အာဏာသိမ်း စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ပေးခဲ့တဲ့ ကနေဒါနိုင်ငံနဲ့ ဆွစ်ဇာလန်နိုင်ငံတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြိုဆိုအသိအမှတ်ပြုကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။

ဦးကျော်ဇောက  “ပြည်သူလူထု နှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် – ၆/၂၀၂၅” မှာ အခုလို ထည့်သွင်းပြောကြားလိုက်တာပါ။

“အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကနေဒါနဲ့ ဆွစ်ဇာလန်နိုင်ငံတို့ရဲ့ အကြမ်းဖက်စစ်အုပ်စုအပေါ် အရေးယူမှုကြေညာချက်များကို ကြိုဆို အသိအမှတ်ပြုကြောင်း ပြောကြားလိုပါတယ်။” လို့ ဦးကျော်ဇောက ဆိုပါတယ်။

ကနေဒါနိုင်ငံက အကြမ်းဖက်စစ်ကောင်စီ အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့  ဝန်ကြီးနဲ့ ဒုဝန်ကြီး ၁၃ ယောက်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်တပ် နဲ့ တပ်မ ၃၃ တို့ကို မတ် ၈ ရက်မှာ ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့တာပါ။

ဆွစ်ဇာလန်နိုင်ငံကလည်း မတ် ၁၁ ရက်မှာ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့ပါတယ်။

အခုလိုပိတ်ဆို့အရေးမှုတွေအပြင် နိုင်ငံတကာအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို လောင်စာဆီ၊ ငွေကြေး၊ စစ်လက်နက်၊ နည်းပညာအကူအညီ ပေးတာတွေ ရပ်ဆိုင်းဖို့ ထပ်မံတောင်းဆိုတယ်လို့လည်း ဦးကျော်ဇောက ဆိုပါတယ်။

“စစ်ကောင်စီထံ လောင်စာဆီ နှင့် ငွေကြေးပံ့ပိုးမှုအားလုံးကို ရပ်ဆိုင်းကာ လက်နက်၊ ပစ္စည်းနှင့် နည်းပညာ အကူအညီများ လွှဲပြောင်းပေးခြင်းကိုလည်း ရပ်ဆိုင်းရန် အမျိုးသားညီညွတ်ရေးအစိုးရက ထပ်မံတောင်းဆိုလိုပါတယ်” လို့ ဦးကျော်ဇောက ပြောပါတယ်။

စစ်ရာဇတ်ဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲဲ့ အာဏာသိမ်းစစ်တပ်ကို စစ်လက်နက်နဲ့ လောင်စာဆီတွေ ပံ့ပိုးနေတဲ့ နိုင်ငံတွေကို ကန့်ကွက်သလို ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်ပေးဖို့ ကုလအပါအဝင် နိုင်ငံတကာကို အရပ်ဖက်အဖွဲ့အစည်းတွေက ဆက်တိုက်တောင်းဆိုလျက်ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

ဆိပ်ဖြူအခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် လေကြောင်းရန် ကာကွယ်ရေးတပ်က ဒုတပ်ကြပ် ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ ဆိုင်ကယ် ၁ စီး ယူဆောင်ပြီး အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကောလင်းခရိုင်တပ်ရင်း ၂ ဆီ လက်နက်နဲ့ အလင်းဝင်လာသူတွေကို ကျပ်သိန်း ၃၀ စီ ဆုချီးမြှင့်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့တွင်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း ၂ ထံ လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကျပ်သိန်း ၃၀ စီ ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေး ဂရိတ်ဝေါဟိုတယ်အတွင်း ပိတ်မိနေသူများကို ကယ်ဆယ်ထုတ်ယူခွင့်မပြုသည့်အပေါ် ဝေဖန်တောင်းဆိုမှုများ မြင့်တက်နေ

ငလျင်ဒဏ်အပြီး တစ်ပတ်နီးပါးရှိလာချိန် ဟိုတယ်အတွင်း ကျန်ရစ်တဲ့ ပိတ်မိနေသူတွေကို  ကယ်ဆယ်ရှာဖွေခွင့် ကန့်သတ်ပိတ်ပင်ထားတဲ့ မန္တလေး ဂရိတ်ဝေါဟိုတယ်အပေါ်  ကျန်ရစ်တဲ့ မိသားစုဝင်တွေက ငိုယိုအကူညီတောင်းခံနေကြကြောင်း သိရပါတယ်။ 
Read More

မအူပင်မှာ တော်လှန်ရေးတပ်ဖွဲ့များနဲ့ ပတ်သက်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသူများထဲက ၇ ယောက် စစ်မှုထမ်းပို့ဆောင်ခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရသူတွေထဲကနေ လူငယ် ၇ယောက်ကို အကြမ်းဖက်စစ်တပ်က စစ်သင်တန်းကျောင်းကိုပို့ဆောင်လိုက်ကြောင်း စစ်တပ်နဲ့နီးစပ်တဲ့သူတွေထံက သိရပါတယ်။
Read More

ဖယ်ခုံမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂ နှစ်အောက် ကလေး ၂ ယောက်အပါ ဒေသခံ ၇ ယောက် သေဆုံးခဲ့…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂ နှစ်အောက် ကလေး ၂ ယောက်အပါ ဒေသခံပြည်သူ ၇ ယောက် သေဆုံးခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂ ( တပ်ရင်းအမှတ် - ၁၀၀၆ ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝမ်းတွင်းမြို့အနီး ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ဧပြီလ ၁၉ ရက် ဒီနေ့ မနက် ၇နာရီ ၅၀ မိနစ်အချိန်မှာ ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ NUG လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ပါတယ်။