ထိုင်းနိုင်ငံ၊ Phetchaburi ပြည်နယ်၊ Khao Yoi ခရိုင်မှာ မတ်လ ၁၄ ရက် မနက် ၄ နာရီမတိုင်ခင်က ခရီးသွားကားတစ်စီး မတော်တဆဖြစ်ပွားခဲ့တာကြောင့် ခရီးသည်အားလုံး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်း Khaosod English မှာ ဖော်ပြပါတယ်။

ယာဉ်မောင်းက အိပ်ငိုက်ခဲ့တာကြောင့် ထိုင်းနဲ့ နိုင်ငံခြားခရီးသည် ၃၆ ယောက် တင်ဆောင်လာတဲ့ ခရီးသွားကားဟာ လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။

ဒဏ်ရာရခရီးသည်တွေထဲမှာ မြန်မာ ၁၂ ယောက်၊ထိုင်း ၁၅ ယောက်နဲ့ အမေရိကန် ၉ ယောက်တို့ ပါဝင်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ Khaosod English)
(ဓာတ်ပုံ Khaosod English)

ထိုင်းရဲနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ညှိနှိုင်းပြီး ဒဏ်ရာရသူတွေကို ဆေးရုံ ပို့ဆောင်ခဲ့ကြောင်း၊ ၃ ယောက်ကတော့ ဆေးရုံမှာ ကုသမှုခံယူဖို့ လိုအပ်ကြောင်း သိရပါတယ်။

အသက် ၅၈ နှစ်အရွယ် ယာဉ်မောင်း Rakchat က သူအိပ်ငိုက်သွားပြီး ဓာတ်တိုင်ကို ဝင်တိုက်ခဲ့တာလို့ ဝန်ခံခဲ့တာကြောင့် အာဏာပိုင်တွေက တရားစွဲဆိုထားပါတယ်။

ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့တဲ့ ခရီးသည်တွေကိုတော့ ရဲစခန်းတာဝန်ရှိသူတွေက မနက်စာကျွေးပြီး အစားထိုး ခရီးသည်တင်ဘတ်စ်ကား စောင့်ဆိုင်းစေခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ Khaosod English)
(ဓာတ်ပုံ Khaosod English)

မူရင်းသတင်း – Khaosod English

0 Shares:
You May Also Like
Read More

ရုရှားမှ ရေနံတင်သွင်းမှုကြောင့် အိန္ဒိယကို စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းအထိ ထရမ့် တိုးမြှင့်

ရုရှားနိုင်ငံကနေ ရေနံတင်သွင်းမှုအတွက် ဒဏ်ကြေးအဖြစ် အိန္ဒိယနိုင်ငံက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ထပ်မံစည်းကြပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ထုတ်ပြန်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။
Read More

မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ထိုင်းမှာနောက်လလုပ်ဖို့ စီစဉ်ထား

ထိုင်းအစိုးရအနေနဲ့ မြန်မာ့အကျပ်အတည်းအရေး အလွတ်သဘောဆွေးနွေးပွဲတစ်ရပ်ကို နောက်လမှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် အတည်ပြုရက် မသတ်မှတ်နိုင်သေးဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန (MFA) က နိုဝင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။
Read More

ဘန်ကောက်ကို မင်းအောင်လှိုင်လာမည်ဟု ထိုင်းနိုင်ငံခြားရေး အတည်ပြု 

ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံ နည်းပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (BIMSTEC) ရဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘန်ကောက်ကို လာမယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက အတည်ပြုပြောကြားလိုက်ပါတယ်။ 
Read More

အာဆီယံထိပ်သီးစည်းဝေးပွဲ တက်ရောက်ရန် မလေးရှားနိုင်ငံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရောက်ရှိ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အဲဖို့စ်ဝမ်းလေယာဥ်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ နိုင်ငံတကာလေဆိပ်မှာ ဆိုက်ရောက်ခဲ့ပြီဖြစ်ပြီး သမ္မတထရမ့်ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် ကိုယ်တိုင် ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။
Read More

ဝိုင်း မကူညီရင် အသံနှင့် အမှန်တရားများ တိတ်ဆိတ်သွားနိုင်သည့် မြန်မာနိုင်ငံမှ သတင်းမီဒီယာများကို အကူအညီပေးကြရန် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် တိုက်တွန်း 

မြန်မာနိုင်ငံက လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ပံ့ပိုးရပ်တည် ကူညီပေးဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်း က ဒီနေ့မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

စစ်ဘေးသင့် မြန်မာပြည်သူများကို မမေ့ရန်နှင့် အကူအညီများ ပေးကြရန် ပုပ်ရဟန်းမင်းကြီး လီယို တိုက်တွန်း

ပုပ်ရဟန်းမင်းကြီး လီယိုက စစ်ဘေးဒုက္ခတွေ ကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေကို ကမ္ဘာက သတိပြုမိစေဖို့အတွက် တိုက်တွန်းစကား ထပ်မံပြောကြားလိုက်ပါတယ်။