မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်မ ၉၉ လက်အောက်ခံ၊ ခမရ -၁၅ စစ်ဆေးရေးဂိတ်ကို ပြောက်ကျားပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။

မတ်လ ၁၈ ရက်၊ မနေ့က ညနေပိုင်းမှာ အနီးကပ် သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေအပြင် ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

“မနေ့က ညနေ ၃ နာရီ မိနစ် ၂၀ လောက်မှာ ရဲဘော်တွေက သွားရောက်တိုက်ခိုက်ခဲ့တာပါ။ မဟာမိတ်ရဲဘော်တွေနဲ့ လက်တွဲညီညီ ပြောက်ကျားနည်းစနစ် သုံးခဲ့တာပေါ့။ စကစဘက်က ထိခိုက်သေဆုံးမှုတွေရှိ​တယ်။ အသေးစိတ်က စုံစမ်းနေဆဲပါ။ ကျနော်တို့ဘက်က ထိခိုက်မှုမရှိပါဘူး” လို့ Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) တပ်ဖွဲ့နဲ့အတူ Anyar Federal Task Force (AFTF)၊ ဝံပုလွေပြောက်ကျားအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့​ဝင်တွေကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့တဲ့ စစ်ကောင်စီဟာ မနေ့ကညပိုင်းမှာ ခမရ ၁၅ တပ်ထဲကနေ လက်နက်ကြီး ဟောင်ဝစ်ဇာ ရမ်းသမ်းပစ်ခတ်တာမျိုးတွေ ရှိခဲ့တယ်လို့လည်း ဗိုလ်မိုက်ခဲက ပြောပါတယ်။

ခမရ ၁၅တပ်ရင်းရဲ့ စစ်ဆေးရေးဂိတ် အပါအဝင် မြင်းခြံမြို့ရဲ့ ဝင်ပေါက်ထွက်ပေါက်မှာရှိတဲ့ အကြမ်းဖက် စစ်ဆေးရေးဂိတ်တွေကို Myingyan Black Tiger (MBT) က မကြာခဏဆိုသလို ပြောက်ကျားနည်းစနစ်နဲ့ ဝင်ရောက်တိုက်ခိုက်နေတာကြောင့် စစ်အုပ်စု​ဘက်က ထိခိုက်သေဆုံးမှုတွေရှိနေတာ ဖြစ်ပါတယ်။

MBT နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ဖို့ကြိုးစားနေစဥ် (ဓာတ်ပုံ MBT)

0 Shares:
You May Also Like
Read More

ခလရ ၂၅၅ တပ်ရင်းမှ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၁ ဦး လက်နက်မဲ့အလင်းဝင်လာ

၏ မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ( ၁၀၁ )လက်အောက်ခံ ခလရ ၂၅၅ တပ်ရင်းက စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

“Hope & Resilience” Photo Exhibition ဒုဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်…

နွေဦးတော်လှန်ရေး လေးနှစ်ပြည့်အဖြစ် ဖေဖော်ဝါရီလ ၁ ရက် ဒီနေ့မှာ "Hope & Resilience" လေးနှစ်တာကာလ မြန်မာ့ဒီမိုကရေစီခရီးလမ်း မှတ်တမ်းဓါတ်ပုံပြပွဲကို ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ Mulgrave community center မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဟုမ္မလင်းအခြေစိုက် ခမရ (၃၆၉) တပ်ရင်းက စစ်သား ၁ ယောက် လက်နက်မဲ့ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့နယ်အခြေစိုက် ခမရ(၃၆၉) တပ်ရင်းက စစ်သား ၁ ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ Earthquake People’s Defence  Force က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

TNLA ရဲ့ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး အပတ်စဥ် (၂) သင်တန်းဆင်းပွဲနဲ့ အပတ်စဥ် (၃) သင်တန်းဖွင့်ပွဲ

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်နယ်မြေ တစ်နေရာမှာ TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက ဦးစီးဖွင့်လှစ်တဲ့ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး အပတ်စဥ် (၂) သင်တန်းဆင်းပွဲနဲ့ အပတ်စဥ် (၃)သင်တန်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

တောင်ငူလေတပ်စခန်းနဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို တစ်နေ့တည်း ရှော့တိုက်ဒုံး ၉ လုံး ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အရပ်သားပြည်သူတွေကို သတ်ဖြတ်နှိပ်စက်နေတဲ့ လေတပ်စခန်း (ကေတုမတီ)နဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) တို့ကို ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရိုဟင်ဂျာ ၆၀၀ ကျော်သတ်ဖြတ်ခံရကြောင်း စွပ်စွဲခံရမှုအပေါ် သေဆုံးသူများသည် စစ်ကောင်စီတပ်သားများသာ ဖြစ်ကြောင်း AA ငြင်းဆို

ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေကနေ စွပ်စွဲထားသလို အာရက္ခတပ်တော် (AA) ဟာ ရိုဟင်ဂျာတွေကို သတ်ဖြတ်ခဲ့တာ မဟုတ်ကြောင်း AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ်လ ၁၁ ရက် ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။