ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ ယနေ့ဧပြီ ၁ ရက် နံနက်ပိုင်းက ငလျင်ဘေးအတွက် အလှူခံ နေတဲ့ MNDAA တပ်ဖွဲ့နဲ့ TNLA တပ်ဖွဲ့တွေ ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ကွတ်ခိုင်မြို့မစျေးတစ်နေရာမှာ MNDAA ကအလှူခံမဏ္ဍပ်ဖွင့်ပြီး အလှူငွေကောက်ခံနေစဉ် TNLA တပ်ဖွဲ့တွေက လာရောက်တားဆီးရာမှာ နှစ်ဘက်ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ သိရပါ တယ်။

TNLA ရဲ့ သတင်းထုတ်ပြန်ချက်အရ ပြည်ထောင်စုကားလမ်းမကြီးမှာ ယာဉ်များကို ရပ်တန့်စေပြီး အလှူငွေကောက်ခံနေတဲ့ မဟာမိတ်ကိုးကန့်တပ်ဖွဲ့ (MNDAA) ကို တအောင်ပြည်ရဲတပ်ဖွဲ့ယာဉ်ထိန်းဌာနတာဝန်ရှိသူမှ လူကြီးခရီးစဉ်ရှိတဲ့အတွက် ခေတ္တလမ်းဖွင့်ပေးဖို့ သွားရောက်ညှိနှိုင်းခဲ့တာဖြစ် တယ်လို့ ဖော်ပြထားပါတယ်။ 

ဘာသာစကားမပေါက်ခဲ့တဲ့အတွက် နှစ်ဖက်တပ်ဖွဲ့အငြင်းအခုံဖြစ်ပွားခဲ့ပြီးနောက် တာဝန်ရှိသူများ ညှိနှိုင်းဖြေရှင်းခဲ့ရာမှ ပြေလည်မှုရရှိခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ် ၁၀၀၉ အပတ်စဉ် ၈ အခြေခံစစ်ပညာသင်တန်း ကျင်းပပြီးစီး (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ် ၁၀၀၉ အပတ်စဉ် ၈ အခြေခံစစ်ပညာသင်တန်းကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး သင်တန်းဆင်းပွဲမှတ်တမ်းဗီဒီယိုဖိုင်ကို နိုဝင်ဘာ ၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း ကျေးရွာများ မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဗိုလ်အပါအဝင် ၄ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ Revolutionary Air Force – RAF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ် ဆုံရွာပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆုံရွာပျူစခန်းကို အောက်တိုဘာ ၁ ရက် နေ့လယ်ပိုင်းက ဒရုန်းတွေနဲ့ 1KG ဗုံးသီး ၃၁ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TGYR-Youth Guerrilla Counter Revolution-NZ အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်တွင် တောင်ကမ်းပါးပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူ ၁ ယောက် ပြုတ်ကျဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာရွာမှာ တောင်ကမ်းပါးပြိုကျပြီး ရေမဆေးကျောက်ရှာဖွေ သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မဲပလီဗျူဟာစခန်းသိမ်း တိုက်ပွဲမှတ်တမ်း BPLA ထုတ်ပြန် (ရုပ်/သံ)

KNU တပ်မဟာ(၁)နယ်မြေက စစ်ကောင်စီအခြေစိုက် မဲပလီဗျူဟာစခန်းကို ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ နေ့လယ်(၁၁)နာရီအချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဒီနေ့ဖေဖော်ဝါရီလ ၂ရက်နေ့မှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပခုက္ကူခရိုင်အတွင်း ထိရောက်တဲ့ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနိုင်ဖို့ “ဧရာအနောက်မြို့တော်သို့” သိန်း ၁၅၀၀ ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း အခြေစိုက်တဲ့ တပ်ဖွဲ့ ၅ ခုကို ထောက်ပံ့ပြီး ထိရောက်တဲ့ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ “ဧရာအနောက်မြို့တော်သို့” သိန်း ၁၅၀၀ ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။