ပဲခူးတိုင်း၊ စစ်ကွင်းမြို့၊ အုတ်တွင်းကျေးရွာအနီး ရန်ကုန်-ပြည်လမ်းပိုင်းမှာ တပ်အထိုင်ချပြီး ပြည်သူ တွေထံက ငွေညှစ်နေတဲ့ စစ်ကွင်းတာဆုံ စစ်ဆေး‌ရေးဂိတ်ကို မတ်လ ၂၀ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ ထံက သိရပါတယ်။

တိုက်ခိုက်မှု ၁ နာရီခွဲကျော် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၇ သေကာ ၆ ယောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည် ၂၀ တောင့်၊ စစ်အသုံးအဆောင်တချို့နဲ့ ဆိုင်ကယ် ၁ စီးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ဆေးရေးဂိတ်ကို မီးရှို့ရှင်းလင်းခဲ့ပေမယ့် မီးအနည်းသာ လောင်ကျွမ်းခဲ့တဲ့အတွက် အဝေးထိန်း မိုင်းထောင်ခဲ့ရာ မတ်လ ၂၁ ရက် မနက်ပိုင်း ဘန်ကာမှာ လုံခြုံရေးပြန်လာယူတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၁ ယောက်သေပြီး ၄ ယောက် ထပ်မံ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ပြည်သူတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ သူတို့ရဲ့ ဒေါက်တိုင်တွေကို အရှိန်မြှင့် တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေအနီး သွားလာနေထိုင်ခြင်း လုံးဝ မပြုလုပ်ကြဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

အောင်ဇေယျစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်နေမှု မှတ်တမ်း (ရုပ်/သံ)

ကရင်ပြည်နယ် မြ၀တီမြို့နယ်၊လေးကေ့ကော်ဒေသက စစ်ကောင်စီရဲ့ အရေးပါတဲ့ စွယ်တော်ကုန်းကျပြီးတဲ့နောက် လက်ကျန် အောင်ဇေယျစစ်ကြောင်း နဲ့ ကရင်တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်နေတဲ့ ရုပ်သံကို တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ဖော်ပြလာပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်က လေယာဉ်နဲ့ ချပေးခဲ့တဲ့ လက်နက်ကြီးကျည်၊ ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ ယင်းမာပင်ဗျူဟာ ၄၂ သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်းအတွင်း ယင်းမာပင်ဗျူဟာ ၄၂ ရဲ့ စစ်ဆင်ရေးလှုပ်ရှားနေတဲ့ နေရာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ချပေးခဲတဲ့ လက်နက်ကြီးကျည်၊ ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြေပြင်တော်လှန်‌ ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ပခုက္ကူ-ကမ္မလမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု ၂ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ပခုက္ကူ-ကမ္မလမ်းပေါ်ရှိ ညောင်ဂျစ်ပင်ကျေးရွာရှိ အကြမ်းဖက်စစ် တပ်အထိုင်စစ်ဆေးရေးဂိတ်ကို စနိုက်ဘာတွေအပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ Six Senses Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် SSNDF / KNDF B-102 ရဲဘော်များ (ရုပ်/သံ)

ရှေ့တန်းစစ်မြေပြင်မှာ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်နေတဲ့ SSNDF / KNDF B-102 ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံတွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဇီးဖြူကုန်းကျေးရွာရှိ စစ်ကော်မရှင်တပ်သားတွေကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် ပျူခေါင်း‌ဆောင် ဝင်းဇော်အောင်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ ဇီးဖြူကုန်းကျေးရွာရှိ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ပျူခေါင်း‌ဆောင်သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့မှ သတင်းထုတ် ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နဲ့ ၂၉ ရက် ၂ ရက်ဆက် ဇီးဖြူကုန်းကျေးရွာရှိ အကြမ်းဖက်စစ် ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး ၄၅ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သား ပျူခေါင်းဆောင် ဝင်းဇော်အောင် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်သူ့ဘန်ကာများ ဖြိုချနိုင်ဖို့ မဟူရာ‌ရွှေဘိုသား PDF မှ RPG ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

ရွှေဘိုခရိုင်တပ်ရင်း ၄ လက်အောက်ခံ မဟူရာရွှေဘိုသား PDF က RPG ကမ်ပိန်းပြုလုပ်နေတယ်လို့ သိရပါတယ်။