စစ်ကောင်စီက လက်ပန်လှကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှုအတွက် အပြစ်ပေးအရေးယူနိုင်ဖို့ လုပ်ဆောင်မယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အမှတ် (၃၀၂၇) လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း၊ တံတားဦး လေတပ်စခန်းမှ YAK-130 ဂျက် ဖိုက်တာတို့ဖြင့် တိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူတွေ အများအပြားသေဆုံးခဲ့ရတာပါ။

တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့သူတွေကို အပြစ်ပေးအရေးယူနိုင်ရေး နိုင်ငံတကာက သိရှိရန်လုပ်ဆောင်မယ်လို့ သိရပါတယ်။

ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာ လက်ကိုင်ဆွဲထားပြီး အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန် လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း အသက် (၄)လအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ကလေးခြောက်ဦး၊ စုစုပေါင်း ပြည်သူ(၂၇)ဦး သေဆုံးပြီး ၃၈ဦး ထိခိုက်ဒဏ်ရာရကာ  ပြည်သူပိုင်နေအိမ်နှစ်လုံး မီးလောင်ပြာကျခဲ့ရပါတယ်။

စဉ့်ကူးမြို့နယ်၊ မိုးကုတ်-မန္တလေးကားလမ်းဘေးရှိ လက်ပန်လှကျေးရွာအာယ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မတ်လ ၁၄ရက် ညနေ ၃နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရသေ့တောင်တွင် စစ်တပ် ဂျက်လေယာဥ် ၂စီးဖြင့် ရော့ကတ်များ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅ ဦး သေဆုံး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဂျက်လေယာဥ် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၅ ယောက် သေဆုံးကာ ၆ ယောက် ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော် AA က မနေ့ညက ထုတ်ပြန်ပါတယ်။
Read More

ရေနံချောင်းနယ်ဘက်ကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၃ ဦး သေဆုံး

မကွေးတိုင်း ၊ ရေနံချောင်းမြို့နယ်ထဲကို အင်အားအများအပြား နဲ့ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုမိုင်းဆွဲခံရတဲ့အတွက် ထိခိုက်သေဆုံးတာတွေရှိတယ်လို့ People's Defence Force -Yenangyaung (YNG-PDF) တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

တော်လှန်ရေး ကြာမြင့်လာသည်နှင့်အမျှ လုပ်ဆောင်မှုတိုင်းက ချက်ချင်းမြင်သာသည့် အကျိုးရလဒ်များ ဖော်ပြနိုင်ရန် လိုအပ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် ပြော

အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်နေတဲ့ နွေဦးတော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ လုပ်ဆောင်မှုတိုင်းဟာ ချက်ချင်း မြင်သာတဲ့ အကျိုးရလဒ်တွေ ဖော်ပြနိုင်ဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။
Read More

နတ်တလင်းတွင် စစ်ကော်မရှင်ကို ငွေပေးပြီး လောင်းကစားဝိုင်းလုပ်နေသည့် ရာအိမ်မှူးကို ပစ်ခတ်ရှင်းလင်း…

" ရာအိမ်မှူးစလုပ်တာက စကစလက်အောက်ကျမှပါ၊ သူ့ကြောင့် ဖမ်းဆီးခံရတာမျိုးထက် ပေါ်တာအဆွဲခံရတာမျိုးတွေတော့ ရှိပါတယ်၊ သူလက်ထောက်ချတာပေါ့ ၊ စစ်တပ်ကို ငွေပေးပြီး လောင်းကစားဝိုင်း အဓိက ကြက်ဝိုင်း အမြဲလုပ်လေ့ရှိပါတယ်၊ နောက်ပြီး စစ်မှုထမ်းကြေးကောက်တာ၊ စကစတွေကင်းပတ်ရင် အတူလိုက်ပါတာတွေရှိပါတယ်" လို့ BRA တပ်ခွဲမှူး ရဲဘော်လကျ်ာက မောင်းသတင်းဌာနကို ပြောပါတယ် ။
Read More

ရေး – ထားဝယ်လမ်းမပေါ် အမတ (၃၁၆) အမြောက်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့

မွန်ပြည်နယ်၊ ရေး-ထားဝယ်လမ်းပိုင်းက အမတ (၃၁၆) အမြောက်တပ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Mon State Revolutionary Force - MSRF က သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမြို့အနီးတစ်ဝိုက်ကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၇.၇အဆင့်နှင့် ၆.၄ အဆင့်ရှိ အင်အားပြင်း ငလျင် ၂ ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိလေ့လာရေး အသင်း ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာကို ဗဟိုပြုပြီး ဒီနေ့ နေလယ် ၁၂ နာရီ ၅၀ မိနစ်အချိန်မှာ ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိလေ့လာရေး အသင်း (USGS) က ထုတ်ပြန်ထားပါတယ်။