မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကျောက်ပြင်ကန်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်း ဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ People’s Democratic Army ထံက သိရပါတယ်။

ဧပြီ ၁ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ကျောက်ပြင်ကန်ကျေးရွာကို အင်အား ၂၀၀ ခန့်နဲ့  ၆၀ မမ လက်နက်ကြီး ပစ်ခတ်တာ၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ပြီး စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မီးရှို့မှုအတွင်း နေအိမ် ၁၂ လုံး ပျက်စီးခဲ့ရပြီး ကျေးရွာအတွင်း တန်ဖိုးရှိပစ္စည်းတွေကို ဖောက်ထွင်း ခိုးယူသွားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

CNO/CNDF အမှတ် (၁) ခြေလျင်တပ်ရင်း အကြပ်လောင်းသင်တန်းဆင်းပွဲ ကျင်းပပြုလုပ် (ရုပ်/သံ)

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့ အမှတ် (၁) ခြေလျင်တပ်ရင်း အကြပ်လောင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာနောက်ဆုံးပတ်မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ Chin National Organization က မနေ့က ထုတ်ပြန်ပါတယ်။
Read More

BGF နှင့် စစ်တပ် ရွှေကုက္ကိုလ်တွင် ကျားဖြန့်များကို ခွင့်ပြုထားပြီးမှ ဖိအားများကြောင့် ပြန်လည်စီးနင်း၊ နိုင်ငံခြားသား ၃၄၆ ဦး ဖမ်းမိ (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်မှာ စစ်တပ်နဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တို့ ပူးပေါင်းပြီး ကျားဖြန့်လုပ်ကိုင်သူတွေကို ဝင်ရောက်ဖမ်းဆီးရာမှာ နိုင်ငံခြားသား ၃၄၆ ယောက်ကို ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ အမေရိကန်က မြန်မာအပါအဝင် အရှေ့တောင်အာရှက ကျားဖြန့်တွေကို နှိမ်နင်းဖို့ အထူးအဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာခဲ့သလို တရုတ်ရဲ့ မဲခေါင်မြစ်ဝှမ်း နိုင်ငံ ၆ခုပါ ကျားဖြန့်နှိမ်နင်းရေး ဖွဲ့စည်းမှုအပြီး အာဏာသိမ်းစစ်တပ်နဲ့ BGF တို့က အခုလို စီးနင်းမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
Read More

မတရားစစ်မှုထမ်းခြင်းဟာ အခြေခံလူတန်းစားတွေကို ဦးတည်နေ၊ စစ်ကောင်စီအတွက် အသေမခံဘဲ တော်လှန်ရေးမှာ ပူးပေါင်းကြဖို့ Jusitce Soldier PDF ခေါင်းဆောင် ကိုဇွဲ တိုက်တွန်း (ရုပ်/သံ)

စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် စစ်သားစုဆောင်းခဲ့ရာ အပတ်စဉ် (၁၅) အထိ ရောက်ရှိလာပြီဖြစ်ပြီး အပတ်စဉ်တစ်ခုမှာ လူငါးထောင်နှုန်းဆိုရင် အင်အား ၇၅၀၀၀ အထိ ရှိလာပြီဖြစ်ပါတယ်။ 
Read More

လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ချေမှုန်းရာ အရာရှိအပါ ၁၀ ယောက်ထက်မနည်း သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း အောက်တိုဘာ ၁၂ ရက်ကစတင်ပြီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  - LLPDF ထံက သိရပါတယ်။
Read More

ဖားဆောင်း မော်ချီးဒေသတွင် စစ်ကော်မရှင် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၂၄ ဦးအထိ သေဆုံးခဲ့ရ (ရုပ်/သံ)

ကရင်နီပြည် ဖား‌ဆောင်းမြို့နယ် မော်ချီးဒေသကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်မှုအတွင်း အရပ်သားပြည်သူ ၂၄ ယောက်ထိ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းမကြီးတွင် ကင်းပုန်းဝပ်ဖို့လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၄ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးမှာ ကင်းပုန်းဝပ်ဖို့ ဆိုင်ကယ် ၂ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံးခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။