မန္တလေးတိုင်း တောင်သာမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဇဂျမ်းစစ်ဆေးရေးဂိတ်ကို မတ်လ ၁၃ ရက်က တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းထံက သိရပါတယ်။

အင်အား ၁၅ ယောက်ဝန်းကျင်ရှိတဲ့ ဇဂျမ်းစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက် မှုအတွင်း အကြမ်းဖက်စစ်သား ၂ ယောက်သေကာ ဘန်ကာ ၃ လုံးနဲ့ ခဲယမ်းထည့်ထားတဲ့ ကြက် သွန်ဂိုဒေါင်ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားအများအပြားထိခိုက်ဒဏ်ရာရရှိသွားပြီး တော်လှန်ရေးရဲဘော် ၄ ယောက်လည်း ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရ ပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မြို့နယ် သရက်ကန်ရွာအနီး ကင်းပတ်လာတဲ့ ပျူစောထီး တိုက်ခိုက်ခံရပြီး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်းရှိ သရက်ကန်ပျူစောထီးရွာအနီး ကင်းပတ်လာတဲ့ ပျူစောထီးတိုက်ခိုက်ခံရကာ သေဆုံးခဲ့တယ်လို့ TYK ပြောက်ကြားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထား ပါတယ်။
Read More

နမခ ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိအပါအဝင် ၉ ဦး သေပြီး ၁၆ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကို မတ်လ ၂၃ ရက် ညပိုင်းက ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar အဖွဲ့ထံက သိရပါတယ်။
Read More

MNDAA ပြန်လည်ဆုတ်ခွာနေသည့် လားရှိုးမြို့မှာ အုပ်ချုပ်ရေးပျက်ယွင်းနေ၊ အထက်တန်းကျောင်းတစ်ကျောင်းမှာ အုပ်စုလိုက် ပစ္စည်းခိုးယူမှုဖြစ်ပွား (ရုပ်/သံ)

တရုတ်အစိုးရရဲ့ ဖိအားကြောင့် MNDAA ဟာ လားရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာနေပြီး မြို့အုပ်ချုပ်ရေး ပျက်ပြားမှုကြောင့် ဒီနေ့ဧပြီ ၂၀ ရက်မှာ လားရှိုး အထက ၅ ကျောင်းအတွင်း အုပ်စုဖွဲ့ ပစ္စည်းခိုးယူမှုတွေဖြစ်ပွားနေတယ်လို့ ဒေသခံက ဗီဒီယိုဖိုင်နဲ့တကွ လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။
Read More

ဧရာဝတီမြစ်ကြောင်းအတွင်း စစ်သင်္ဘော၊ ရိက္ခာတင်သင်္ဘောများကို KIA ပူးပေါင်းတပ်တပ်ဖွဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ သင်္ဘော ၂ စီး ထိမှန်ပျက်စီး (ရုပ်/သံ)

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို KIA နဲ့ ပူးပေါင်းတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘော ၂ စီး ထိမှန်ပျက်စီးခဲ့ပြီး ရွှေကူမြို့ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ခွန်အားမျှပါ သိန်းငါးထောင် ကမ်ပိန်းကနေ ဝယ်ယူထားတဲ့ ဒရုန်း (ရုပ်/သံ)

ခွန်အားမျှပါ သိန်းငါးထောင်ကမ်ပိန်းက ရရှိလာတဲ့ ငွေကြေးနဲ့ ဝယ်ယူထားတဲ့ ဒရုန်းကို Eagle wings Drone Force အဖွဲ့က ပြည်သူတွေထံ ပြသလိုက်ပါတယ်။
Read More

အမှတ် (၁) အထူးတပ်ရင်း Special Regiment-1 ရဲဘော်များ၏ စစ်ဆင်ရေးလေ့ကျင့်မှု (ရုပ်/သံ)

အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် (၁) အထူးတပ်ရင်း Special Regiment-1 ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်မှု မှတ်တမ်း ရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။