မွန်ပြည်နယ် သထုံခရိုင် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကျိုက်ထိုမြို့နယ်စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံမှူးအပါအဝင် ၃ ယောက် တိုက်ခိုက်ခံရပြီး စုံမှူးဒဏ်ရာရကာ ဒုစုံမှူးနဲ့ လ/ထစုံမှူး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄ ၊ UGထံက သိရပါတယ်။

မတ်လ ၂၃ ရက် ညနေပိုင်းက ကျိုက်ထိုမြို့နယ် ကြာဖြူကျေးရွာထိပ်-ခမိတ်အစိုးရ ရာဘာခြံအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကျိုက်ထိုမြို့နယ် စုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ)မှ စုံမှူး အပါအဝင် ၃ ယောက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စုံမှူးထိခိုက်ဒဏ်ရာရရှိသွားပြီး ဒုစုံမှူး မင်းသူနဲ့ လ/ထစုံမှူး မျိုးသန့်တို့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄ ၊ UGနဲ့ ပူးပေါင်း အဖွဲ့ရဲဘော်တွေ အထိအခိုက်မှရိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့ရှိ စစ်ကောင်စီတပ်ကို ရိက္ခာလာပို့တဲ့ စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့ရှိ စစ်ကောင်စီတပ်ကို ရိက္ခာလာပို့တဲ့ စစ်ယာဉ်တန်းကို ကြားဖြတ်တိုက် ခိုက်ခဲ့တယ်လို့ Monywa Youth Attack Force -MYF မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

KIA နှင့်အတူ စစ်ဆင်ရေးများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဗမာ့တပ်တော်ထုတ်ပြန် (ရုပ်/သံ)

ကချင်ဒေသအတွင်း KIA နဲ့ အတူ စစ်ဆင်ရေးလှုပ်ရှားဆောင်ရွက်နေတဲ့ ဗမာ့တပ်တော်ရဲဘော်တွေရဲ့  စစ်ရေးလှုပ်ရှားမှု မှတ်တမ်းရုပ်သံကို ဗမာ့တပ်တော်က ထုတ်ပြန်လိုက်ပါတယ်။
Read More

Y-12 လေယာဥ်များ အတက်အဆင်း လုပ်နေသည့် ပခုက္ကူလေဆိပ်ကို တော်လှန်ရေးတပ်များ ရော့ကတ်များ၊ လက်နက်ကြီးများဖြင့်တိုက်ခိုက် (ရုပ်/သံ)

စစ်ကောင်စီက တိုက်ခုက်ရေးနဲ့ ထောက်ပို့အတွက် အသုံးပြုနေတဲ့ Y-12  လေယာဥ်များ အတက်အဆင်းပြုလုပ်နေတဲ့ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းက လေဆိပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ရော့ကတ်ကြီးများ၊ ၆၀မမ လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Pakokku Special Task Force က ယမန်နေ့က ထုတ်ပြန်ပါတယ်။
Read More

အနောက်ပိုင်းစစ်ဌာနချုပ်ကို အကြမ်းဖက်စစ်ကောင်စီတပ်ထံက သိမ်းဆည်းထားတဲ့ သံချပ်ကာယာဉ်၊ ဟောင်ဝစ်ဇာတွေ သုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်း AA ထုတ်ပြန် (ရုပ်/သံ)

ရခိုင်ပြည် အမ်းမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား သိမ်းဆည်းရရှိထားတဲ့ သံချပ်ကာယာဉ်၊ ဟောင်ဝစ်ဇာတွေ သုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲရုပ်သံမှတ်တမ်းကို အာရက္ခတပ်တော် (AA)က ထုတ်ပြန်လိုက်ပါတယ်။
Read More

5.56 ကျည်သုံးကာဘိုင်အမျိုးအစားသေနတ်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း Myingyan Black Tiger (MBT) ထုတ်ပြန် (ရုပ်/သံ)

Myingyan Black Tiger (MBT) မှ 5.56ကျည်သုံးကာဘိုင်အမျိုးအစားသေနတ်ထုတ်လုပ်နိုင်ခဲ့ ပြီဖြစ်ကြောင်း ပြည်သူများအသိပေးလိုက်ပါတယ်။
Read More

နမ့်ဆန်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်းရှိ TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်အတွင်း စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။