ထိုင်းနိုင်ငံမှာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရရှိခဲ့တဲ့ ဒေါက်တာစင်သီယာမောင်ကို NUG ရဲ့ ပညာရေးဝန်ကြီးဌာနက ဝမ်းမြောက် ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာကို မနေ့က မတ် ၁၈ရက်နေ့မှာပေးပို့လိုက်တာပါ။

ဒေါက်တာစင်သီယာမောင်ဟာ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်က ကျင်းပခဲ့တဲ့ နရီစူဝမ်တက္ကသိုလ်ရဲ့ ၂၀၂၃ ပညာသင်နှစ် ဘွဲ့နှင်းသဘင်မှာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (အာဆီယံလေ့လာမှု) ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဂုဏ်ထူးဆောင်လက်မှတ်နှင့်အတူ တွေ့ရသည့် ဒေါက်တာ စင်သီယာမောင် (ဓာတ်ပုံ Mae Tao Clinic)

ဒေါက်တာစင်သီယာမောင် က မယ်တော်ဆေးခန်းကို ၁၉၈၉ ခုနှစ်မှာ စတင်ပြီး မြန်မာ-ထိုင်း နယ်စပ် မဲဆောက်မြို့မှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

အထူးသဖြင့် တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာဒုက္ခသည်တွေအတွက် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးဆိုင်ရာကိစ္စတွေမှာ နှစ်ပေါင်းများစွာ ထောက်ပံ့ကူညီနေတဲ့ လူမှုရေးလုပ်ငန်းတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ခင်ဦးမြို့ပေါ် တိုက်ပွဲမှာ ရဲဘော် နွေဦး ကျဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေမှု့ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့ရကြောင်း သိရပါတယ်။
Read More

မိုးကုတ်မြို့ကို အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာဖြင့် ဒီနေ့ည ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဒီနေ့ ည ၈ နာရီခွဲဝန်းကျင်မှာ ဗုံးတွေ လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။ 
Read More

ရေဖြူနယ် ရန်ကင်းတံတား ကာကင်းစခန်းက စစ်ကော်မရှင်တပ်သားတစ်ဦး အလင်းဝင်ရောက်လာ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရန်ကင်းတံတား ကာကင်းစခန်းက စစ်ကော်မရှင်တပ်သားတစ်ဦးဟာ ၄င်းတို့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ Dawei Guerrilla Revolutionary Force - DGRF တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ရန်ကင်းကျေးရွာ၊ ရန်ကင်းတံတား ကာကင်းစခန်းမှာ တာဝန်ကျနေတဲ့ ခလရ (၂၅) တပ်ရင်းက တပ်သား ဦးဇင်မင်းဟာ Dawei Guerrilla Revolutionary Force - DGRF တပ်ဖွဲ့ထံ ဆက်သွယ်ပြီး အလင်းဝင်ရောက်ခဲ့တယ်လို့ သိရတာပါ။
Read More

မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်းထုတ်ဖို့ကိစ္စ CDM စစ်သားနဲ့ရဲတွေ ကြိုဆို

CDM လုပ်ထားတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေက မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ICC ရှေ့နေရဲ့ လျှောက်ထားမှုအပေါ် အထူးပင် ဝမ်းမြောက်စွာ ကြိုဆိုကြတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဒီနေ့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အာဂျင်တီးနားတရားရုံးရဲ့ ဖမ်း၀ရမ်းစာရင်းမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ကို ဖယ်ရှားပေးဖို့ NUG တောင်းဆို

အာဂျင်တီးနားနိုင်ငံ တရားရုံးက နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နဲ့  လက်ရှိနိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို လူမျိုးတုံးသတ်ဖြတ်မှု နဲ့  စစ်ရာဇဝတ်မှု အမှန်တကယ် ကျူးလွန်ခဲ့တဲ့ မင်းအောင်လှိုင်နဲ့အတူ  တရားခံစာရင်းမှာ ထည့်သွင်းထားတာကြောင့်၊ ဖမ်းဝရမ်း ထုတ်ခြင်းကနေ ဖယ်ရှားပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ ဖေဖော်ဝါရီလ ၁၈ ရက်ညပိုင်းမှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
Read More

အင်အား ၇၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ PNO ပြည်သူ့စစ် တိုက်ပွဲတွေအတွင်း အယောက် ၂၀၀ ထက်မနည်းသေဆုံး… အဆိပ်ပါတဲ့ လက်နက်ကြီးတွေကိုပါ စစ်တပ်က အသုံးပြုတိုက်ခိုက်နေ…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ အင်အား ၇၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ PNO ပြည်သူ့စစ် တိုက်ပွဲတွေအတွင်း အယောက် ၂၀၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။