စစ်တပ်က အာဏာသိမ်းထားတဲ့ ၄ နှစ်တာ ကာလအတွင်း နိုင်ငံတစ်ဝန်းက  မြို့နယ်ပေါင်း ၂၀၃ မြို့နယ်မှာ ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၆၀ အထိ ဖြစ်ပွားခဲ့တယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားနေတဲ့ အသံအဖွဲ့က မတ် ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီအထိ  အာဏာသိမ်းစစ်တပ်ရဲ့ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်မှု အခြေအနေကို ထုတ်ပြန်လိုက်တာပါ။

ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်မှု ၂၃၉ ကြိမ်၊ အင်တာနက်လိုင်းတစ်မျိုးတည်း ပြတ်တောက်မှု ၁၅၆ ကြိမ်၊ ဆက်သွယ်ရေးလိုင်းအားလုံး ပြတ်တောက်မှု (ဖုန်း၊ အင်တာနက်၊ ကြိုးမဲ့အင်တာနက်) ၄၆ ကြိမ်နဲ့ ကြိုးမဲ့အင်တာနက် (Wireless Broadband) ပြတ်တောက်မှု ၁၉ ကြိမ် ကြုံတွေ့ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စုစုပေါင်း ဖြတ်တောက်ခံရတဲ့  ၂၀၃ မြို့နယ်ထဲက ၉၁ မြို့နယ်မှာ လက်ရှိအချိန်အထိ အင်တာနက်လိုင်းတွေ ဆက်လက်ပြတ်တောက်နေပြီး ကျန်မြို့နယ်တွေမှာ အင်တာနက်လိုင်း နှေးကွေးတဲ့ ကိစ္စရပ်တွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ 

(ဓာတ်ပုံ အသံ)

အာဏာသိမ်းစစ်တပ်က သူတို့ နယ်မြေတွေဆုံးရှုံးထားရတဲ့ ရခိုင်ပြည်နယ်၊ ရှမ်းမြောက်ဒေသတွေကို အင်တာနက်လိုင်းရော ဖုန်းလိုင်းတွေပါ ဖြတ်တောက်ထားတာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ အညာဒေသက ကျေးရွာအများစုနဲ့ တနင်္သာရီဒေသက ကျေးရွာတချို့ကိုပါ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးမှာလည်း အင်တာနက်လိုင်းတွေ ဆိုးရွားစွာ ဖြတ်တောက်ခံထားရပါတယ်။

အဆိုပါဒေသတွေက ပြည်သူတွေဟာ ဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုတွေ အသုံးပြုမှု ရပ်ဆိုင်းသွားတာ၊ သတင်းအချက်အလက်တွေကို သိရှိခွင့်မရတာတွေဖြစ်ပြီး အခက်အခဲများစွာ ကြုံတွေ့နေကြရပါတယ်။ 

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အင်တာနက်နဲ့ ဖုန်းလိုင်းပိတ်ဆို့ ဖြတ်တောက်မှု အများဆုံးနိုင်ငံဖြစ်တယ်လို့  Economy Online အွန်လိုင်းစီးပွားရေး အစီရင်ခံစာ ကလည်း ဖော်ပြထားပါတယ်။

ကမ္ဘာ့နိုင်ငံတွေအတွင်း မြန်မာနိုင်ငံရဲ့ အင်တာနက်မြန်နှုန်းဟာ ၁၉ မီဂါဘိုက် Mbps နဲ့ အဆင့် ၁၃၄ မှာရှိနေတယ်လို့ ၂၀၂၂ ခုနှစ် ဇွန်လကထုတ်ပြန်တဲ့ (Speedtest Global Index) ကမ္ဘာလုံးဆိုင်ရာ အင်တာနက်မြန်နှုန်းညွှန်းကိန်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

အသံတိတ်သပိတ်တွင် ပြည်မြို့ခံများ ဓာတ်ပုံကမ်းပိန်းဖြင့် ပူးပေါင်းပါဝင် (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ ပြည်မြို့နယ်မှာ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း အသံတိတ်သပိတ်နဲ့အတူ မြို့ခံတွေက ဓာတ်ပုံကမ်ပိန်းအနေနဲ့လည်း ပါဝင်ခဲ့ကြပါတယ်။ ဒီဇင်ဘာ ၁၀ ရက် ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အသံတိတ်သပိတ် လုပ်ဆောင်နေကြတာဖြစ်ပြီး ဒီလိုသပိတ်မှာ ပူးပေါင်းပါဝင်တဲ့ ဈေးဆိုင်တွေကို ထိရောက်စွာ အရေးယူမယ့်အကြောင်း မြို့အာဏာပိုင်တွေက စာတွေပို့ထားတယ်လို့ သိရပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနား

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို မတ်လ ၁၅ ရက် ဒီနေ့မှာ လွတ်မြောက်ဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မင်္ဂလာဒုံ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ လေတပ်ဝန်းထဲကို မစ်ဇိုင်းဒုံး ၃ လုံး ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ လေတပ်ဝန်းထဲကို မစ်ဇိုင်းဒုံးတွေ ပစ်ခတ်တိုက်ခိုက်တာဟာ ပြည်ပထွက်ခွာမယ့် လူငယ်တွေကို နည်းမျိုးစုံနဲ့ ငွေညှစ်မှု ပိတ်ပင်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီကို တုံ့ပြန်တာဖြစ်တယ်လို့ Shawdow SAF အဖွဲ့က ပြောပါတယ်။
Read More

ပြည်တွင်း အမြန်ချောပို့လုပ်ငန်းများ ကုန်အမျိုးအစား၊ အလေးချိန်နှင့် ပို့ဆောင်ရမည့်နေရာများ ကန့်သတ်ခံထားရ

စစ်ကော်မရှင်က ပြည်ပပို့ကုန်တွေကို ကုန်သွယ်ခွင့် ကန့်သတ်လိုက်ပြီးတဲ့နောက် ပြည်တွင်းမှာပါ Delivery service (အမြန်ချောပို့) လုပ်ငန်းတချို့ရဲ့ ကုန်ပစ္စည်းအမျိုးအစား၊ ကုန်အလေးချိန်နဲ့ ကုန်ပို့ရမယ့် နေရာတွေကို ကန့်သတ်လာတယ်လို့ Online ဈေးရောင်းသူတွေထံက သိရပါတယ်။
Read More

တော်လှန်ရေးရဲဘော်တွေအပေါ် ကြောက်ရွံ့စိတ်မရှိဘဲ ရင်းနှီးမှုရဖို့ ခရစ္စမတ်အကြို အားကစားပြိုင်ပွဲပြုလုပ်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၅) ဟာ တပ်ရင်းစိုးမိုးနယ်မြေက ပြည်သူတွေနဲ့ ပူးပေါင်းပြီး ခရစ္စမတ်အကြို အားကစားပြိုင်ပွဲပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ရှောင်ရာမှ နေအိမ်ပြန်လာသည့် ဒေသခံများ အိပ်မောကျနေချိန် စစ်တပ်ဗုံးကြဲလို့ ဒေသခံ ၅ ဦး သေဆုံး၊ ၁၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းက ဒေသခံတွေဟာ အကြမ်းဖက်စစ်ကြောင်း ပြန်ထွက်သွားတဲ့အတွက် စစ်ရှောင်ရာကနေ နေအိမ်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် အိပ်မောကျနေချိန် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။