အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဒေသ(၃) ရှမ်းတောင်အထူးတပ်ဖွဲ့ P3-9702 ရဲဘော်တွေကို ဖောက်ခွဲရေးနည်းပညာများ လေ့ကျင့်သင်ကြားပေးနေတဲ့ မှတ်တမ်းရုပ်သံကို Urban Operation Columnမှ ထုတ်ပြန်လိုက်ပါတယ်။

ဖောက်ခွဲရေးနည်ပညာဟာ တော်လှန်ရေးစစ်ပွဲတွေအတွက် အရေးပါတဲ့ ကဏ္ဍမှ ပါဝင်ပြီး ရန်သူ့ ရဲ့တိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ဖို့နဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ လုံခြုံရေးနဲ့ စစ်ရေးအောင်မြင်မှုကို မြှင်တင်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

လက်ရှိ Urban Operation Column (မြို့ပြစစ်ဆင်ရေးစစ်ကြောင်း) မှ အခြေခံစစ်ပညာသင်တန်း၊ အထူးမြို့ပြစစ်ဆင်ရေးသင်တန်းများ တက်ရောက်နိုင်မယ့် တပ်သားသစ်တွေ ခေါ်ယူလျက်ရှိတယ် လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ခွန်အားမျှပါ သိန်းငါးထောင် ကမ်ပိန်းကနေ ဝယ်ယူထားတဲ့ ဒရုန်း (ရုပ်/သံ)

ခွန်အားမျှပါ သိန်းငါးထောင်ကမ်ပိန်းက ရရှိလာတဲ့ ငွေကြေးနဲ့ ဝယ်ယူထားတဲ့ ဒရုန်းကို Eagle wings Drone Force အဖွဲ့က ပြည်သူတွေထံ ပြသလိုက်ပါတယ်။
Read More

သရက်ချောင်းမြို့နယ် လဘရွာအတွင်း နေအိမ်များ မီးရှို့နေသည့် အကြမ်းဖက်စစ်သားများကို တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ လဘရွာမှာ နေအိမ်တွေကို မီးရှို့နေတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ထားဝယ်က မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် တပ်မ ၁၀၁ မှ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ယောက်သေခဲ့တယ်လို့ ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလမ်းမပေါ် တော်လှန်ရေးပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်တပ် တိုက်ပွဲဖြစ် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလမ်းမပေါ်မှာ တော်လှန်‌ရေး ပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားအများအပြား သေဆုံးခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမြို့နယ်မှာ လူထောင်ချီပူးပေါင်းပါဝင်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်ပွဲ ပြုလုပ် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်‌ရေး လူထုလမ်းလျှောက်ချီတက်ပွဲပြုလုပ်ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) ထံက သိရပါတယ်။
Read More

ရွှေဘို-မန္တလေးလမ်းပိုင်းမှာ စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးတပ်များ တိုက်ခိုက်၊ စစ်သား ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်ဘက် ရွှေဘို-မန္တလေးလမ်းပိုင်းမှာ အင်အား ၁၀၀ ခန့်နဲ့ စစ် ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။