တနင်္သာရီတိုင်း၊ ပုလောမြို့ရှိ စစ်ကောင်စီခန့် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို သူ့ရဲ့နေအိမ်မှာပဲ ပစ်ခတ်ရှင်းလင်းရာ သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ က ဒီနေ့ ထုတ်ပြန်ပါတယ်။

မတ်လ ၃၁ ရက် မနေ့က မနက်ပိုင်းမှာ ပုလောမြို့၊ ရပ်ကွက် ၄ အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်းဆိုသူကို မြိတ်ခရိုင် တပ်ရင်း ၁ နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၇ မဟာမိတ်ပူးပေါင်းအဖွဲ့က သူ့ရဲ့နေအိမ်မှာပဲ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ခင်မောင်ဝင်းဆိုသူဟာ လူငယ်တွေ စစ်မှုထမ်းဖို့ အတင်းအကြပ် ခိုင်းစေတာတွေ လုပ်ဆောင်နေသလို ပြည်သူတွေကို ခြိမ်းခြောက်ငွေညှစ်တာတွေပါ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ကြေညာချက်

တော်လှန်ရေးပူးပေါင်းတပ်တွေက ခင်မောင်ဝင်းဆိုသူရဲ့ လုပ်ရပ်တွေ ရပ်တန့်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် ပူးပေါင်းလိုက်နာမှု မရှိတာကြောင့် အခုလို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

ပုလောမြို့နယ်အတွင်းက ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကြပ် ဖိအားပေးတာ၊ စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ခြိမ်းခြောက်တာ၊ နိုင့်ထက်စီးနင်း ပြုလုပ်တာတွေ လုပ်ဆောင်ရင် ရပ်ကွက် ၄ အုပ်ချုပ်ရေးမှူးလို ပစ်ခတ်ရှင်းလင်းခံရမယ်လို့ မြိတ်ခရိုင် တပ်ရင်း ၁ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နမခကို ရော့ကတ်များဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့မှုတွင် အရာရှိ ၃ ဦးနှင့် စစ်သား ၅ ဦး ပွဲချင်းပြီး သေ၊ ၇ ဦး အပြင်းအထန် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို ရော့ကတ်တွေနဲ့ နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်မှုမှာ အရာရှိတွေ အပါအဝင် အကြမ်းဖက်စစ်သား (၈) ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူတွေလည်း ရှိခဲ့တယ်လို့ Chindwin Rocket Brothers-CRB အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီက MNDAA ထိန်းချုပ်ထားတဲ့မြို့တွေကို ၃ လအတွင်း ၂၅ ကြိမ် လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၃၀ ကျော်သေဆုံးခဲ့ရ

ရှမ်းမြောက်ဒေသက MNDAA ထိန်းချုပ်သိမ်းပိုက်ထားတဲ့ မြို့တွေကို စစ်ကောင်စီက ၃ လ အတွင်း လေကြောင်းကနေ ၂၅ ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ ၃၀ ကျော်သေဆုံးခဲ့ရကြောင်း MNDAA က အသိပေး ထုတ်ပြန်ပါတယ်။
Read More

တရုတ်ကြက်ခြေနီယာဉ်တန်းကို သေနတ်ဖြင့် ပစ်ခတ်တားဆီးခဲ့မိကြောင်း စစ်ကောင်စီ ပြန်ကြားရေး ဇော်မင်းထွန်း ဝန်ခံ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ တရုတ်ကြက်ခြေနီယာဉ်တန်းကို သေနတ်မိုးပေါ်ထောင်ကာ ပစ်ခတ် တားဆီးခဲ့ရတယ်လို့ အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ဒီနေ့မှာ ဝန်ခံပြောဆိုလိုက်ပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၏ အပတ်စဉ် (၇) အခြေခံစစ်သင်တန်းကာလ ပုံရိပ်များ (ဓာတ်ပုံသတင်း)

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ပြုလုပ်ခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း သင်တန်း အပတ်စဉ် (၇) ရဲ့ စစ်သင်တန်းကာလပုံရိပ်တွေကို အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပွင့်ဖြူတွင် စစ်ရှောင်ပြည်သူများ ပြန်လည်နေထိုင်ရန် PDF များ နယ်မြေရှင်းလင်းရေး ပြုလုပ်ပေးခဲ့

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးပြီး ပြန်လည်ဆုတ်ခွာသွားချိန် စစ်ရှောင်ပြည်သူတွေ ပြန်လည်နေထိုင်နိုင်ရေးအတွက် နယ်မြေရှင်းလင်းရေး ပြုလုပ်ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) က တန်ဆောင်မုန်းလပြည့်နေ့မှာ လုံခြုံရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့…

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) က တန်ဆောင်မုန်းလပြည့်နေ့ မနေ့က လုံခြုံရေးဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။