အမေရိကန် ထရမ့်အစိုးရက တားမြစ်ချက်အသစ်ရဲ့ တစိတ်တပိုင်းအဖြစ် မြန်မာအပါအဝင် နိုင်ငံပေါင်း ၄၁ နိုင်ငံကို ခရီးသွားလာခွင့် ကန့်သတ်ချက်တွေ ထုတ်ပြန်လိုက်ကြောင်း အဆိုပါကိစ္စနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ Reuters က မြင်တွေ့ရတဲ့ လှို့ဝှက်မှတ်စုတခုကို ကိုးကားပြီး Reutres သတင်းဌာနက သတင်းဖော်ပြထားပါတယ်။
အဆိုပါ မှတ်စုမှာ နိုင်ငံ ၄၁ နိုင်ငံကို သီးခြားအုပ်စု သုံးစုခွဲပြီး စာရင်းပြုစုထားတာ ဖြစ်ပါတယ်။ ပထမအုပ်စုအဖြစ် အာဖဂန်နစ္စတန်၊ အီရန်၊ ဆီးရီးယား၊ ကျူးဘားနဲ့ မြောက်ကိုရီယားတို့အပါအဝင် နိုင်ငံပေါင်း ၁၀ ခု ဟာ အမေရိကန်ပြည်ဝင်ခွင့် အပြည့်အဝ ပိတ်ပင်ခံထားရတာပါ။
ဒုတိယအုပ်စုထဲမှာတော့ မြန်မာအပါအဝင် အီရီထရီးယား၊ ဟေတီ၊ လာအိုနဲ့ တောင်ဆူဒန် စတဲ့ ၅ နိုင်ငံကတော့ ခရီးသွားဗီဇာ၊ ကျောင်းသားဗီဇာနဲ့ အခြားသော ရွှေ့ပြောင်းဗီဇာတချို့ကို ခြွင်းချက် တစိတ်တပိုင်း ပိတ်ပင်ခံရတာဖြစ်ပါတယ်။
ဘီလာရုစ်၊ ပါကစ္စတန်နနဲ့ တာ့ခ်မင်နစ္စတန်စသဖြင့် နိုင်ငံပေါင်း ၂၆ နိုင်ငံပါဝင်တဲ့ တတိယအုပ်စုကတော့ ၎င်းတို့ရဲ့ အစိုးရတွေအနေနဲ့ ချို့ယွင်းချက်တွေကို ရက် ၆၀ အတွင်း ဖြေရှင်းဖို့ မလုပ်ရင် ဗီဇာထုတ်ပေးမှုကို တစိတ်တပိုင်း ဆိုင်းငံ့ဖို့ စဉ်းစားမှာဖြစ်ကြောင်း မှတ်စုထဲမှာ ဆိုထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio အပါအဝင် အုပ်ချုပ်ရေးပိုင်းက ဒီစာရင်းကို အတည်မပြုရသေးကြောင်း၊ အပြောင်းအလဲတွေ ရှိနိုင်သေးကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိတဦးက ပြောပါတယ်။
အမျိုးသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ထောက်လှမ်းဖို့အတွက် အမေရိကန်ကို ဝင်ရောက်လိုသူ နိုင်ငံခြားသားတွေကို လုံခြုံရေးတင်းကြပ်ဖို့ သမ္မတထရမ့်က ဇန်နဝါရီလ ၂၀ ရက်က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ အမိန့်အရ “နောက်ကြောင်းနဲ့ အချက်အလက် စစ်ဆေးဖို့ မပြည့်ဝတာကြောင့်” ခရီးသွားခွင့် တစိတ်တပိုင်း သို့မဟုတ် အပြည့်အဝ ဆိုင်းငံ့ထားသင့်တဲ့ နိုင်ငံတွေစာရင်းကို မတ်လ ၂၁ ရက် နောက်ဆုံးထား တင်သွင်းဖို့ အစိုးရအဖွဲ့ဝင်အချို့ကို ညွှန်ကြားခဲ့တာပါ။
အခုလို သတင်းထွက်ပေါ်လာမှုအပေါ် Reuters က မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို အမေရိကန်နိုင်ငံခြားရေးဌာနက ချက်ချင်းတုံ့ပြန်တာမရှိဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
News- ChannelNewsAsia
0 Shares:
You May Also Like
Read More

သတ္တုလုပ်ငန်းကြောင့် ညစ်ညမ်းလာသည့် မြစ်ရေကို သန့်စင်ရန် ထိုင်းအစိုးရဆည်ဆောက်ဖို့ပြင်

ရှမ်းပြည်နယ် အရှေ့ပိုင်းက သတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းက မြစ်တွေထဲ ပျော်ဝင်နေတဲ့ အန္တရာယ်ရှိပစ္စည်းတွေကို စစ်ထုတ်ဖို့အတွက် ထိုင်းအစိုးရအနေနဲ့ ရေတားဆည်တွေ တည်ဆောက်ဖို့ ပြင်ဆင်နေကြောင်း ထိုင်းဒုဝန်ကြီးချုပ် Phumtham Wechayachai က မေလ ၂၁ ရက်မှာ ပြောပါတယ်။
Read More

အစ္စရေးနှင့် အီရန် တိုက်ပွဲဖြစ်ပွားမှု ၅ ရက်မြောက်မှာ အပစ်ရပ်ဖို့ အီရန် တောင်းဆို၊ အစ္စရေး၏ ပစ်ခတ်မှုကြောင့် အီရန်ရှိ အကြီးဆုံး ယူရေနီယံသန့်စင်ရေးစက်ရုံ ထိခိုက်ပျက်စီး

အစ္စရေးနိုင်ငံနဲ့ အီရန်နိုင်ငံတို့ကြား နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ၅ ရက်မြောက်မှာတော့ အီရန်နိုင်ငံက အပစ်ရပ်ဖို့ တောင်းဆိုခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီတိုက်လေယာဉ် ရောက်လာတာကြောင့် ထိုင်းလေတပ်မှ တိုက်လေယာဉ် ၂စီး အရေးပေါ် စေလွှတ် ထိုင်းစစ်တပ် အချိန်ပြည့် ကင်းလှည့်ကာ အသင့်အနေအထားဖြင့် စောင့်ကြည့်နေ

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ထိုင်း-မြန်မာနယ်စပ်အနီးကို မြန်မာစစ်ကောင်စီရဲ့ Yak-130 တိုက်လေယာဉ်ရောက်ရှိလာတာကြောင့် ကြားဖြတ်ရန် ထိုင်းအစိုးရဘက်မှ F-16 တိုက်လေယာဉ် ၂ စီးကို ထိုင်းလေတပ်ကနေ အရေးပေါ် စေလွှတ်လိုက်တယ်လို့ ထိုင်းတော်ဝင်လေတပ်ကနေ ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်နှင့် အာဆီယံခေါင်းဆောင်များ ဘန်ကောက်တွင် တွေ့ဆုံမည်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဆီယံ ခေါင်းဆောင်တွေ အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ တွေ့ဆုံသွားဖို့ရှိတယ်လို့ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါအိုအီဘရာဟင်မ်က ပြောကြားလိုက်ပါတယ်။
Read More

မြန်မာပြည်က လိမ်လည်လုပ်ငန်းတစ်ခုမှာ ပိတ်မိနေတဲ့ ဟောင်ကောင်နိုင်ငံသားတစ်ဦးကို ဒေါ်လာ ၃၀,၀၀၀ ဖြင့် ပြန်ရွေးခဲ့ရ

မြန်မာနိုင်ငံက လိမ်လည်လုပ်ငန်းတစ်ခုကနေ ဟောင်ကောင်နိုင်ငံသားတစ်ယောက် ဘေးကင်းစွာ အိမ်ပြန်နိုင်ခဲ့ပြီး အသက်ပြန်လျက် ပြန်လာနိုင်စေရေးအတွက် မိသားစုက ပြန်ပေးငွေများစွာ ပေးခဲ့ရကြောင်း သူတို့ကို ကူညီခဲ့တဲ့ ခရိုင်ကောင်စီဝင်ဟောင်းတစ်ယောက်က ပြောဆိုခဲ့တယ်လို့ South China Morning Post က ရေးထားပါတယ်။ 
Read More

စစ်အုပ်စု၏ ICT အလွဲသုံးစားမှု၊ ဆိုက်ဘာလိမ်လည်မှု စင်တာများနှင့် အတုအယောင်ရွေးကောက်ပွဲ အန္တရာယ်ကို သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ပြ

မြန်မာနိုင်ငံမှာ တရားမဝင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုနဲ့ သူတို့ရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့ဟာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ (ICT) ကို အသုံးပြုပြီး ဘေးဖြစ်စေမယ့်လုပ်ငန်းတွေကို ကျူးလွန်လျက်ရှိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ထောက်ပြပြောဆိုခဲ့ပါတယ်။