် မြန်မာစစ်တပ်ရဲ့ လူသားချင်းစာနာမှုနဲ့ ကိုယ်ချင်းစာတရားကို မျှော်လင့်ထားခဲ့ပေမယ့် ဖြစ်မလာဘူးလို့ Kiran Verma က ဆိုပါတယ်။

“ဒီစာကိုဖတ်နေတဲ့သူတစ်ယောက်ယောက်က ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်မယ်ဆိုရင် ငလျင်ဒဏ်အဓိက ခံခဲ့ရတဲ့ စစ်ကိုင်း၊ နေပြည်တော်၊ ပဲခူး၊ မကွေးနဲ့ ရှမ်းပြည်နယ်တွေကို သွားရောက်စေလိုပါတယ်” လို့လည်း Kiran Verma က အကြံပြုထားပါတယ်။

ငလျင်ဖြစ်ပြီးနောက် အိန္ဒိယ ကယ်ဆယ်ရေးသမား Kiran Verma အနေနဲ့ မြန်မာနိုင်ငံကို မတ်လ ၃၁ ရက်မှာ ရောက်ရှိခဲ့ပြီး ကူညီကယ်ဆယ်ရေးကို ဧပြီလ ၃ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီးနောက် မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် အိန္ဒိယနိုင်ငံကို ပြန်သွားရတာဖြစ်တယ်လို့ ဆိုပါတယ်။

Kiran Verma ဟာ အိန္ဒိယနိုင်ငံမှာ Simply Blood ဆိုသည့် အကျိုးအမြတ်မယူဘဲ သွေးလှူဒါန်း ဝန်ဆောင်မှု ကူညီပေးနေတဲ့အဖွဲ့ရဲ့ တည်ထောင်သူဖြစ်ပြီး အခြေခံ လူတန်းစားတွေအတွက် တန်ဖိုးနည်း စားသောက်ဆိုင်တစ်ခုကို ဦးဆောင်ဖွင့်လှစ်ပေးထားသူလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာ့အရေး အကြမ်းဖက်မှုတွေရပ်ပြီး တွေ့ဆုံဆွေးနွေးဖို့ ပုပ်ရဟန်းမင်းကြီးတောင်းဆို

မြန်မာ့အရေး ငြိမ်းချမ်းရေးရရှိဖို့ တွေ့ဆုံဆွေးနွေးရေးနဲ့ အားလုံးအကျုံးဝင်ပါဝင်ရေးတို့ လိုအပ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က နိုဝင်ဘာ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။
Read More

တရုတ်လက်ထောက်လုံခြုံရေးဝန်ကြီးနှင့် စစ်ကောင်စီ ကျားဖြန့်ငွေလိမ်ဂိုဏ်း နှိမ်နင်းရေး နေပြည်တော်မှာ ဆွေးနွေး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရသည့် တရုတ်နိုင်ငံသား အယောက် ၂၀၀ ကို ပြန်လွှဲဖို့ စီစဉ်နေ

တရုတ်ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီးနဲ့ စစ်ကောင်စီဝန်ကြီးတွေ နေပြည်တော်မှာ တွေ့ဆုံပြီး ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေး ဆွေးနွေးခဲ့တယ်လို့ အကြမ်းဖက်စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
Read More

မြန်မာပြည်သူများ၏ တော်လှန်ရေးအပေါ် ဝင်ရောက်စွက်ဖက်နေသည့် တရုတ်အစိုးရအား ဆန်ဖရန်စစ္စကို တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒပြ

“China! Get out of Our Country, Burma” မြန်မာ့အချုပ်အခြာကို ထိပါးလာသော တရုတ်ကွန်မြူနစ်အစိုးရအား နည်းမျိုးစုံနဲ့ မောင်းထုတ်ကြခေါင်းစဉ်နဲ့ ဆန္ဒပြပွဲကို Free Burma Action Committee - Northern California က ဦးဆောင်ပြီး အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စ္စကိုမြို့က တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
Read More

ဩစတေးလျနှင့် တောင်ကိုရီးယားတွင် ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အကြို လူထုလှုပ်ရှားမှုများ ပြုလုပ်

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့နဲ့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ မကြာခင် ကျရောက်တော့မယ့် ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုကို ပြည်ပရောက်မြန်မာတွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အနောက်အုပ်စုအကူအညီများ လျှော့ချခြင်းက အရှေ့တောင်အာရှအတွင်း တရုတ်လွှမ်းမိုးမှုကို တိုးလာစေ

ထရမ့်အစိုးရနဲ့ အခြားအနောက်နိုင်ငံက အလှူရှင်တွေရဲ့ အကူအညီတွေ လျှော့ချလိုက်ခြင်းဟာ အရှေ့တောင်အာရှ ဖွံ့ဖြိုးတိုးတက်မှုအပေါ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို မြင့်တက်လာစေကြောင်း ဩဇတေးလျ ဉာဏအဖွဲ့အစည်းတစ်ခုက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
Read More

ငလျင်ဒဏ်သင့် ပြည်သူများ ကူညီကယ်ဆယ်ရေးအတွက် ဗီယက်နမ် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ရောက်ရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ဘေးသင့် မြန်မာပြည်သူတွေ ကူညီကယ်ဆယ်မှု ပြုလုပ်ဖို့အတွက် ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနဲ့ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ မြန်မာနိုင်ငံကို ရောက်ရှိနေပြီလို့ ဗီယက်နမ် လေကြောင်းလိုင်း Vietjet က ထုတ်ပြန်ထားပါတယ်။