ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးနစ်နာခဲ့တဲ့ ပြည်သူတွေထံ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရမှာ စစ်ကောင်စီက နိုင်ငံရေးနဲ့ စစ်ရေးအရ အမြတ်မထုတ်နိုင်အောင် သေချာစွာ လုပ်ဆောင်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ဟာ သဘာ၀ဘေးအန္တရာယ်ကို အကြောင်းပြုပြီး နိုင်ငံရေးအမြတ်ထုတ်မှုတွေ လုပ်ခဲ့ဖူးတဲ့ သာဓကတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းအပြီးမှာ စစ်အာဏာရှင်တွေဟာ သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် အတုအယောင် လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ဖူးတယ်လို့ ထောက်ပြထားပါတယ်။ 

အဲဒီကာလက နိုင်ငံအတွင်းကို ကူညီကယ်ဆယ်ရေးတွေ မဝင်ရောက်နိုင်အောင် စစ်အာဏာရှင်တွေက ဟန့်တားခဲ့ပြီး  စစ်တပ် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံမှသာ အကူအညီတွေပေးအပ်မယ်ဟုဆိုကာ ပြည်သူတွေကို နိုင်ငံရေးအရ အမြတ်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကလည်း ဆိုးရွားပြင်းထန်တဲ့ ငလျင်တွေ လှုပ်ခတ်ခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်ဟာ  စစ်ကိုင်းနဲ့ ရှမ်းမြောက်ဒေသတွေမှာ အရပ်သားနေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ 

ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုဟာ ငလျင်နဲ့ ပတ်သက်ပြီး သတင်းအချက်အလက် စီးဆင်းမှုတွေ မရအောင် အင်တာနက်ဆက်သွယ်ရေးဝန်ဆောင်မှုတွေမှာ VPN တွေကို ပိတ်ပင်ထားပြီး ပြည်သူတွေရဲ့ သတင်းအချက်အလက် သိပိုင်ခွင့်ကိုလည်း ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ 

နိုင်ငံတစ်ဝန်း ငလျင်ဒဏ်သင့် သက်ရှင်ကျန်ရစ်သူတွေနဲ့ ထိခိုက်ခံစားရတဲ့ လူထုအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ  အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့လည်း အရပ်ဘက်လူထုအဖွဲ့အစည်းတွေက  တောင်းဆိုလိုက်ပါတယ်။

တစ်ဆက်တည်းမှာပဲ ပြည်တွင်းပြည်ပ အကူအညီပေးရေး အဖွဲ့အစည်းတွေအနေနဲ့ ကယ်ဆယ်ရေး အကူအညီတွေကို စစ်အုပ်စု အမြတ်ထုတ်မှု မရှိစေရေး သေချာစွာ လုပ်ဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ၊ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့  ငလျင်ကြောင့် ပျက်ဆီးဆုံးရှုံးမှု ကြီးမားစွာ ကြုံတွေ့ခံစားနေရတဲ့ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတဝန်း ပြည်သူလူထုအတွက် အလွန်ပင်ဝမ်းနည်း ကြေကွဲရတယ်လို့လည်း ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက်လူထုအဖွဲ့အစည်း ၂၆၅ ဖွဲ့က ထုတ်ပြန်ပါတယ်။

အာဏာသိမ်း စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ဆောင်မှုတွေ မြင့်တက်လာနေချိန် မြန်မာနိုင်ငံမှာ ငလျင်ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ရင်ဆိုင်နေရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ငလျင်ကြောင့် ထိခိုက်ခံစားရတဲ့  လူမှုအသိုင်းအဝိုင်းတွေထံ တိုက်ရိုက်ပေးပို့ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

ဒါ့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG)၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ (Ethnic Resistance Organizations – EROs)၊ အရပ်ဘက်လူထုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဒေသခံလူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ မြေပြင်ရှိကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေကတစ်ဆင့် ပေးပို့ခြင်းကသာ အကောင်းဆုံးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအတွက် ဘယ်လို အဖွဲ့အစည်းကနေ ချိတ်ဆက်ဆောင်ရွက်သည်ဖြစ်စေ စစ်အုပ်စုအတွက် နိုင်ငံရေးနဲ့ စစ်ရေးအရ အမြတ်ထုတ်ဖို့အတွက် ခေါင်းပုံဖြတ်ခြင်း၊ ခြယ်လှယ်ခြင်းနဲ့ လက်နက်သဖွယ်အသုံးချခြင်း မရှိစေရေး သေချာစွာ ဆောင်ရွက်ကြဖို့ လေးနက်စွာ တိုက်တွန်းတယ်လို့လည်း ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ်တွင် ဘုန်းကြီးကျောင်းမှာ အထိုင်ချထားသည့် စစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်အုပ်စုမှ ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရ…

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် (PKU) တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

NUG စိုးမိုးထိန်းချုပ် ဧရိယာများတွင် ရွေးကောက်ပွဲ လုပ်ရန် ကြိုးစားမည့် စစ်ကော်မရှင်က ပြည်သူများကို ပိုမိုဒုက္ခပေးလာနိုင်ကြောင်း NUG ဝန်ကြီးချုပ် သတိပေး

အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ရွေးကောက်ပွဲ ပြုလုပ်နိုင်အောင် နည်းမျိုးစုံနဲ့ ကြိုးစားလာမယ့် အကြမ်းဖက်စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲမတိုင်ခင် ပြည်သူတွေကို ပိုမိုဒုက္ခပေးလာဖွယ်ရှိတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။
Read More

သာဂေါင်(ရွာမ)တွင် စစ်ကောင်စီတပ်များ ခေါင်းဖြတ်ချိတ်ဆွဲထားမှု အပါအဝင် မီးရှို့သတ်ဖြတ်ထားသည့် အလောင်း ၆ လောင်း တွေ့ရှိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သာဂေါင် (ရွာမ) ရွာမှာ စစ်ကောင်စီတပ်တွေ ခေါင်းဖြတ် ချိတ်ဆွဲသွားတဲ့ အလောင်းအပါအဝင် မီးရှို့သတ်ဖြတ်ခံထားရသူ ၆ယောက်ရဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေကတွေ့ရှိခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီ က ထုတ်ပြန်ပါတယ်။
Read More

အကြောင်းမဲ့ အထိုးခံရတာကြောင့် သွားရောက်တိုင်ကြားသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များ သေနတ်ဖောက် ရိုက်နှက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက် အကြောင်းမဲ့ ထိုးနှက်ခံရမှုအတွက် သွားရောက်တိုင်ကြားကြရာမှာ ထောင်အာဏာပိုင်တွေက အဲ့လိုတောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သေနတ်ဖောက်ပြီး ရိုက်နှက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ထံက သိရပါတယ်။
Read More

သာယာဝတီထောင်မှာ နိုင်ကျဉ်း ၂ ယောက်ကို ထောင်အာဏာပိုင်တွေ အကြောင်းမရှိအကြောင်းရှာ တိုက်ပိတ်ထား

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၂ယောက်ကို ထောင်အာဏာပိုင်တွေက အကြောင်းပြချက်မဲ့စွာ တိုက်ပိတ်အရေးယူထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် PPNM က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပေါက်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့

မကွေးတိုင်း ၊ ပေါက်မြို့နယ်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းက PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။