မြန်မာနိုင်ငံတဝန်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၂၅ ရက် ဒီနေ့အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃၉) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၂၅ ရက်အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး (၂၂) ယောက်နဲ့ အမျိုးသား (၁၇) ယောက် စုစုပေါင်း (၃၉) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် (၆) ယောက် ပါဝင်ပြီး မကွေးတိုင်းက အများဆုံးအဖြစ် (၉) ယောက် သေဆုံးခဲ့သလို တနင်္သာရီတိုင်းက (၆) ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၁ ရက် နေ့လယ်ပိုင်းကလည်း တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုက အနီးနားရှိ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ချောင်းလမုကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ရှောင်နေရာကနေ ရိက္ခာပြန်သယ်ယူတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ အမျိုးသား ၁ ယောက် ကျည်စထိမှန်သေဆုံးခဲ့ပြီး အမျိုးသား ၂ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့သလို ညပိုင်းအချိန်မှာတော့ ပြင်းထန်ဒဏ်ရာရရှိတဲ့ အမျိုးသား ၁ ယောက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

AAPP ၏ ထုတ်ပြန်ချက်
AAPP ၏ ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

ညောင်ဦးမြို့နယ်၊ စဉ့်ကူရဲစခန်းမှ စစ်ကြောင်းထွက်လာသည့် စစ်တပ်ကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း၊ ညောင်ဦးမြို့နယ်၊ စဉ့်ကူနယ်မြေရဲစခန်းကနေ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်က ၄ ယောက် သေဆုံးခဲ့တယ်လို့ Bagan Bo Cho PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘုံတိုရွာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သပိတ်ခေါင်းဆောင်များ၊ PDF များနှင့် ကလေးငယ်များအပါအဝင် သေဆုံးသူ အယောက် ၄၀ ကျော်အထိ ရှိလာ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်က ဘုံတိုရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်မှာ သေဆုံးသူ အရေအတွက် ၄၀ ကျော် အထိရှိလာပြီဖြစ်ပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေအပါ အရပ်သားတွေ၊ သပိတ်ခေါင်းဆောင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပါဝင်ကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီက ကယားပြည်နယ်နေ့ ကျင်းပပြီး နောက်တစ်နေ့ စစ်ရှောင်စခန်းကို ဗုံးကြဲ၊ စစ်ဘေးရှောင်မောင်နှမ အပါအဝင် ၃ ယောက် သေဆုံး

ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ခြမ်းက စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Loikaw Local PDF ထံက သိရပါတယ်။
Read More

ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်များကြောင့် ပြည်နယ် မတည်မငြိမ်ဖြစ်နေဟု နိုင်ငံအနှံ့ စစ်ရာဇဝတ်မှုများစွာ ကျူးလွန်နေသည့် မင်းအောင်လှိုင် ပြော

အာဏာသိမ်းအကြမ်းဖက် စစ်ခေါင်းဆောင်က ကရင်ပြည်နယ်ကို တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင် လုပ်ဆောင်နေသူတွေဟာ ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တယ်လို့ ပြောလာပြန်ပါတယ်။
Read More

မြောက်ဥက္ကလာပမြို့နယ်က စစ်ထောက်လှမ်းရေးရုံးချုပ်ကို ဗုံးပစ်လောင်ချာနဲ့ တိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်မှာ စစ်ထောက်လှမ်းရေးရုံးချုပ်(စရဖ)ထဲကို ဗုံးပစ်လောင်ချာနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Rangoon Urban Column က သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂ရက်၊ မနေ့က ညပိုင်းမှာ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးကားဝန်းအရှေ့မှာရှိတဲ့ စစ်ထောက်လှမ်းရေး(စရဖ)…
Read More

စစ်အုပ်စု အကောင့်တုများသုံးကာ ချင်းလူမျိုးအချင်းချင်းကို ရန်တိုက်ပေးသည့် စစ်မျက်နှာအသစ် ဖွင့်လာဟု ဆို

စစ်အာဏာရှင်တွေဟာ စည်းလုံးညီညွတ်နေတဲ့ ဘယ်တော်လှန်ရေးအဖွဲ့အစည်းတွေကိုမဆို အချင်းချင်း သွေးကွဲအောင် မဟုတ်မမှန်သတင်းတွေနဲ့ အမျိုးမျိုး သွေးခွဲကာ တိုက်ခိုက်လေ့ရှိပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ မစည်းလုံးနိုင်မှ သူတို့အသက်ရှုချောင်မှာဖြစ်တာကြောင့် ဒီလိုမှိုင်းတိုက်မှုတွေဟာ မြန်မာစစ်တပ်ရဲ့ လုပ်ရိုးလုပ်စဥ်တစ်ခုလည်း ဖြစ်လာပါတယ်။