မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက မတ်လ ၃၁ရက်နေ့ကစပြီး စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုဇီးက မောင်းကိုပြောပါတယ်။

မကွေးအခြေစိုက် တပ်မ ၈၈ နဲ့ ပြည်သူ့စစ်တွေပါဝင်တဲ့ အကြမ်းဖက်စစ်ကြောင်းဟာ အင်အားအလုံးအရင်းသုံး၊ စစ်​ကြောင်း၂ခုခွဲရင်း ညောင်ဦးမြို့နယ်ကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာဖြစ်ပြီး တပ်မ၊ မီးလောင်ပြားနဲ့ ကျောက်ပြင်ကန် ရွာတွေကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

“စကစ ဘက်ကတော့ ဘယ်လိုပဲ ထိုးစစ်ရပ်နားတယ် ပြောပြော လက်တွေ့ မှာတော့ စစ်ကြောင်းထိုးမြဲ ထိုးနေဆဲပါ။ မီးရှို့နေဆဲပါ။ အင်အားက စစ်ကြောင်း ၂ခုပေါင်း ၂၅၀ နဲ့ ၃၀၀ကြားရှိတယ်။ ညောင်ဦး -ချောက်ကားလမ်း၊  ဂန့်ဂါရွာဘက်ကရယ်၊ ညောင်ဦး- ကျောက်ပန်တောင်းလမ်း တပ်မ၊ ရေနံမှော် ဘက်ကရယ်ပါ။ အခုက အကုန်လုံး စစ်ဘေး ရှောင်နေရတာဆိုတော့ မီးလောင်တဲ့အိမ်စာရင်းတွေလည်း မသိရသေးပါဘူး” လို့ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုဇီးက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ ပုဂံညောင်ဦး တောင်ဘက်က မြေသန့်တောင်၊  နတ်ပ္ပလင်၊ ဂန့်ဂေါနဲ့ ကြအို ရွာတွေထဲ ဝင်ရောက်တပ်စွဲရင်း အရပ်သားတွေဆီက ဖုန်းသိမ်းစစ်ဆေးတာတွေ လုပ်ဆောင်သလို ဆိုင်ကယ်​တွေကိုလည်း ခိုးယူသွားကြောင်း Yan Gyi Aung – People Defense Force -Bagan Nyaung Oo အဖွဲ့က ထုတ်ပြန်ပါတယ်။ 

ဧပြီလ ၃ရက်၊ ဒီနေ့ နေ့လည်ပိုင်းမှာလည်း ကြအိုရွာအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တချို့ဟာညောင်ဦးမြို့နယ်ဆီ ကားတွေနဲ့ပြန်လည်ထွက်ခွာရာမှာ လမ်းကြောင်းတစ်လျှောက်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်သွားကြောင်းသိရပါတယ်။

“ဒီနေ့ ၃နာရီလောက်မှာ ကြအိုရွာက စစ်ခွေးတချို့ကားတွေနဲ့ ညောင်ဦးဖက် ထွက်တာ လမ်းကြောင်းတလျှောက်ကရွာတွေကို ပွိုင့်5တွေ၊ လက်နက်ငယ်တွေနဲ့ တရစပ် ပစ်ခတ်သွားပါတယ်။ အဲ့ဒါ မြေသန့်တောင် ၊ မအူပင် အပါအဝင် လမ်းဘေးအိမ်တွေအားလုံးနီးပါး ကျည်ထိမှန်ပါတယ်။ ပြည်သူတွေထိခိုက်မှု ရှိမရှိကိုတော့ မသိရသေးပါဘူး။ ​” လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုဇီးက ပြောပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ငလျင်ထူထောင်ရေးအတွက် ဧပြီလ ၂ရက်နေ့ကနေ ဧပြီလ ၂၂ရက်နေ့အထိ ရက် ၂၀ကြာ အပစ်ခတ်ရပ်စဲကြောင်း ကြေညာထားပေမယ့် လက်တွေ့မှာတော့ နိုင်ငံနဲ့တစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ကြောင်းထိုးမီးရှို့မှုတွေကို ဆက်လက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့က ညောင်ဦးမြို့နယ်၊ ကျောက်ပြင်ကန်ရွာကို စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခဲ့စဥ် (ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

မွန်ပြည်သူတွေအားလုံး တော်လှန်ရေးမှာ ပါဝင်ကြဖို့ မွန်တော်လှန်ရေးအဖွဲ့များ တောင်းဆို

ဒီနေ့ ဖေဖော်ဝါရီလ ၁၃ ရက်မှာ ကျရောက်တဲ့ မွန်အမျိုးသားနေ့မှာ မွန်ပြည်သူတွေအားလုံး တော်လှန်ရေးထဲ အမျိုးသားရေးတာဝန်သိစိတ်နဲ့ ကိုယ်စီပါဝင်ကြဖို့  မွန်တော်လှန်ရေးအဖွဲ့တွေက အသီးသီးထုတ်ပြန်လာပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၁၉) ၏ (၄) နှစ်ပြည့်အခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၁၉) ရဲ့ လေးနှစ်ပြည့် အခမ်းအနားကို ဇူလိုင်လ (၂၇) ရက်က ကရင်နီပြည် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲမှ စစ်ကြောင်းပျက်ပြီး ပြေးလာသည့် ဒုတပ်ကြပ် ၁ ဦးနှင့် စစ်မှုထမ်း တပ်သားသစ် ၂ ဦးကို လက်နက် ၃ လက်နှင့်အတူ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲကနေ စစ်ကြောင်းပျက်ပြီး ထွက်ပြေးလာတဲ့ ဒုတပ်ကြပ် ၁ ယောက်နဲ့ စစ်မှုထမ်း တပ်သားသစ် ၂ ယောက်ကို လက်နက် ၃ လက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ယင်းမာပင်မြို့နယ် ပကဖ (ULF စစ်ကြောင်း) က ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုတောင်ခမ်းက လက်ကျန်တပ်ရင်း (၂) ခုကို TNLA ကဆက်လက်ထိုးစစ်ဆင်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်း ဒေသအနီး စစ်ကောင်စီ​ရဲ့ လက်ကျန်တပ်ရင်းနှစ်ခုကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ နှစ်ဖက်ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွါးလျက်ရှိတယ်လို့ TNLA က အသိပေး ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၄ ယောက် ဒဏ်ရာရ၊ နေအိမ် ၅ လုံး ထိခိုက်ပျက်စီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၄ ယောက် ဒဏ်ရာရပြီး နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာ့ပင်လယ်ပြင် ရေပိုင်နက်ထဲဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေများကို ဘင်္ဂလားဒေ့ရှ်ထံ AA က ပြန်လည်လွှဲပြောင်း

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ မြန်မာ့ပင်လယ်ပြင် ရေပိုင်နက်ထဲ ဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေ ၁၅ စီးကို ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေထံ ပြန်လည် လွှဲပြောင်းပေးခဲ့တယ်လို့ အာရက္ခတပ်တော် AA က မနေ့က နိုဝင်ဘာ ၂၀ မှာ ထုတ်ပြန်ပါတယ်။