စစ်ကိုင်းမြို့ကို ဦးတည်လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ စာဖြေသံဃာတော် ၁ ပါးနဲ့ အဘွားအို၁ယောက် အပါအဝင် အရပ်သား ၁၁ ယောက် သေဆုံးခဲ့တယ်လို့သိရပါတယ်။

မတ်လ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အား ၇​.၇ ရစ်ချ်တာစကေးအဆင့်ရှိ ငလျင်ဒဏ်ကြောင့် ကျောက်တံခါးမြို့နယ်အတွင်း အရပ်သား ထိခိုက်သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အလောင်းမရဘဲ ပျောက်ဆုံးနေသူ ၇ယောက်ရှိတယ်လို့လည်း ပဲခူးခရိုင် ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ငလျင်ဒဏ်ကြောင့် ပဲနွယ်ကုန်းဒေသ၊ မြို့မရပ်ကွက်နေ အဘွားအို ၁ယောက်နဲ့အတူ ဘိုးပိုက်ဆံ ၃ ရပ်ကွက်က အမျိုးသား၁ယောက်၊ မန္တလေးအထိ စာဝါသွားရောက်ဖြေဆိုနေတဲ့ ကျောက်တံခါးဒေသနေ သံဃာတော် ၁ပါးတို့ ထိခိုက်သေဆုံးခဲ့ကြောင်းသိရပါတယ်။

ဒါ့အပြင် ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ဆည်အတွင်း ငါးရှာ၊  သစ်ရှာလုပ်နေကြတဲ့ အရပ်သား၈ယောက်လည်း ငလျင်လှုပ်ခတ်ချိန် ရေထဲမျောပါသေဆုံးခဲ့ပြီး ၁ယောက်သာ အလောင်းပြန်ရခဲ့ကြောင်း သိရပါတယ်။

“ဆုံးတဲ့သူတွေထဲ သံချောင်းအရှည်နဲ့ ထိုးမိတဲ့ တစ်ယောက်ပဲ ဆေးရုံရောက်မှ ဆုံးတာပါ။ ကျန်တာတွေက ချက်ချင်းဆုံးပါတယ်။ ဆည်ထဲ ရေနစ်ဆုံးတဲ့ ၈ယောက်ကလည်း တစ်လောင်းပဲရတယ်။ ဒီနေ့အထိလည်း ရသံ မကြားသေးဘူး။ ပြီးတော့ ဖုန်းလိုင်းတွေလည်း မကောင်းဘူး။” လို့ ပဲခူးခရိုင် ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အထက်ပါ ဆည်ပတ်ဝန်းကျင်ဟာ စစ်ကောင်စီတပ် စိုးမိုးရာဖြစ်ပေမယ့် ကူညီကယ်ဆယ်ရေးတွေ မရှိတာကြောင့် ကျန်ရစ်သူမိသားစုဝင်တွေကပဲ ကျန်တဲ့အလောင်းတွေကို ဦးဆောင်ရှာဖွေနေရတယ်လို့သိရပါတယ်။

လက်ရှိမှာ ကျောက်တံခါးမြို့နယ်အတွင်းက ကျေးရွာတွေမှာ နေအိမ်အဆောက်အဦးတွေနဲ့ လမ်းပိုင်းတွေ ထိခိုက်ပျက်စီးသွားခဲ့ပြီး သောက်သုံးရေရရှိနေတဲ့ ရေတွင်းရေကန်တွေထဲ သဲတွေ ဝင်ရောက်ကုန်တာကြောင့် ရေအခက်အခဲဖြစ်ပေါ်နေကြောင်း ကျောက်တံခါးမြို့နယ် ပကဖ က ထုတ်ပြန်ထားပါသေးတယ်။

ငလျင်လှုပ်ခတ်အပြီး ကျောက်တံခါး၊  ရဲနွယ်ဆည် ​ပတ်ဝန်းကျင်မြင်ကွင်း (ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

ပအိုဝ်းတိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုနှင့် ရဲစွမ်းသတ္တိများက ဖက်ဒရယ်နိုင်ငံတည်ဆောင်ရန် အထောက်အပံ့အင်အား ဖြစ်ကြောင်း CRPH သဝဏ်လွှာ ပေးပို့ 

ပအိုဝ်းတိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ ရဲစွမ်းသတ္တိတွေဟာ မြန်မာနိုင်ငံရဲ့  ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမှာ အရေးပါတဲ့ အထောက်အပံ့အင်အား ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီနေ့ကျရောက်တဲ့ (၇၆) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို သဝဏ်လွှာပေးပို့လိုက်ပါတယ်။ 
Read More

စင်ပေါ်တွင် လိင်ကိစ္စ ညစ်ညမ်းရိုင်းစိုင်းစွာ ပြောဆိုခဲ့သည့် ရက်ပ် အဆိုတော် ဖမ်းခံရဟု သတင်းထွက်

ပရိသတ်ကို ဖျော်ဖြေရင်း စင်ပေါ်မှာ ညစ်ညစ်ညမ်းညမ်း ပြောဆို ဆဲဆိုခဲ့တဲ့ Wink Owens ဂီတအဖွဲ့က ရက်ပ် အဆိုတော်ကို စစ်ကော်မရှင်က ဖမ်းဆီးလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Read More

ဘုတလင်မှာ စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးနီးပါး ချေမှုန်းနိုင်ခဲ့တဲ့ တိုက်ပွဲက ပြန်လာတဲ့ ရဲဘော်တွေကို ပြည်သူလူထုက ကြိုဆို

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာက စစ်ကောင်စီတပ် အခြေချစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းပြီး ပြန်လာတဲ့ ရဲဘော်တွေကို ပြည်သူလူထုက ကြိုဆိုခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) က ထုတ်ပြန်ပါတယ်။
Read More

ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်သားဖြစ်လာသူ ၂ ဦး အလင်းဝင်ရောက်လာနိုင်ဖို့ Burma Revolution Rangers အဖွဲ့ သွားရောက်ခေါ်ဆောင်

အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါ်တာဆွဲဖမ်းဆီးခြင်းခံရပြီး စစ်ကောင်စီတပ်သားဖြစ်လာသူ ၂ ယောက်ကို အလင်းဝင်ရောက်နိုင်ဖို့ သွားရောက်ခေါ်ဆောင်ပေးခဲ့ကြောင်း Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။
Read More

ရခိုင်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းပေးထားသူများအနက် ထက်ဝက်ကျော် ပျက်ကွက်၊ မြို့နယ် ၃ ခုတွင်သာ စစ်ကောင်စီ စာမေးပွဲကျင်းပနိုင်

ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၃ ခုမှာသာ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနိုင်ပြီး ဖြေဆိုသူဖို့ရှိတဲ့ လူဦးရေထက် ထက်ဝက်ကျော် ပျက်ကွက်ခဲ့တယ်လို့  အာဏာသိမ်းစစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ကျုံဒိုးတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားအမျိုးသမီး (၁) ဦး နှလုံးဖောက်သေဆုံး…

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၁ ယောက် နှလုံးဖောက်သေဆုံးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။