စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ကြက်ဝိုင်းလောင်းကစားပြုလုပ်တဲ့ နေရာကို ဝင်ရောက်ဖမ်းဆီးရာ ဆိုင်ကယ် (၃၂) စီးအပါအဝင်  ကြက်(၈)ကောင်နဲ့ ဖုန်း ၁ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ကျားသစ်နက်တပ်မတော် ( Black Leopard Army) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မတ်လ ၁၅ရက် ညနေပိုင်းက ပုလဲမြို့နယ်၊ ကျေးရွာတစ်ခုမှာ ပြုလုပ်နေတဲ့ ကြက်ဝိုင်းလောင်းကစားရှိရာကို ယင်းမာပင်ခရိုင် အမှတ် (၁၁) တပ်ရင်းကျားသစ်နက်တပ်မတော် (Black Leopard Army) တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ဝင်ရောက်ဖမ်းဆီးမှုမလုပ်ခင် တစ်ရက်အလို မတ်လ ၁၄ရက်နေ့မှာ ပုလဲမြို့နယ်အခြေစိုက်တပ်ရင်းတွေနဲ့အတူ မြို့နယ်အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး အဖွဲ့အစည်းတွေက အစည်းအဝေးတစ်ခုလုပ်ဆောင်ခဲ့ပြီး ပုလဲမြို့နယ်အတွင်း လောင်းကစားဝိုင်းတွေ ကင်းစင်ပပျောက်ရေးကို ဦးစားပေးဆောင်ရွက်ကြဖို့ ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း၊ နောက်တစ်နေ့မှာတော့ အရပ်သားတွေရဲ့ သတင်းပေးချက်အရ အခုလို ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ယင်းမာပင်ခရိုင် အမှတ် (၁၁) တပ်ရင်း ကျားသစ်နက်တပ်မတော် (Black Leopard Army) က ပြောပါတယ်။

“ကျနော်တို့ ဆွေးနွေးမှုအပြီးမှာ လာရောက်တိုင်ကြားလို့ သွားဖမ်းတာပါ။ အရပ်သားပြည်သူတွေကိုတော့ ဖမ်းဆီးတာတွေ မလုပ်ပါဘူး။ ကျန်ခဲ့တဲ့ ဆိုင်ကယ်တွေကိုပဲ သက်သေခံအဖြစ် သိမ်းယူခဲ့တာပါ။ ” လို့ ယင်းမာပင်ခရိုင် အမှတ် (၁၁)တပ်ရင်းကျားသစ်နက်တပ်မတော် ( Black Leopard Army) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

သိမ်းဆည်းရမိသော ဆိုင်ကယ်များအား တွေ့ရစဥ်

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ဖမ်းဆီးချိန်မှာ လောင်းကစားပြုလုပ်သူတွေ ထွက်ပြေးသွားကြပြီး သက်‌သေခံအဖြစ် သိမ်းဆည်းရမိတဲ့  ဆိုင်ကယ်တွေကို မြို့နယ်ပြည်သူ့လုံခြုံရေးရုံးကိုပို့ဆောင်ရင်း လက်ကိုင်ဖုန်းကိုလည်း ပိုင်ရှင်ထံအပ်နှံခဲ့တယ်လို့ သိရပါတယ်။

သိမ်းဆည်းရမိတဲ့ ဆိုင်ကယ် (၃၂)စီးကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကားပေါ်တင်ဆောင်နေချိန်မှာ ၈ စီးကို ကူတွန်းသလိုလိုနဲ့ ပြန်လည်ယူဆောင်သွားခြင်းခံခဲ့ရတဲ့အတွက် စုစုပေါင်း (၂၄) စီးကိုပဲ ပ.လ.ဖ ရုံးထံ အပ်နှံနိုင်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် အမှတ် (၁၁)တပ်ရင်းကျားသစ်နက်တပ်မတော် (Black Leopard Army) က ပြောပါတယ်။

ပုလဲမြို့အပါဝင် မြို့နယ်အတွင်းက စစ်ကောင်စီစခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ထားနိုင်ချိန်မှာ အခုလို လောင်းကစားဝိုင်းတွေက စစ်ကောင်စီအကြိုက် ဖြစ်သွားနိုင်သလို (ကြက်၊ဖဲ၊ဂျင်) လောင်းကစားတွေကြောင့် တော်လှန်ရေးအပေါ် အားလျော့လာတာ၊ ကျေးရွာလုံခြုံရေးပြဿနာတွေနဲ့ နောက်ဆက်တွဲ မူးယစ်ဆေးဝါး ရောင်းချသုံးစွဲတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“ပုလဲနယ် နေရာတော်တော်များများမှာတော့ ထင်ထားတာထက် များတဲ့ လောင်းကစားဝိုင်းတွေလုပ်နေကြတယ်ဗျ” လို့ ယင်းမာပင်ခရိုင် အမှတ် (၁၁)တပ်ရင်းကျားသစ်နက်တပ်မတော် ( Black Leopard Army) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ယင်းမာပင်ခရိုင် အမှတ် (၁၁)တပ်ရင်း ကျားသစ်နက် တပ်မတော် (Black Leopard Army) အနေနဲ့လည်း တော်လှန်ရေးအပေါ် အနှောင့်အယှက် ဖြစ်စေမယ့်လုပ်ရပ်တွေကို ဖယ်ရှားရှင်းလင်းသွားမယ်လို့ ပြောထားပါသေးတယ်။

 

0 Shares:
You May Also Like
Read More

ဒီပဲယင်းမြို့နယ်အတွင်း ပျက်စီးနေသည့် လမ်းပိုင်းများကို ပအဖ နှင့် ဆည်မြောင်းဌာနတို့ ပြည်သူနှင့်အတူ ပြုပြင်ပေးခဲ့

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း ဇွန်လအစောပိုင်းက မိုးအဆက်မပျက်ရွာသွန်းမှုကြောင့်‌ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ကာ ပျက်စီးခဲ့တဲ့ မူးဘောင်လမ်းတွေကို အလျင်အမြန် ပြုပြင်ခဲ့ရတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

လှိုင်းဘွဲမြို့နယ် ကျေးနယ် အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူပြီး အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းကောက်ခံဖို့ အတင်းအဓမ္မတောင်းဆို

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်က စစ်ကောင်စီရဲ့ ဗျူဟာရုံးမှာ လှိုင်းဘွဲမြို့ပေါ်ရပ်ကွက် က ၊ ဃ အုပ်ချုပ်ရေးမှူးတွေနဲ့ ထော်ရွှဲ၊ အင်းနို့၊ သိပ္ပံ၊ ကေမာ့လဲ၊ တခြက္ဖိုး၊ နိုးကော၊ ကွမ်မောင်၊မြလေး၊ သာယာကုန်း၊ ဂျို့ချော၊ ဥဒေါင်း၊ တဝန်ဖန်ရ၊ ကျိုပကို၊ တေခးလို ကျေးနယ်အုပ်ချုပ်ရေးမှူးတွေ ခေါ်ယူပြီး လုံခြုံရေး အစည်းအဝေးနဲ့ မြို့နယ်ထွေအုပ်ရုံးမှာ စစ်မှုထမ်းခြင်း အကြောင်းအရာဆိုင်ရာ အစည်းအဝေးတွေ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ချင်းပြည်နယ် မြို့သိမ်းတိုက်ပွဲတွေမှာ မဟာမိတ်အဖြစ် ယောတပ်တော် ပါဝင်ခဲ့၊ ယောဒေသလွတ်မြောက်ရေးလည်း ဆက်လက်လုပ်ဆောင်မယ်

ချင်းပြည်နယ်က မတူပီ၊ မင်းတပ် မြို့သိမ်းတိုက်ပွဲတွေမှာ ချင်းညီနောင်တပ်တွေနဲ့အတူ ယောတပ်တော်က မဟာမိတ်အဖြစ် ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းငလျင်အပြီး အပစ်ရပ်ထားသည့် စစ်ကောင်စီက နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု ၅၂၈ ကြိမ် ပြုလုပ်ခဲ့၊ သေဆုံးသူ ၄၆၂ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၈၈၄ ဦး ရှိ

မြန်မာနိုင်ငံမှာ ထောင်နဲ့ချီ သေဆုံးခဲ့ရတဲ့ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု ၅၂၈ ကြိမ် ပြုလုပ်ခဲ့ရာ သေဆုံးသူ ၄၆၂ ယောက်ရှိပြီး ဒဏ်ရာရရှိသူ ၈၈၄ ယောက် ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေနံချောင်းမှာ ၁၈ ရက်ကြာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် မိုင်း ၂ ခါဆွဲခံရပြီး ၇ ယောက် သေဆုံး…

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ ကျေးရွာတွေထဲ ၁၈ ရက်ကြာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက်သေဆုံးပြီး အများအပြားထိခိုက်သွားတယ်လို့ TAMAR MYAY Special Column (တမာမြေအထူးလှုပ်ရှားစစ်ကြောင်း) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို အရေးယူနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းမည်ဟု NUG ထုတ်ပြန်

မန္တလေးတိုင်း၊ သပိတ်ကျင်း၊ လိပ်ကျရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုနဲ့အတူ နိုင်ငံတစ်ဝန်း စစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကို အရေးယူနိုင်ဖို့ အစွမ်းကုန်တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။