မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာပေါ်ကနေ ပစ်ခတ်မှုကြောင့် သက်တော် ၇၆ နှစ်အရွယ် ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူကာ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မတ်လ ၂၄ ရက်၊ မနေ့က မနက်ပိုင်းမှာ စလင်းမြို့နယ်၊ စလင်းချောင်းမြောက်ဘက်၊ ငါးသန်းခေါင်းအုပ်စု၊ ဂွေးကုန်းကျေးရွာမှာရှိတဲ့ ရွှေစံရာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက မကွေးလေဆိပ်တက် ဂျက်ဖိုက်တာ ၂ စင်းနဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“မနက် ၁၀ နာရီ ၅၀လောက်မှာ မကွေးက ဖိုက်တာ ၂ စီးနဲ့ လာပစ်သွားတာပါ။ ပွိုင့်ဖိုက် ကျည်နဲ့ ပစ်သွားတာ။ သက်တော်၇၆ နှစ်ရှိပြီဖြစ်တဲ့  ဦးပဉ္စင်းကြီး ထွန်းမောင်ကတော့ ပျံလွန်တော်မူသွားပါတယ်” လို့  စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ ဝါဒဖြန့်ချန်နယ်တွေမှာတော့ စလင်းမြို့နယ်ကို စစ်ကောင်စီက ကုန်းကြောင်း၊  လေကြောင်း အင်အားအလုံးအရင်းသုံးကာ စစ်ကြောင်းဝင် ရှင်းလင်းနေကြောင်းနဲ့ PDF တပ်ဖွဲ့ဝင် ၁၀၀ နီးပါး သေဆုံးကြောင်း ပွဲခံသတင်းဖြန့်ကြပါတယ်။

“သူတို့က လေကြောင်းကပဲ အားထားနိုင်တော့တဲ့အခြေအနေဗျ။ မြေပြင်ကနေ စစ်ကြောင်းဝင်တိုင်းလည်း ရွာကပစ္စည်းတွေ ယူပြီး မီးရှို့ကြတယ်။ မနေ့က (မတ်လ ၂၄) ငါးလင်ပမ်းရွာက အိမ်၄လုံးနဲ့ပိန္နဲပင်က အိမ်တစ်လုံး မီးရှို့ပြီးမှ ဆုတ်သွား​ပါတယ်” လို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မတ်လ ၆ရက်နေ့ကစတင်ပြီး စလင်း-ဆင်ဖြူကျွန်းလမ််းပိုင်းနဲ့ ဆင်ဖြူကျွန်း-တညောင်းလမ်းပိုင်းမှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီက အင်အားအလုံးအရင်းသုံးကာ စစ်ကြောင်း ဝင်ရောက်နေတာဖြစ်ပြီး ပြည်သူ့ကာကွယ်တပ်တွေနဲ့ ထိတွေ့မှုတွေလည်း ရှိနေပါတယ်။

အဲ့လိုစစ်ကြောင်းဝင်​ရောက်စဥ်အတွင်း အရပ်သားနေအိမ် ၃၀၀ နီးပါး မီးရှို့ဖျက်ဆီးခဲ့သလို ကျပင်းမြောက်ရွာက အရပ်သား၄ယောက်ကိုလည်း ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း၊ အလောင်းတွေကို မတ်လ ၂၂ ရက်နေ့မှာ ပြန်လည်ရှာတွေ့ပြီး သဂြိုလ်ပေးခဲ့တယ်လို့လည်း စလင်း ပအဖက ပြောပါတယ်။

လက်ရှိမှာတော့ အထက်ပါ အကြမ်းဖက်စစ်ကြောင်းဟာ လင်းဇင်းရွာမှာရောက်ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့သည့် ရွှေစံရာစေတီတော်ဝန်းကျင်နှင့် အရပ်သားအလောင်းများကို ရှာဖွေတွေ့ရှိစဥ် (ဓာတ်ပုံ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

0 Shares:
You May Also Like
Read More

ညောင်လေးပင်မြို့နယ်မှာ စစ်ရှောင်များနှင့် စစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူရဲ့ ကျန်ရစ်သူမိသားစုကို ကူညီထောက်ပံ့

ပဲခူးတိုင်း ၊ ညောင်လေးပင် မြို့နယ်အတွင်းက စစ်ရှောင်ပြည်သူများ နဲ့ အကြမ်းဖက်စစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူရဲ့ ကျန်ရစ်တဲ့ မိသားစုဝင်များကို ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ ၊ တော်ဝင်ဒေါင်းစစ်ကြောင်းက လှူဒါန်းထောက်ပံ့ပေးခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မြစ်ကြီးနား-တနိုင်းလမ်းရှိ ခွန်စိုင်ယာန်စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၇ ယောက်သေပြီး ၃ ယောက် အရှင်ဖမ်းမိ…

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းလမ်းရှိ ခွန်စိုင်ယာန်စစ်တပ်ဂိတ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ယောက်သေဆုံးပြီး ၃ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ကျောက်မဲမြို့နယ်တွင် စစ်အုပ်စု အသက်မပြည့်သေးသည့် မိန်းကလေးကို မုဒိမ်းကျင့်သတ်ဖြတ်မှုနှင့် သံဃာအပါ အရပ်သား ၃ ဦးကို သတ်ဖြတ်မှု ကမ္ဘာ့နိုင်ငံများ အရေးယူပေးရန် သျှမ်းကျောင်းသားသမဂ္ဂ တောင်းဆို

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်ကို အဓမ္မကျင့် သတ်ဖြတ်မှုနဲ့ သံဃာ ၁ ပါးအပါအဝင် အရပ်သား ၃ ယောက်ကို သတ်ဖြတ်ခဲ့မှုအပေါ် ကမ္ဘာ့နိုင်ငံတွေ အရေးယူပေးဖို့ တောင်းဆိုကြောင်း သျှမ်းကျောင်းသားသမဂ္ဂက ထုတ်ပြန်ပါတယ်။
Read More

ညောင်ရွှေမှာ စစ်တပ်နဲ့ PNA ပြည်သူ့စစ် လက်နက်ကြီး ပစ်ခတ်လို့ နေအိမ်တွေ ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ညောင်လေးပင်ရွာကို အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA အဖွဲ့က လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

လစဉ်ဆက်ကြေးကောက်ပြီး ပြန်လာသည့် ရဲကားကို ပကဖ ကြားဖြတ်တိုက်ခိုက်၊ စခန်းမှူးနှင့် ဗိုလ်အဆင့်ရှိသူ ၂ယောက်သေပြီး တပ်ကြပ်ကြီး အပြင်းအထန် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ လုပ်ငန်းရှင်တွေဆီက လစဥ်ကြေးကောက်ပြီး ပြန်လာတဲ့ ရဲကားကို လမ်းပိုင်းတစ်နေရာကနေ အသင့်စောင့်ကြိုတိုက်ခိုက်ရာ စခန်းမှူးနဲ့ ဗိုလ်အဆင့်ရှိသူ ၂ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံအင်းဘီလူးက မောင်းကို ပြောပါတယ်။
Read More

ဆီဆိုင်မြို့နယ်၊ တပူးထိုကျေးရွာမှာ PNO ပြည်သူ့စစ် မီးရှို့မှုကြောင့် နေအိမ် ၆ လုံး မီးလောင်ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ တပူးထိုကျေးရွာမှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာကို မီးရှို့တာကြောင့် ပြည်သူလူထု နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။