အခုနှစ် ဒီဇင်ဘာလထဲမှာ နိုင်ငံတစ်ဝန်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လုံခြုံရေးကို အထူး ဂရုစိုက်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

မနေ့က မတ် ၂၄ ရက်က  နေပြည်တော်မှာ ကျင်းသည့် အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးမှာ မင်းအောင်လှိုင်က ထည့်သွင်းပြောကြားလိုက်တာပါ။

လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအနေဖြင့် လာမယ့် ဒီဇင်ဘာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ဖို့ လိုတယ်လို့ မင်းအောင်လှိုင်က မှာကြားပါတယ်။

ကာကွယ်ရေး အင်အားများ ကောင်းမွန်ရန်အတွက် လုပ်သင့်လုပ်ထိုက်သည့်လုပ်ငန်းများကို ရဲရဲဝံ့ဝံ့ ဆောင်ရွက်ကြဖို့နဲ့ ရယူသင့်တဲ့သင်ခန်းစာတွေကို ကောင်းမွန်စွာရယူပြီး ဂရုတစိုက် ဆောင်ရွက်ဖို့မှာကြားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းနယ်မြေတွေလက်လွှတ် ဆုံးရှုံးထားရပေမယ့် ၄င်းတို့ ထိန်းချုပ်ထားတဲ့ နေရာ ၁၀၀ကျော်လောက်မှာ ရွေးကောက်ပွဲကိုမဖြစ်မနေပြုလုပ်ဖို့ ရည်ရွယ်ထားတာပါ။

NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးလို့ကြေညာထားပါတယ်။

နိုင်ငံတကာကလည်း အာဏာသိမ်းစစ်တပ်ကပြုလုပ်မယ့် ရွေးကောက်ပွဲကိုကျင်းပနိုင်ရေးထက် တိုင်းပြည်ကို တည်ငြိမ်အောင်သာ ထိန်းသိမ်းဖို့ တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

မှော်ဘီလေတပ်စခန်း အရာရှိ လင်မယားချင်း စကားများပြီး မိန်းမကို သေနတ်နဲ့ပစ်သတ်ကာ ခိုးချောင်ခိုးဝှက် နာရေးလုပ်

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံအနီးက သမာဓိ ၁ လမ်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်း ပိုင်းလော့ ဗိုလ်ကြီးအဆင့်ရှိသူဟာ လင်မယားချင်း စကားများရာကနေ ဇနီးဖြစ်သူကို သေနတ်နဲ့ ပစ်သတ်ခဲ့သလို ဇနီးဖြစ်သူရဲ့ နာရေးကိုလည်း တိုးတိုးတိတ်တိတ် ခိုးလုပ်ခဲ့ကြောင်း မှော်ဘီလေတပ်စခန်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

စက်တင်ဘာလအတွင်း အကြမ်းဖက် စစ်အုပ်စုက လူ့အခွင့်အရေးချိုးဖောက်မှု ၆၃၇ မှုအထိ ကျူးလွန်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာလအတွင်း လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှု စုစုပေါင်း (၆၃၇) မှုအထိ ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူ မှတ်တမ်းတင် ထားရှိကြောင်း ထုတ်ပြန်လာပါတယ်။
Read More

ကော့သောင်းနှင့် ခမောက်ကြီးတွင် ရေကြောင်းလမ်းအတိုင်း စစ်ကြောင်းထိုးသည့် အကြမ်းဖက်စစ်တပ် ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု များပြား

တနင်္သာရီတိုင်း၊ ကော့သောင်းနဲ့ ခမောက်ကြီးမြို့နယ်မှာ ရေကြောင်းလမ်းအတိုင်း စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ အကြမ်းဖက်စစ်တပ်ကို ၂ ရက်ဆက်တိုက်ခိုက်ရာ စစ်အုပ်စု အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း ကော့သောင်းခရိုင် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ရဲဘော်ကျားကြီးက မောင်းကိုပြောပါတယ်။
Read More

ဖာပွန်က စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ပြီး လက်နက်ခဲယမ်းတွေပါ ရရှိ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို KNLA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားရရှိခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

ဂုတ်ထိပ်တံတား ပြိုကျခြင်းဟာ အကြမ်းဖက်စစ်တပ်၏ ဒရုန်းကြောင့်သာဖြစ်သည်ဟု ဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ ကျောက်မဲမြို့ကြားမှာရှိတဲ့ သမိုင်းဝင် ဂုတ်ထိပ်တံတား ပြိုကြပျက်စီးခဲ့တာဟာ စစ်တပ်ရဲ့ ဒရုန်းတွေကြောင့် ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောဆိုလာပါတယ်။
Read More

ရန်ကုန်-မန္တလေး လမ်းပိုင်းမှာ PDF တပ်ဖွဲ့ဝင်များ လမ်းပိုင်း စစ်ဆေးရေးဆောင်ရွက်ခဲ့ (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-မန္တလေး လမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၂၃) တပ်ဖွဲ့ဝင်တွေက မတ်လ ၂၇ ရက် ဒီနေ့မှာ စစ်ဆေးရေးဆောင်ရွက်နေတဲ့ ပုံရိပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်က ထုတ်ပြန်ထားပါတယ်။