ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းနဲ့ ဖြူးလမ်းမကြီးဘေး လေးအိမ်စုရွာတို့မှာ စစ်ကောင်စီနဲ့ PDF တပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ၂ရက်ဆက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ရဲနဲ့စစ်သား ၈ယောက်သေကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ PDF တပ်ရင်းအမှတ် (၃၅၀၂) စစ်တောင်းစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

မတ်လ ၂၆ ရက်၊ ညဦးပိုင်းက တောင်ငူခရိုင်၊ ဖြူးလမ်းမကြီးဘေး ဝဲဒေါင့်ရွာကနေ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တော်လှန်ရေးအင်အားစုတွေ လေးအိမ်စုရွာမှာ ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ယောက် သေဆုံးခဲ့ပြီး အလောင်းတွေကို ဆိုက်တွဲတွေနဲ့ပြန်လည်တင်ဆောင်သွားကြောင်း ​PDF တပ်ရင်းအမှတ် (၃၅၀၂) စစ်တောင်းစစ်ကြောင်းက ပြောပါတယ်။

ဒါ့အပြင် နောက်တစ်နေ့ (မတ်လ၂၇ ရက်) မနက်အစောပိုင်းမှာလည်း တောင်ငူခရိုင်၊ ညောင်ခြေထောက်အပိုင် စည်ပင်သာရွာဘေးက ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် တပ်ရင်းအမှတ် (၃၅၀၂) စစ်တောင်းစစ်ကြောင်းက ရဲဘော်တွေ လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုတွေ တက်ရောက်လုပ်ဆောင်နေချိန်မှာ သူတို့အနီးအနားကို အင်အား ၁၀ ယောက်ပါ ဘန်ကာ ရထားခေါင်းတို အတွဲတစ်တွဲနဲ့ အင်အား ၆ ယောက်ပါ ကားအဖြူတစ်စီးတို့ရောက်ရှိလာပြီး တော်လှန်ရေးရဲဘော်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တာလို့ သိရပါတယ်။

ဒီတစ်ကြိမ် အပြန်အလှန်ပစ်ခတ်မှုမှာလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိခဲ့ပေမယ့် စစ်ကောင်စီဘက်က ရဲနဲ့စစ်သား ၅ ယောက် သေပြီး စခန်းမှူးအပါ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PDF တပ်ရင်းအမှတ် (၃၅၀၂) စစ်တောင်းစစ်ကြောင်းက ပြောပါတယ်။

ထိတွေ့တိုက်ပွဲအပြီး အထိနာသွားတဲ့ စစ်ကောင်စီက အရပ်သား ၂ ယောက်ကို လက်ပြန်ကြိုးတုပ်ကာ အနီးအနား ရဲစခန်းဆီ ခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

တောင်ငူခရိုင် တပ်ရင်းအမှတ် (၃၅၀၂) စစ်တောင်းစစ်ကြောင်းတပ်ခွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ တောင်ငူခရိုင် အမှတ်၂ တပ်ရင်းတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ PDF တပ်ရင်းအမှတ် (၃၅၀၂) စစ်တောင်းစစ်ကြောင်း)

0 Shares:
You May Also Like
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ တိုက်ပွဲအတွင်း ခရီးသည်များ ပိတ်မိနေခဲ့၊ ၃ နှစ်သား က​လေးငယ်နှင့် မိခင်ဖြစ်သူအပါ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း မုံရွာ-မန္တလေးလမ်းပေါ်မှာ တိုက်ပွဲအတွင်း ပိတ်မိတဲ့ ခရီးသည်​တွေထဲက ၃ နှစ်အရွယ် ကလေးငယ်နဲ့ မိခင်ဖြစ်သူ အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဖလမ်းမှာ တိုက်ပွဲတွေပြင်းထန်နေလို့ ပြည်သူတွေမြို့ထဲကို အဝင်အထွက်မလုပ်ဖို့ CNDF အသိပေး

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ စစ်ကောင်စီနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မြို့အတွင်းအဝင်အထွက်ကို အများပြည်သူအနေနဲ့ လုံး၀မပြုလုပ်ဖို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က မနေ့က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးမှာ စစ်ကောင်စီ စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက်သေပြီး ၉ ယောက်ဒဏ်ရာရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်-ဇဂျမ်း လမ်းမှာ ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရရှိသွားတယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကျုံဒိုးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး နေအိမ် (၁) လုံးနဲ့ ကွမ်းခြံတစ်ခြံ ထိခိုက်ပျက်စီးခဲ့…

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ် အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး နေအိမ် (၁) လုံးနဲ့ ကွမ်းခြံတစ်ခြံ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ကြောင့် နိုင်ငံတစ်ဝန်း လူပေါင်း ၁၆၀၀ ကျော် သေဆုံးထားဟု NUG အသိပေး

ပြင်းထန်ဆိုးရွားတဲ့ ငလျင်ကြောင့် နိုင်ငံတစ်ဝန်း လူပေါင်း ၁၆၀၀ ကျော် သေဆုံးပြီး ၁၄၀၀ နီးပါး ပျောက်ဆုံးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။
Read More

အာရက္ခတပ်တော် AA ရဲ့ ဂွမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်မမှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ကျော်အထိ သေဆုံးခဲ့

အာရက္ခတပ်တော် AA ရဲ့ ဂွမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်သား အင်အား ၁၂၀၀ ကျော် သုံးပြီးခုခံပေမဲ့ ဂွမြို့ကိုသိမ်းပိုက်နိုင်ခဲ့ကာ တပ်မမှူးတဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ရာကျော် သေဆုံးတယ်လို့AA က ဒီဇင်ဘာလ ၂၉ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။