ပဲခူးတိိုင်း၊ ကျောက််တံခါးမြို့နယ်၊ ရန်ကုန် -နေပြည်တော် အမြန်လမ်းပေါ်က အကြမ်းဖက်စစ်တပ်ဂိတ်ကို  ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၄ယောက်သေပြီး ၃ယောက်ထိိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးခရိုင် ပကဖက ပြောပါတယ်။

မတ်လ ၁၅ရက်၊ မနေ့က မနက်အစောပိုင်းမှာ ရန်ကုန်-နေပြည်တော် အမြန်လမ်း ၁၀၁မိုင် အနီးကဆင်ဇလုပ်စစ်ကောင်စီဂိတ်ကို တော်လှန်ရေးတပ်​တွေက ဝင်ရောက်တိုက်ခိုက်ရင်း ၄၅မိနစ်ကြာ အပြန်အလှန်ထိတွေ့မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“အမြန်လမ်းက စက္ကန့် ၃၀ တစ်ခါခြားပြီး ကားတစ်စီးနှုန်းဖြတ်နေတော့ စစ်ရေးမစ်ရှင်ဖော်ဆောင်ဖို့ ခက်ခဲတာတွေ ရှိခဲ့တယ်” လို့ ၃၇၀၁ ဒုရင်းမှူး မင်းခေါင်ကလည်း ပြောခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို အမှတ်(၂၂) ဗျူဟာ ၃၇၀၁ (ဒု.တပ်ရင်း အထူးစစ်ဆင်ရေးအဖွဲ့)နဲ့ ရန်ကုန်မြောက်ပိုင်းခရိုင် ပကဖ ခွဲ၂တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ သတ်မှတ်နေရာကို ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ၏ ဆင်ဇလုပ်ဂိတ်ကို တွေ့ရစဥ်
0 Shares:
You May Also Like
ရာအိမ်မှူးထံမှ​ သိမ်းဆည်းရမိသည့် သန်းခေါင်စာရင်းကောက်ယူထားတဲ့အချက်အလက်များ (ဓာတ်ပုံ BTZM GBK PDF)
Read More

ဇီးကုန်းမှာ ရာအိမ်မှူးရှင်းခံရမှာစိုးလို့ စစ်ကူလာတဲ့ စစ်အုပ်စုတွေ မိုင်းဆွဲတိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ ဇီးကုန်းမြို့နယ်မှာ ရာအိမ်မှူးအိမ်ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ၂ ကြိမ်တိုင်တိုင် ထိတွေ့မှုဖြစ်ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ BTZM GBK PDF အဖွဲ့တာဝန်ခံ ကိုတေဇာမင်းက မောင်းကိုပြောပါတယ်။
Read More

ဂန့်ဂေါမြို့ပေါ် ပေါက်ကွဲသံကြားပြီးနောက် စစ်အုပ်စု ကျင်းပသည့် သီတင်းကျွတ်ဂီတပွဲတော် ပွဲပျက်သွားဟု ဆို

မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်တစ်နေရာမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီးနောက် စစ်အုပ်စု ကျင်းပတဲ့ သီတင်းကျွတ်ဂီတပွဲတော် ပွဲပျက်သွားတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ကော်ဘရာစစ်ကြောင်း ၂ (Venom Column) မှ စစ်သင်တန်းဆင်းရဲဘော်များကို ဘတ် ၅ သိန်းကျော်တန်ဖိုးရှိ စစ်ဝတ်စုံများ တပ်ဆင် (ဓာတ်ပုံသတင်း)

တောင်ပိုင်းစစ်ဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဆင်နွှဲနေတဲ့ ကော်ဘရာစစ်ကြောင်း ၂ (Venom Column) ရဲ့ စစ်ကြောင်းမှူးက စစ်သင်တန်းဆင်းရဲဘော်တွေကို ဘတ်ငွေ (၅) သိန်းကျော် တန်ဖိုးရှိတဲ့ ကျည်ကာတွေနဲ့အတူ ဦးထုပ်၊ အီကွေ့မန့်တွေ တပ်ဆင်ပေးခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

⁨ပေါက်ခေါင်းမှာ စစ်တပ်အတွက် ရိက္ခာပို့ကားကို ကြားဖြတ်တိုက်ခိုက်၊ ကားပေါ်ပါလာတဲ့ စစ်သားအားလုံး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေရှိရာကို ရိက္ခာလိုက်လံပို့နေတဲ့ ရိက္ခာသည်ယာဉ်ကို ကြားဖြတ်တိုက်ခိုက်ရာ ကားပေါ်မှာပါလာတဲ့ စစ်ကောင်စီတပ်သား (၉) ယောက်လုံး သေဆုံးသွားတယ်လို့  ပြည်ခရိုင်တပ်ရင်း ၃၆၀၁ PPDF တပ်ရင်းထံက သိရပါတယ်။ 
Read More

ပုလောမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားသည့် တမိုင်းတောင်စခန်းကုန်းကို KNU တပ်များ တိုက်ခိုက်သိမ်းပိုက်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ တမိုင်းတောင်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင် က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စက်တပ်လေထီးတွေကို တန်ပြန်ခြိမ်းခြောက်ဖို့ လိုအပ်နေပြီလား

အတုအယောင် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စစ်ကော်မရှင်က တော်လှန်ရေးအင်အားစုတွေကို ဖယ်ရှားဖို့၊ သူတို့အပေါ် ဆန့်ကျင်မှုတွေကို ဖိနှိပ်ဖို့၊ ပြည်သူလူထုကို အကြောက်တရားသွင်းဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။