ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကျေးရွာတွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းညီနောင်ဒရုန်းတပ်ဖွဲ့ – PBDF ထံက သိရပါတယ်။

မတ်လ ၆ ရက် မနက်ကနေ ညနေပိုင်းအထိ ညောင်ဇင်ကျေးရွာမှာ အင်အား ၇၀ နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ်လ ၇ ရက်ကနေ ၉ ရက်အထိ ရန်တောင်ကျေးရွာမှာ တပ်စွဲအထိုင်ချထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ရာ ၆ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို ဒေါင်းညီနောင်စစ်ကြောင်း၊ ဒေါင်းညီနောင်ဒရုန်းတပ်ဖွဲ့နဲ့ T5Wings ဒရုန်းတပ်ဖွဲ့၊ DRAGON SQUAD DRONE FORCE တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တရုတ်ဂတ်စ်ပိုက်လိုင်းစောင့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်မှာရှိတဲ့ တရုတ်ဂတ်စ်ပိုက်လိုင်းစောင့်နေတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်သားတွေကို ဧပြီ ၂၄ ရက် ညနေပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပုလောမြို့နယ်အတွင်းရှိ စစ်ကော်မရှင်၏ တမိုင်းတောင်စခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ရရှိ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းရှိ စစ်ကော်မရှင်ရဲ့ တမိုင်းတောင်စခန်းကုန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ KNU - Mergui-Tavoy District က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း အလင်းဝင်လိုသည့် စစ်ကောင်စီတပ်သား ၃ ဦးကို Spring Warriors Column ရဲဘော်များ သွားရောက်ခေါ်ဆောင် (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နောင်ကုန်းကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား တွေထဲက အလင်းဝင်ချင်တဲ့ တပ်သား ၃ ယောက်ကို သွားရောက်ခေါ်ဆောင်ခဲ့တယ်လို့ Spring Warriors Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဇဂျမ်းစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်မှု စစ်သား ၃ ယောက်သေကာ ဘန်ကာ ၃ လုံးနဲ့ ခဲယမ်းဂိုဒေါင်ကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဇဂျမ်းစစ်ဆေးရေးဂိတ်ကို မတ်လ ၁၃ ရက်က တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းထံက သိရပါတယ်။
Read More

မြို့သစ်မြို့အဝင်ဂိတ်အား တော်လှန်ရေးတပ်များ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၅ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း မြို့သစ်မြို့မြောက်ဘက် မြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်အား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေဆုံးခဲ့တယ်လို့ People's Defence Force - Natmauk က ဒီကနေ့ညမှာ သတင်းထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၂၉ ရက် ညပိုင်းက မြို့သစ်မြို့မြောက်ဘက်ခြမ်းရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရတာပါ။
Read More

ခင်ဦးမြို့နယ်၊ မဒေါင်းလှ ပျူစောထီးရွာကို PDF တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှ ပျူစောထီးရွာကို PDF တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Dragon Urban Guerrilla အဖွဲ့က ထုတ်ပြန်ပါတယ်။