နေပြည်တော် ပျဥ်းမနားမြို့မှာ ငလျင်ဒဏ်ကြောင့်ထိခိုက်သေဆုံးသူဦးရေ ၉၀ ကျော်အထိရှိလာပြီဖြစ်ပြီး ဒဏ်ရာရရှိထားသူတွေနဲ့ ပိတ်မိနေသူရာနဲ့ချီကို လူမူကူညီ ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ကယ်ထုတ်နေ​ရတယ်လို့ သိရပါတယ်။

နေပြည်တော် ပျဥ်းမနားမြို့အတွင်း ငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်၊ အ​ဆောက်အဦး ပြိုကျပျက်စီးမှုတွေနဲ့ လူထိခိုက်သေဆုံးမှုတွေ အများအပြားရှိခဲ့ပြီး လက်ရှိအချိန်အထိ အရပ်ဖက်လူမူကူညီရေးအဖွဲ့တွေက ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးလုပ်ဆောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၂၉ ရက် ဒီနေ့မနက်ပိုင်းအထိ နေပြည်တော်နှင့် ပျဥ်းမနားမြို့အတွင်း ထိခိုက်သေဆုံးသူ အယောက် ၉၀ ကျော်အထိ ရှိလာပြီဖြစ်သလို ပိတ်မိနေသူတွေနဲ့ ထိခိုက်ထားသူ ရာနဲ့ချီကို ကယ်ထုတ်နေရသေးတယ်လို့လည်းသိရပါတယ်။

“အခုမနက်ထိ နေပြည်တော်ကုတင် ၁၀၀၀ မှာ သေတာ ၉၀ ကျော်ပါပြီ။ မြို့ထဲ Dead Body ထုတ်မရတာတွေလည်း အများကြီးကျန်သေးတယ်။ ပျဥ်းမနားက မြို့ထဲ ကအများဆုံးထိတာပါ။ ဈေးတလျှောက် အကုန် ပြိုပဲ။ အဲ့ဘက်က ရှေးဟောင်းအဆောက်အုံတွေများတော့ပြိုကျကုန်တာ” လို့ ပျဥ်းမနားဒေသခံ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

လက်ရှိအခြေအနေတွေအရ ပြိုကျပျက်စီးခဲ့တဲ့ နေအိမ်အဆောက်အဦးအပျက်အစီးတွေကြားထဲ ပိတ်မိနေသူတွေနဲ့ ထိခိုက်ဒဏ်ရာရထားသူတွေကို မြို့ခံမီးသတ်နဲ့ လူမူကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်ရင်း နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံဆီ ပို့ဆောင်ကုသပေးနေရ​​တယ်လို့ သိရပါတယ်။

“စတိုးဆိုင်တစ်ဆိုင်ဆို လည်းကလေးမလေး၂ယောက် ပိနေတာ အစအနကိုမတွေ့တော့လို့  ကူရာကယ်ရာမရတဲ့အဆုံး အနီးအနား ရွာက တစ်ရွာလုံး လိုက်လာပီး ကူဖော်ပေးကြရပါတယ်။ တစ်နေရာတည်းအသေပျောက်များတာကတော့ ပျဉ်းမနားမြို့ထဲက သင်းရွှေစင်ရွှေဆိုင်ပါ။ ” လို့ ပျဥ်းမနားဒေသခံ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

ဒါ့အပြင် ပျဥ်းမနားမြို့စိုက်ပျိုးရေးသိပ္ပံကျောင်းမှာလည်း ကျောင်းအဆောက်အဦးပြိုကျမှုကြောင့် ဆရာဆရာမ ၆ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၈ ရက်၊ မနေ့ကနေ့လည်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ပဲခူးတိုင်းတို့မှာ နေအိမ်အဆောက်အဦးတိုက်တာတွေနဲ့ ဘာသာရေးအဆောက်အအုံတွေ၊ လမ်းတံတားတွေ ထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။

 

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ပျဥ်းမနားမြို့အတွင်းပုံရိပ်တွေနဲ့ ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ပုံရိပ်များ (ဓာတ်ပုံ-ဒေသခံပေးပို့)

0 Shares:
You May Also Like
Read More

နာမည်ကျော် အဆိုတော် မာရဇ္ဇ ကွယ်လွန်

ကိုယ်ပိုင်သံစဉ် သီချင်းတွေနဲ့ နာမည်ကျော်တဲ့ အဆိုတော် မာရဇ္ဇဟာ ဇန်နဝါရီလ ၂၃ ရက် မနေ့ညက ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
Read More

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေချိန် KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကို တရုတ်က ခေါ်ယူတွေ့ဆုံ

တရုတ်ဗဟိုအစိုးရက  ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တရုတ်နိုင်ငံကခေါ်ယူလို့ ထွက်ခွာသွားတယ်လို့ သိရပါတယ်။
Read More

စစ်မှုထမ်းစုဆောင်းခံခဲ့ရတဲ့ စစ်သားတစ်ယောက်ကို လက်နက်ခဲယမ်းနှင့်တကွ နေပြည်တော် ပကဖ ခေါ်ထုတ်နိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရင်ခွင်ဌာနနဲ့ ချိတ်ဆက်ပြီး လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ အဓမ္မပြည်သူ့စစ်မှုထမ်းစုဆောင်းခံခဲ့ရသူ စစ်ကောင်စီတပ်သား ၁ ယောက်ကို သွားရောက်ခေါ်ထုတ်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော်က ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံတကာ ပိတ်ဆို့မှုများကို ကျော်လွှားဖို့ နည်းလမ်းရှာရမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ယောကာကွယ်ရေးတပ်ရဲ့ ဒရုန်းတပ်ခွဲစခန်းတစ်ခုကို စစ်ကောင်စီ လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ် - YDF ရဲ့ ဒရုန်းတပ်ခွဲစခန်းတစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

တပ်မ ၃၃ မှ ထွက်လာသည့် စစ်ကောင်စီကားတန်း မုံရွာ မအူဂိတ်အနီးတိုက်ခိုက်ခံရ၊ စစ်ကောင်စီ အရာရှိအပါ၂ ဦး သေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကိုင်း တပ်မ ၃၃ ဌာနချုပ်က ထွက်လာတဲ့ ကြေးနီတင်ကားတန်း​ကိုကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၂ ယောက် သေပြီး အများအပြားထိခိုက်သွားကြကြောင်း Brave Heart Army (BHA) က သတင်းထုတ်ပြန်ပါတယ်။