စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ခမရ ၃၀၉ ကနေ အင်းတော်မြို့သို့ စစ်ကူလာတဲ့ အကြမ်းဖက်စစ် ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ ၃၃ ဘောက်သေပြီး ၃၁ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

ဗိုလ်မှူး လင်းထက် ဦးစီးတဲ့ ခမရ ၁၀၆၊ ၃၀၆၊ ခလရ ၆ ပူးပေါင်းအင်အား ၁၅၀ ခန့်ကို KIA၊ KPDF၊ ကသာခရိုင်တပ်ရင်း ၁၊ မိုးတားတိုက်နယ် ပကဖနဲ့ ကသာမြို့နယ် ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ MA-1 ၂၉ လက်၊ MA-2 ၆ လက်၊ MA-3 ၁၂ လက်၊ MA-4 ၃ လက်၊ MA-11 ၁ လက်၊ MA-15 ၁ လက်၊ Anti Drone Gun ၁ လက်၊ MA-10 ဗုံးသီး ၃၇ လုံး၊ MA ကျည် ၈၀၀၀ တောင့်၊ MA-15 ကျည် ၂၀၀၀ တောင့်၊ ၆၀ မမ ဗုံးသီး ၁၇ လုံး၊ ကျည်အိမ် ၁၁၃ ခု၊ ကျောပိုး Jammer ၁ ခု၊ ဆက်သွယ်ရေးစက် ၁ လုံး၊ အထိုင်ဖုန်း ၁ လုံးနဲ့ ကျည်ကာဦးထုပ် ၁၂ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)မှ ရဲဘော်အသစ်များ ခေါ်ယူနေ (ရုပ်/သံ)

တောင်ပိုင်းစစ်ဒေသ ၊ အမှတ်(၃၂) ဗျူဟာ၊ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)မှ တာဝန်ထမ်းဆောင်ဖို့ ရဲဘော်အသစ်တွေကို လက်ခံခေါ်ယူနေတယ်လို့ သိရပါတယ်။
Read More

အသက် (၁၃) နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးရန် မြို့ခံပြည်သူများ တောင်းဆို (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ဆောမြို့မှာ အသက် (၁၃) နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးဖို့ အောက်တိုဘာ ၂၆ ရက်မှာ မြို့ခံပြည်သူတွေက တောင်းဆိုခဲ့ကြပါတယ်။
Read More

ယနေ့မနက် ကွတ်ခိုင်မြို့ကို စစ်ကောင်စီ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် ပြည်သူ ၆ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ လူနေရပ်ကွက်အတွင်းကို ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်အပါအဝင် ပြည်သူ ၅ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခလရ(၉၄) ကိုယ်ပိုင်အမှတ်- တတ/၁၃၃၀၆၂ တပ်သား- သောင်းထက်၏ ပြောကြားချက် (ရုပ်/သံ)

''မန္တလေးဘူတာကြီးမှာ ဆန်ပေးမယ်၊ ဆီပေးမယ်၊ ပိုက်ဆံ တစ်သိန်းပေးမယ်၊ နှစ်သိန်းပေးမယ်ဆိုပြီး စစ်သားစုဆောင်းခံခဲ့ရတာ။ ကျွန်တော်အရင်ထဲက စစ်သားမလုပ်ချင်ဘူး။ သူတို့က ကြီးနိုင်ငယ်ညှင်းနှိပ်စက်တယ်။ စစ်သားမလုပ်ချင်တော့ဘူး''
Read More

မြန်မာပြည်သူများနှင့်အတူ ပြန်လည်ထူထောင်ရေး ကူညီဖို့အသင့်ရှိကြောင်း အမေရိကန်သံရုံး ထုတ်ပြန် (ရုပ်/သံ)

ငလျင်ဒဏ်ခံစားနေရတဲ့ မြန်မာပြည်သူပြည်သားတွေနဲ့ စည်းလုံးညီညွတ်စွာ ရပ်တည်ပြီး ပြန်လည် ထူထောင်ရေးကြိုးပမ်းမှုကို ကူညီဖို့ အသင့်ရှိကြောင်း အမေရိကန်သံရုံး အကြီးအကဲ ဆူဆန်စတီဗင်ဆင်က ပြောကြားခဲ့ပါတယ်။
Read More

တိုက်ပွဲ ၃ လကျော် ကြာမြင့်လာပြီဖြစ်သည့် ဗန်းမော်မြို့တွင်းအခြေအနေ (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့တွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး မတ်လ ၁၂ ရက်နေ့က အထက ၂၊ ရုံးကြီးတစ်ဝိုက်နဲ့ စကစ ၂၁ အတွင်းပိုင်းတွေမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွါးခဲ့တယ်လို့ Banmaw Scout Team ရဲ့ ဖော်ပြချက်အရ သိရပါတယ်။