စစ်ကိုင်းမြို့နယ်ကို အခြေပြုကာ မတ်လ (၂၈)ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဒီနေ့အချိန်ထိ သေဆုံးသူ (၂၃၉၅) ယောက်ရှိပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဧပြီ ၁ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ငလျင်ကြောင့် တိုက်ရိုက်ထိခိုက်ခံစားကြရတဲ့ လူဦးရေက စုစုပေါင်း (၈,၅၆၂,၅၅၅) ယောက် ခန့်ရှိတယ်လို့ ဆိုပါတယ်။

ငလျင်ဒဏ်သင့် ပြည်သူတွေကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်နိုင်ဖို့အတွက် NUG အစိုးရက ထိုးစစ်ဆင်တိုက်ခိုက်မှုအားလုံး မတ်လ ၃၀ ရက်ကနေ ဧပြီ ၁၂ ရက်အထိ နှစ်ပတ်ကြာ ရပ်ဆိုင်းမယ်လို့ ကြေညာထားပါတယ်။ 

လက်ရှိမှာလည်း တော်လှန်ရေးထိန်းချုပ်နယ်မြေအတွင်းက ငလျင်ဒဏ်သင့်ဒေသတွေကို PDF ၊ ပကဖနဲ့ ပလဖတွေက ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးဆောင်ပေးနေပါတယ်။

စစ်ကောင်စီဘက်ကတော့ မတ်လ ၃၁ရက်ကနေ အခု ဧပြီလ ၆ရက်အထိကို နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် သတ်မှတ်ကာ နိုင်ငံတော်အလံကို တစ်ဝက်လျှော့ချ လွှင့်ထူဖို့ ကြေညာထားပါတယ်။

ဒါပေမယ့် အင်အားပြင်းငလျင်ကြောင့် ပြည်သူတွေ ဒုက္ခရောက်နေချိန် အကြမ်းဖက်စစ်အုပ်စုက စစ်ကိုင်းတိုင်းက ချောင်းဦးမြို့နယ်၊ ကချင်ပြည်နယ်က ဗန်းမော်မြို့နယ်၊ ရှမ်းပြည်နယ်က နောင်ချိုမြို့နယ်၊ မကွေးတိုင်းက ပေါက်မြို့နယ်၊ ရခိုင်ပြည်နယ်က ကျောက်ဖြူမြို့နယ်၊ ပဲခူးတိုင်းက ဖြူးမြို့နယ်နဲ့ ကရင်ပြည်နယ်မှာ အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ်၊ ဉာဏ်တောနှင့် ရွှေသွန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ဉာဏ်တောနဲ့ ရွှေသွန်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် - TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးဒရုန်းတပ်ဖွဲ့တွေ နည်းပညာအကူအညီလိုအပ်ရင် ကူညီဖို့အသင့်ရှိကြောင်း Federal Wings ထုတ်ပြန်…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန - MOCIT ကနေ ချိတ်ဆက်ဆောင်ရွက်ခဲ့တဲ့ တော်လှန်ရေးဒရုန်းတွေ နည်းပညာအကူအညီ လိုအပ်ရင် ကူညီပေးဖို့ အသင့်ရှိတယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဘောလခဲမှာ ရိက္ခာပို့တဲ့ စစ်ကြောင်းကို တိုက်ခိုက်၊ ၁၀ ယောက်ထက်မနည်း သေပြီး လက်နက် ၄ လက် သိမ်းဆည်း ရရှိ

ကယားပြည်နယ်၊ ဘောလခဲခရိုင်အတွင်းက အကြမ်းဖက်စစ်တပ်စခန်းကုန်းကို ရိက္ခာလာပို့တဲ့ စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၀ ယောက် သေပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၄ ဟာ တော်လှန်ရေးအင်အားစုတွေ သမိုင်းတလျှောက် ပူးပေါင်းဆောင်ရွက်မှု အားအကောင်းဆုံးနှစ် ဖြစ်ခဲ့၊ တော်လှန်ရေးအင်အားစုများ၏ ဘုံသဘောထားများကို လိုက်နာနိုင်ပါက စစ်ကောင်စီနှင့် ဆွေးနွေးမည်ဟု ဆို

၂၀၂၄ ခုနှစ်ဟာ တော်လှန်ရေး အင်အားစုတွေအကြား ယုံကြည်မှု၊ နားလည်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု သမိုင်းတလျှောက် အားအကောင်းဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။  
Read More

သီပေါမြို့က ခမရ-၅၀၃ နဲ့ ၅၀၄ တပ်စခန်းအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်တပ်မိသားစုဝင် (၁၉၁) ယောက်ကို TNLA ပြန်လွှတ်ပေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း (၅၀၃) နဲ့ (၅၀၄) စခန်းတို့ကို တအာင်းတပ်မတော် TNLA တိုက်ခိုက်သိမ်းပိုက်ချိန် ဖမ်းဆီးရမိထားတဲ့ တပ်မိသားစုဝင် (၁၉၁) ယောက်ကို အောက်တိုဘာလ ၁၂ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမြို့အတွင်း စစ်ကောင်စီတပ်က ပေါင်(၅၀၀)ဗုံးနဲ့ ပေါင်(၃၀၀)ဗုံးတွေကို လေကြောင်းကနေ ကြဲချခဲ့တာကြောင့် ဒေသခံ ၃ ယောက် ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA တိုက်ခိုက်သီမ်းပိုက်ကာ အုပ်ချုပ်နေတဲ့ နောင်ချိုမြို့နယ်အတွင်း အောက်တိုဘာလ ၁၉ ရက် ဒီနေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။