မြန်မာနိုင်ငံတဝန်း ပြင်းထန်တဲ့ ငလျင်ကြောင့် သေဆုံးသူ ၁၄၄ ယောက်ရှိပြီး ဒဏ်ရာရသူ  ၇၃၂ ယောက်ရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ ဝါဒဖြန့်ရုပ်သံကတဆင့် ဒီနေ့ မတ်လ ၂၈ ရက် ညပိုင်းမှာ ပြောကြားပါတယ်။

ငလျင်ကြောင့်  နေပြည်တော်မှာ ၉၆ ယောက်၊ စစ်ကိုင်းမြို့မှာ ၁၈ ယောက်နဲ့ ကျောက်ဆည်မြို့မှာ ၃၀ ယောက်၊ စုစုပေါင်း ၁၄၄ ယောက် သေဆုံးထားတယ်လို့ ပြောပါတယ်။

အထိအခိုက် အပျက်အစီး များပြားတဲ့ မန္တလေးမြို့က စာရင်းတွေတော့ ပါဝင်လာခြင်း မရှိပါဘူး။

အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်ဒဏ်ကြုံတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် ပြည်ပနိုင်ငံတွေ ကူညီပေးဖို့လည်း စစ်ခေါင်းဆောင်က တောင်းဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒီနေ့မှာပဲ နေပြည်တော်က ငလျင်ဒဏ်သင့်နေရာတွေကို သွားရောက်ကြည့်ရှုခဲ့တယ်လို့လည်း စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။ 

အင်အား ရစ်ချက်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အလွန်ပြင်းထန်တဲ့ ငလျင်ကြီးနဲ့ နောက်ဆက်တွဲငလျင်ငယ်တွေကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်း(အရှေ့မြောက်)၊ နေပြည်တော်ကောင်စီနယ်မြေနဲ့ ပဲခူးတို့မှာ ငလျင်ဒဏ်သင့်သူ အများအပြားရှိခဲ့ပြီး လမ်းတံတား၊ အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။ 

လက်ရှိ စစ်ကောင်စီက ထုတ်ပြန်တဲ့ သေဆုံးဒဏ်ရာရ စာရင်းထက် မြေပြင်မှာ အရေအတွက် ပိုမိုမြင့်တက်လာနိုင်တယ်လို့လည်း ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေထံက သိရပါတယ်။

0 Shares:
You May Also Like
Read More

မောင်တော နခခ(၅) က ထွက်ပြေးသွားတဲ့ ဗိုလ်မှူးချုပ်သူရိန်ထွန်းကို တပ်ဖွဲ့အင်အား ၈၀ ကျော်နဲ့အတူ AA အရှင်ဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နယ်ခြားစောင့်ရဲစခန်း နခခ(၅) ကနေ ထွက်ပြေးသွားတဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်း ပါဝင်တဲ့ အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အာရက္ခတပ်တော်(AA) က ဖမ်းဆီးရမိတယ်လို့ ရခိုင်ပြည်နယ် ဒေသတွင်း သတင်းဌာနတွေက ဖော်ပြလာပါတယ်။
Read More

တော်လှန်ရေး အရင်းအနှီးကြီးတာကြောင့် တိုင်းပြည်အတွက် အမြတ်ကြီးကြီးရရန် လိုအပ်ကြောင်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြား

စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းနေတဲ့ လက်ရှိတော်လှန်ရေးဟာ အင်မတန် အရင်းအနှီးကြီးတာကြောင့် တိုင်းပြည်ရဲ့ အနာဂတ်အတွက် အမြတ်ကြီးကြီးရဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ပါတယ်။
Read More

ဗမာ့တပ်တော်က စစ်မြေပြင် အ‌ခြေခံ ကိုယ်စီကျွမ်းကျင်မှုသင်ခန်းစာတွေ လက်‌တွေ့လေ့ကျင့်သင်ကြားနေ (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော်၊ အမှတ်(၁) စစ်ဦးစီးကွပ်ကဲရေးဒေသမှာ စစ်မြေပြင် အ‌ခြေခံကိုယ်စီကျွမ်းကျင်မှုသင်ခန်းစာတွေ လက်‌တွေ့လေ့ကျင့်သင်ကြားနေတဲ့ မှတ်တမ်းပုံရိပ်တွေကို ဗမာ့တပ်တော်က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကျောင်းသားလက်ရုံးတပ်တော် (၄)နှစ်ပြည့်အခမ်းအနားနှင့် လက်နက်တပ်ဆင်ခြင်း (ဓာတ်ပုံသတင်း)

ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) ရဲ့(၄) နှစ်ပြည့် တပ်တော်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ လက်နက်တပ်ဆင်ခြင်းကို တပ်တော်ရဲ့ ဗဟိုဌာနချုပ်နယ်မြေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF/DPLA ၏ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲအခမ်းအနား

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF /DPLA ရဲ့ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဇွန်လ ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF/DPLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝင်းကံကျေးရွာနှင့်ကရဝေးဆိပ်ရွာများတွင် စစ်ကောင်စီတပ် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူ ( ၁ ) ဦးသေ၊ ( ၄ ) ဦးဒဏ်ရာရ၊ နေအိမ် ( ၁၉ ) လုံးထိခိုက်ပျက်စီး

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရကာ နေအိမ် ၁၉ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။