စစ်ကိုင်းကို အခြေပြုလှုတ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နေပြည်တော်က စစ်ရုံးချုပ် အဆောက်အဦးတွေ ၅၀ ရာခိုင်နှုန်း ပျက်စီးကုန်တယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းမှာ ပြင်းအား ၇.၇ အဆင့်ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့မှုကြောင့် နေပြည်တော် တပ်နယ်အတွင်း သေဆုံးသူ စုစုပေါင်း ၁၀၀ အထက်မှာ ရှိနေတယ်လို့ သိရပါတယ်။

ခမရ ၃၀၃ တပ်အတွင်းမှာလည်း သေဆုံးသူ ၆ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၂၇ ယောက်ရှိကာ ကိုယ်ရံတော်တပ်ဖြစ်တဲ့ ခမရ ၃၀၅ က လူနေအဆောက်အဦးအားလုံး ပြိုကျပျက်စီးကုန်တယ်လို့လည်း သိရပါတယ်။

နေပြည်တော်က စစ်ရုံးချုပ်ရဲ့ ၅၀ရာခိုင်နှုန်းဟာ ပျက်စီးကုန်တာကြောင့် မြေကြီးပေါ်မှာ အိပ်နေရတဲ့ အခြေအနေတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

“စစ်ရုံး ၅၀ ရာခိုင်နှုန်း ပြိုကျပျက်စီးမှုက သေချာပါတယ်။ ကျနော်ကိုယ်တိုင် စစ်ရုံးထဲမှာ တည်းလည်း တည်းခိုဖူးတယ်။ ညလည်းအိပ်ဖူးပါတယ်။ အုပ်ချုပ်မှူးလိုင်းခန်းတွေလည်း ပြိုပါတယ်။ အဆောင်သစ် မင်းအောင်လှိုင် ရုံးထိုင်တဲ့ အဆောက်အဦးပေါ့နော်။ ကာကွယ်ရေးရုံး အကြီးအကြီးကတော့ ပြိုချင်မှ ပြိုမယ်ပေါ့နော်။ ကျန်တဲ့ အဆောင်တွေကတော့ နဂိုထဲကိုက အက်ကြောင်းတွေထနေတာ။ ၈ခန်းတွဲ ၂ထပ် လိုင်းခန်းတွေဆိုလည်း အဲ့လိုပဲ ပြိုချင်စရာတွေကြီးပဲ။ သေချာပေါက်ကို ၅၀ ရာခိုင်နှုန်း ပတ်ချာလည်ကတော့ ပြိုပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။

အခုလို နေပြည်တော်က အဆောက်အဦးတွေ ပြိုကြရတဲ့ အကြောင်းအရင်းဟာ အရည်အသွေးမပြည့်မှီတဲ့ ဘိလပ်မြေတွေကို အသုံးပြုဆောက်လုပ်ထားတာကြောင့်လို့လည်း ဆိုပါတယ်။

စစ်တပ်ထဲမှာ ဆောက်လုပ်ရေးတပ်ရင်း ၄ ရင်းခု ရှိပြီး တပ်ရင်း ၁၊ ၂၊ ၃ က ကြည်း၊ ရေ၊ လေအတွင်း ခွဲထားပြီး နောက်ဆုံး နံပါတ် ၄ တပ်ရင်းကတော့ ကပစ စက်ရုံတွေနဲ့ သုတေသနစက်ရုံတွေကို တည်ဆောက်ရတဲ့ တပ်ရင်းဖြစ်တယ်လို့ သိရပါတယ်။

“တပ်ရင်း ၄ထဲကမှ ခွဲ ၆ ကတော့  မကွေးဘက်တကြောကို တာဝန်ယူထားရပြီး ကြည်းတပ်တွေ အတွက် ခွဲတမ်းရတဲ့ ဘိထပ်မြေတွေ၊ ဆောက်လုပ်ရေးအတွက် ခွဲတမ်းရတဲ့ ဘိလပ်မြေတွေကို မကွေး၊ နဂါးပွက်တောင်နားမှာ MWM ဆိုတဲ့ ခြံကြီးရှိတယ်။ အဲ့ခြံကြီးက ဦးမျိုးဝင်းနိုင်ဆိုတဲ့ တရုတ်နွယ်ဖွား လူကြီးတစ်ယောက်ပိုင်တာပေါ့နော်။ အဲ့သူက ဘိလပ်မြေဂိုထောင်တွေ ထားထားတာ၊ အဲ့မှာ မိုးရွာရင် နဂါးပွက်တောင်က အမှုန့်တွေက အဲ့ခြံထဲကို တိုက်ရိုက်စီးတာ။ ဘိလက်မြေကို အဲ့အမှုန့်တွေနဲ့‌ ရောပြီးထည့်ထားတာတွေ” လို့ ဗိုလ်ကြီးဇင်ယော်က ရှင်းပြပါတယ်။

ဒါ့အပြင် နေပြည်တော် သမ္မတအိမ်တော်က လှေကား၊ မျက်နှာကျက်တွေလည်း ပြိုကျပျက်စီးခဲ့သလို စစ်တပ်က လျှို့ဝှက်ဆောက်လုပ်နေတယ်လို့ သတင်းထွက်ပေါ်နေပြီး ကား ၂စီးခန့် သွားလာလို့ ရတယ်ဆိုတဲ့ လျှို့ဝှက်ဥမင်လှိုင်ခေါင်းကြီးလည်း ပြိုကျသွားတယ်လို့ သိရပါတယ်။

လျှို့ဝှက်ဥမင်လှိုင်ခေါင်းနဲ့ ပတ်သက်ပြီး မောင်းအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင် ကူမင်းကို အခုတစ်ပတ်ထဲ လာမယ်လို့ တရုတ်အစိုးရအတည်ပြု

တရုတ်ဝန်ကြီးချုပ် ဦးဆောင်မယ့် မဟာမဲခေါင်ဒေသခွဲ (GMS) ရဲ့ထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင်တက်ရောက်မယ့်အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က နိုဝင်ဘာ ၄ ရက်မှာ အတည်ပြုပြောဆိုပါတယ်။
Read More

ကလေးမြို့နယ်တောင်ပိုင်းက ဆေးရုံ ၂ ရုံကို စစ်တပ် ၂ ရက်အတွင်း ဗုံးကြဲတိုက်ခိုက်၊ ကျန်းမာရေးစေတနာ့ဝန်ထမ်း ၅ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ ဆေးရုံ ၂ ရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ နှစ်ရက်အတွင်း ဗုံးကြဲတိုက်ခိုက်ရာ ကျန်းမာရေးစေတနာ့ ဝန်ထမ်း ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ People's Healthcare Network (Kalay) က ထုတ်ပြန်ထားပါတယ်။
Read More

ဝေါလေလမ်းပိုင်းမှာရှိတဲ့ ရွှေအေးမြိုင် ဘုရားကုန်းက အကြမ်းဖက်စစ်တပ် ကာကင်းစခန်းက စစ်သား ၁၆ဦးလတ်နတ်ခဲယမ်းများနဲ့အတူ အလင်းဝင်ရောက်လာ

ကရင်ပြည်နယ်၊ ဝေါလေလမ်းပိုင်းမှာရှိတဲ့ ဥကရစ်ထစခန်းရဲ့ ကာကင်းကုန်းဖြစ်တဲ့ ရွှေအေးမြိုင်ဘုရားကုန်းစခန်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ်က ဗိုလ်ကြီးအဆင့်အပါအဝင် စခန်းတခုလုံးက စစ်သားတွေ KTLA စစ်ကြောင်းဆီကို လက်နတ်ချအလင်းဝင်ရောက်ခဲ့တယ်လို့ KTLA တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ကော့ကရိတ်မြို့နယ်တွင်းက စစ်ကောင်စီ၏ တပ်စခန်းငယ်တစ်ခုကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ တပ်စခန်းငယ်တစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင်ပြည်နယ်တွင်းက ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စစ်တပ်ကြောင့် ပြည်ပထွက်ပြေးနေရသည့် မြန်မာလုပ်သားများကို လိုက်လံ ကာကွယ်ပေးဦးမည်ဟု ခင်ရီ ပြော

အကြမ်းဖက်စစ်တပ် အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံသား အများအပြား ပြည်ပနိုင်ငံတွေကို ရွှေ့ပြောင်းနေထိုင်နေရသည့်တိုင် အဆိုပါ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီက ပြည်ပရောက် မြန်မာလုပ်သားတွေကို ကာကွယ်ပေးဦးမယ်လို့ မဲဆွယ်ပြောကြားနေပါသေးတယ်။
Read More

ဝမ်းတွင်းတွင် စစ်ကောင်စီက နေအိမ်ပေါ်အထိတက်ပြီး ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေ

"အခုလိုတွေဖြစ်လာမှာမလို့ ငုံမခံဘဲ တုန့်ပြန်ကြဖို့နဲ့ အချိန်မှီ တလရ အဖွဲ့တွေဆီ ပူးပေါင်းကြဖို့ အကြိမ်ကြိမ် အသိပေးခဲ့ပေမယ့်လည်း ရေပေါ်ဆီဘဝနဲ့ နေသာသလိုနေခဲ့ကြတဲ့ အကျိုးဆက်တွေသာ ဖြစ်ပါလိမ့်မယ်။ အခုဆို မတရားမှုဟာ တံခါးလာခေါက်တာတင် မဟုတ်တော့ပါဘူး အိမ်ပေါ်ကဆွဲချတဲ့အထိဖြစ်နေပြီ။ ရေပေါ်ဆီလူငယ်တွေအတွက် အာဏားရူး မင်းအောင်လှိုင် ပို့ပေးတဲ့ ရှေ့တန်းသေလမ်းမှတပါး ရွေးစရာမရှိတော့ဘူး။" လို့ Voice Of Wundwin အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။