ငလျင်ဒဏ်ခံ ပြည်သူတွေအနေနဲ့ ကရင်နီပြည်ကို လာရောက်ခိုလှုံမယ်ဆိုရင် အတက်နိုင်ဆုံး ကြိုဆိုပံ့ပိုးပေးသွားမယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ဒီနေ့မှာ အသိပေးကြေညာထားပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ကရင်နီပြည်အတွင်း အင်အားစုတွေ ပူးပေါင်းပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်နစ်နာဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေအတွက် ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ကရင်နီပြည်လည်း ငလျင်လှုပ်ခတ်မှုဒဏ်ကို သက်ရောက်ခံစားခဲ့ရပြီး ထိခိုက်ပျက်စီးမှု အမြောက်အများ မရှိခဲ့ပေမယ့် ပြည်သူတွေ တုန်လှုပ်ခြောက်ခြားနေကြကာ ငလျင်လှုပ်ခြင်း ဘေးအန္တရာယ်ကို ဆက်လက် သတိထား စောင့်ကြည့်နေရမယ့် အခြေအနေမှာ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ငလျင်ဒဏ် နောက်ဆက်တွဲအနေနဲ့ ပြည်သူတွေ အငတ်ဘေးနဲ့ ပိုမိုကြုံလာရနိုင်ပြီး ဘေးထွက်ဆိုးကျိုးများရှိလာမှာကို အလွန်စိုးရိမ်ရပြီး အန္တရာယ် အခက်အခဲတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေ ပူးပေါင်းကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ် ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့ အရေးတကြီး လိုအပ်တယ်လို့ အကြံပေးပါတယ်။

တရားမဝင် အာဏာသိမ်းစစ်တပ်က ငလျင်ဘေးကို အကြောင်းပြုကာ ပိုမိုဆိုးရွားတဲ့ ဖိနှိပ်ကန့်သတ်မှုများ လုပ်ဆောင်လာနိုင်တာကိုလည်း သတိကြီးစွာ တုံ့ပြန်ကြဖို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ပါတယ်။

အရေးပေါ် လိုအပ်ချက်များအတွက် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ လူသားချင်းစာနာ ထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာန (Signal No.: +66 955751317)နဲ့ ပြည်ထဲရေးဌာန/အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲ (Signal No.: +66 640385958) များသို့ ဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာအစိုးရတွေနဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များအဖွဲ့တွေက စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့အပါအဝင် နိုင်ငံတစ်ဝန်းလုံး ငလျင်ဘေးဒဏ်ခံစားနေရတဲ့ပြည်သူများအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီများ ပံ့ပိုးပေးဖို့ IEC က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ စစ်သင်္ဘောများ ဗန်းမော်မြို့ကို ရောက်ရှိ

“မနေ့ညပိုင်းမှာ သင်္ဘောတချို့ ဗန်းမော်မြို့ကို ရောက်လာပြီ။ သင်္ဘောတွေ မြလည်နား ရောက်တော့ တိုက်ပွဲဖြစ်တယ်။ စကစဘက်က တစီးထိသွားတယ်” လို့ မြေပြင်သတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီ နေ့စဉ် လေကြောင်းတိုက်ခိုက်နေရင်း ဟန်ပြအပစ်ရပ်မှုကို ဆက်လက်သက်တမ်းတိုး

ငလျင်ကြောင့် အပစ်ရပ်တယ်လို့ ဟန်ပြပြောဆိုကာ နေ့စဉ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်လိုက်တယ်လို့ ဝါဒဖြန့် ထုတ်ပြန်ပါတယ်။
Read More

ပေါက်နဲ့ ကမ္မမှာ စစ်အုပ်စုတွေ ဒရုန်းနဲ့ရော စနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ခံရ၊ စစ်သား ၁ ဦး သေပြီး ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်နဲ့ ကမ္မမြို့နယ်တွေက စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ရော စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက်သေဆုံးခဲ့တယ်လို့ King Fighter SGF အဖွဲ့တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကနီမြို့နယ် NUG ပညာရေးတာဝန်ခံ မိသားစုလိုက် ရက်စက်စွာ အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ တပုန်းကျေးရွာမှာ နိုင်ဝင်ဘာ ၄ရက် ညပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေးနဲ့ သူ့ရဲ့မိသားစုတွေ အသတ်ခံခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ကလေးတောင်ပိုင်းတွင် ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်သား ၂၇ ဦး သေဆုံးပြီး လက်နက် ၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်သား ၂၇ ယောက် သေဆုံးပြီး လက်နက် ၈ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Chinland Information Center က သတင်းဖော်ပြထားပါတယ်။
Read More

ရွှေဘိုမြို့နယ် ပကဖ ဆီ ညောင်ကိုင်းပျူစခန်းက ပြည်သူ့စစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ တိုက်နယ်(၃) နယ်မြေ၊ ညောင်ကိုင်းကျေးရွာ ပျူစောထီးစခန်းက ပြည်သူ့စစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။