ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊အမှတ် (၆) ဗျူဟာ နယ်မြေအတွင်းရှိ တပ်ရင်းအမှတ် (၅) တာဝန်ယူထားတဲ့ ရှေ့တန်းနယ်မြေမှာ စစ်ကောင်စီတပ်သား ၄ ယောက် သေနတ် ၁ လက်နဲ့ အလင်းဝင်လာတယ်လို့ KMDF တပ်ရင်း (၅) က ဒီနေ့ ထုတ်ပြန်ပါတယ်။

KNDF အမှတ်(၅) တပ်ရင်း တာဝန်ယူထားတဲ့ ရှေ့တန်းနယ်မြေမှာ မတ်လ (၂၆) ရက် မနေ့က အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ယောက်က MA1 တစ်လက်နဲ့အတူ ထွက်ပြေးကာ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ ဆိုပါတယ်။ 

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ယောက်ထဲက ၃ ယောက်ဟာ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း တပ်သားတွေဖြစ်တယ်လို့ KNDF တပ်ရင်း (၅) က ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ စစ်တပ်ထဲ မိမိတို့စိတ်ဆန္ဒအရ ဝင်ရောက်ခဲ့တာမဟုတ်ဘဲ အတင်းအဓမ္မ စစ်သားစုဆောင်းခံရပြီး တပ်တွင်းရောက်လာရသူတွေ ဖြစ်တယ်လို့ ထွက်ဆိုထားကြောင်း KNDF တပ်ရင်း ၅ က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီ သင်တန်းပို့ချနေတဲ့ ကာလတွေမှာလည်း ထွက်ပြေးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မလွတ်မြောက်ခဲ့ဘဲ ရှေ့တန်းစစ်မြေပြင်ကို အဓမ္မ ပို့ဆောင်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ယောက်ကို KNDF အမှတ်(၅) တပ်ရင်းက သက်ဆိုင်ရာဌာနကို လွှဲပြောင်းပြီး လုံခြုံဘေးကင်းစွာ စောင့်ရှောက်ထားပြီဖြစ်သလို ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း အာဏာရှင်စစ်ကောင်စီကို ကျောခိုင်းပြီး ပြည်သူလူထုကို မျက်နှာမူကာ လာရောက်ပူးပေါင်းကြဖို့ KNDF တပ်ရင်း ၅ က ဖိတ်ခေါ်တိုက်တွန်းထားပါတယ်။

တော်လှန်ရေးကြာမြင့်လာတာနဲ့အမျှ စစ်ကောင်စီတပ်က စစ်ဆင်ရေးတွေ အထိနာပြီး တပ်သားပျောက်ဆုံးမှုတွေ တိုးလာခြင်း၊ လူ့စွမ်းအား ပြတ်လပ်လာခြင်း စတဲ့ ပြဿနာတွေကြောင့် မတရားဖမ်းဆီး လူသစ်စုဆောင်းမှုတွေ တိုးမြှင့်လုပ်ဆောင်လာသလို ထွက်ပြေး ဘက်ပြောင်းသူတွေ ပိုမို များပြားလာတာကို တွေ့ရှိရတယ်လို့ KNDF တပ်ရင်း ၅ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပေါင်းတည်မှာ အင်အား ဖြည့်တင်းဖို့ လာတဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံး…

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ပင်တာဝါတိုင်စခန်းကို အင်အားဖြည့်တင်းဖို့ လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ၃၆၀၁ PPDF တပ်ရင်းဆီက သိရပါတယ်။
Read More

ပန်ဝါမြို့ကို KIA က အပြီးသတ် ထိန်းချုပ်သိမ်းပိုက်လိုက်ပြီး တပ်ဖွဲ့ဝင်များမြို့တွင်းကို ဝင်ရောက်နေရာယူ

ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိန်းချုပ်သိမ်းပိုက်လိုက်ပြီး KIA နဲ့ တော်လှန်ရေးအင်အားစုတွေက မြို့အတွင်းကို ဝင်ရောက်နေရာယူနေပြီ ဖြစ်ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ပိုင်းလောက်မှာ ပန်ဝါမြို့တွင်းရှိ စစ်ကောင်စီတပ်စခန်းများနဲ့ နယ်ခြားစောင့်တပ်စခန်းများကို KIA တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
Read More

မောင်းမကန်ရဲစခန်းအနီးက စစ်ကောင်စီတပ်ကို ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ရဲစခန်းအနီးက စစ်ကောင်စီတပ်ကို ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်နီမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ မရောက်အောင် စစ်ကောင်စီ ကန့်သတ်ထိန်းချုပ်နေ

ကရင်နီဒေသထဲကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ မရောက်ရှိအောင် စစ်ကောင်စီက လုပ်ဆောင်နေကြောင်း  ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IECက ဒီနေ့ အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံ – နဘူးအိုင်လမ်းပိုင်းမှာ စစ်ကြောင်းဆုတ်လာတဲ့စစ်သားတွေ မိုင်းဆွဲခံရပြီး စစ်ကြောင်းမှူးအပါ ၁၃ယောက်သေ

မန္တလေးတိုင်း၊ မြင်းခြံ-နဘူးအိုင်လမ်းပိုင်းမှာ စစ်ကြောင်းပြန်ဆုတ်လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကြောင်းမှူးအပါအဝင် စစ်သား ၁၃ယောက် သေဆုံးကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

ဖားကန့်တွင် KIA/KPDF နှင့် SNA စစ်ကော်မရှင် ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး ၂ဖက် ထိခိုက်မှုရှိ၊ SNA ဘက်မှ စနိုက်ပါသမားနှင့် တပ်သား ၁ဦးကို မူးယစ်ဆေးများနှင့် ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ဖားကန့်မှာ KIA/KPDF တပ်တွေနဲ့ SNA စစ်ကော်မရှင် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး ၂ ဖက် အပြန်အလှန် ထိခိုက်မှုတွေရှိတယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။