ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က တအာင်းပြည်တစ်နေရာမှာ ပလောင်အမျိုးသားတပ်ဦး (PNF) ဝန်ထမ်းဟောင်းတွေရဲ့ ဂုဏ်ပြုပွဲ အခမ်းအနားကို မတ်လ ၁၁ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

၁၉၅၈ ခုနှစ်မှာ စတင်ခဲ့တဲ့ ရှမ်းပြည်တော်လှန်ရေးနဲ့ ၁၉၆၃ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ပလောင်အမျိုးသားတပ်ဦး (PNF) ထဲမှာ ပါဝင်လာခဲ့တဲ့ ဝန်ထမ်းဟောင်းတွေကို TNLA ဒုဥက္ကဌ (၁) ဒုတိယ ဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက ဝမ်းမြောက်စွာ ဂုဏ်ပြုခဲ့တယ်လို့ ဆိုပါတယ်။

PNF မရှိရင် PSLO/PSLA တပ်ဖွဲ့ ဖြစ်မလာနိုင်သလို TNLA တပ်မတော်လည်း ဖြစ်မလာနိုင်တာကြောင့် တစ်ချိန်က PNF နဲ့ PSLO တပ်ဖွဲ့မှာ တာဝန်ကျေ ထမ်းဆောင်လာခဲ့တဲ့ ရဲဘော်ရဲမေတွေကို PSLF/TNLA အနေနဲ့ တအာင်းပြည်သူလူထုကိုယ်စား အမြဲအောက်မေ့ သတိရနေတယ်လို့ ဆိုပါတယ်။

၁၉၆၃ ခုနှစ်မှာ ပလောင်အမျိုးသားတပ်ဦး (PNF) ကိုဖွဲ့စည်းခဲ့ကာ ၁၉၇၆ ခုနှစ်မှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် (PSLA) ကို ဖွဲ့စည်းခဲ့ပါတယ်။ (၁၉၉၁) ခုနှစ်မှာ PSLA က အပစ်ခတ်ရပ်စဲရေးပြုလုပ်ခဲ့ပြီး (၂၀၀၅) ခုနှစ်မှာ PSLA တပ်ဖွဲ့ကို မတရားသဖြင့် လက်နက်ဖြုတ်သိမ်းခြင်းခံခဲ့ရတယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

၁၉၉၂ ခုနှစ်မှာတော့ စစ်အာဏာရှင် နဝတ အစိုးနဲ့ အပစ်ခတ်ရပ်စဲရေးကို လက်မခံ မယုံကြည်တဲ့ တပ်ဖွဲ့ဝင်တွေဟာ ကရင်ပြည်နယ် မာနယ်ပလော စစ်ဌာနချုပ်မှာ PSLF ကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ သူတို့ရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ TNLA ကို ပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်ကစလို့ တအာင်းဒေသကို အခြေချပြီး TNLA လုပ်ငန်းစဥ်တွေကို အကောင်ထည်ဖော်နိုင်ခဲ့တယ်လို့ သိရပါတယ်။

TNLA ပြုလုပ်တဲ့ ဂုဏ်ပြုအခမ်းအနားမှာ PNF နဲ့ PSLO ပလောင်အမျိုးသားတော်လှန်ရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၇၅ နှစ်နဲ့ ၈၀ ကြားရှိသော ရဲဘော်ရဲမေဟောင်းတွေဖြစ်တဲ့ ရှမ်း (၇) ယောက် ၊ ပလောင် (၇) ယောက်နဲ့ လီဆူ (၁) ယောက် စုစုပေါင်း (၁၅) ယောက်ကို တစ်ယောက် ဆုငွေ (၁၀)သိန်းကျပ်၊ ရွှေဆုတံဆိပ်နဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအခမ်းအနားကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဒုဥက္ကဌ (၁) ဒုတိယ ဗိုလ်ချူပ်ကြီး တားဂျုတ်ဂျားနဲ့ ဒုတိယ ဗိုလ်မှူးကြီး တားကောင်ဝါည်၊ ဗိုလ်မှူးတားပ္လါင်ကဒူး၊ ဗိုလ်မှူး တားဆဲင်အံင်၊ နမ့်ခမ်းဌာနဆိုင်ရာ TNLA တာဝန်ရှိသူတွေနဲ့ ဒေသခံပြည်သူတွေအပါအဝင် စုစုပေါင်း လူဦးရေ (၂၀၀) ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ငါတို့နိုင်မှ လွတ်မယ့်သူတွေအတွက် သံတိုင်အုတ်ရိုးကို လှုပ်နှိုးကြ” ခေါင်းစဉ်နဲ့ ဆန်ဖရန်စစ္စကိုက လူထုလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မြို့တော်ခန်းမရှေ့တွင် “ငါတို့နိုင်မှ လွတ်မယ့်သူတွေအတွက် သံတိုင်အုတ်ရိုးကို လှုပ်နှိုးကြ” ခေါင်းစဉ်ဖြင့်  အမေရိကန်ရောက်မြန်မာပြည်သူတွေက  စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။
Read More

NUG အပေါ် ဝေဖန်မှုများအား အလုပ်နှင့်သက်သေပြကာ ချေပနိုင်စွမ်းရှိရမည်ဟု အစိုးရအဖွဲ့ဝင်များကို ယာယီသမ္မတ ဒူဝါလရှီးလ ပြော

ဒေသတွင်း အင်အားကြီးနိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှုတွေဟာ ပြည်တွင်းရေးအခြေအနေတွေကို ပဋိပက္ခသက်ဆိုးရှည်အောင် အပံ့အပိုးဖြစ်နေတာ တွေ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက  ပြောကြားလိုက်ပါတယ်။
Read More

ကန့်ဘလူမြို့နယ်တွင် ဆွံ့အပြည်သူ ၁ ဦးအပါ ၉ ဦးကို စစ်အုပ်စုက ညှင်းပန်းနှိပ်စက်ကာ လည်လှီးသတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်ထဲမှာ ဆွံ့အပြည်သူ ၁ယောက် အပါအဝင် ၉ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ညှင်းပန်းနှိပ်စက်ကာ လည်လှီးသတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။
Read More

မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ စစ်တပ်ထဲမှာ အမျိုးသားရေးအစွန်းရောက်တွေနဲ့ စစ်တပ်နဲ့နီးစပ်သူတွေကို စစ်သင်တန်းပို့ချနေ

ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ ၂၇၅ တပ်ရင်းထဲမှာ အရပ်သား ၅၀ ကျော်ကို စစ်သင်တန်း ပို့ချပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀၀ ကျော်နှင့် အကြိမ်ကြိမ် စစ်အင်အားဖြည့်တင်းမှုများကြားမှ ဖလမ်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ချင်းညီနောင် ကြေညာ

ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အဖြစ် ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ချင်းညီနောင်က ဒီနေ့ ဧပြီ ၉ရက်မှာ တရားဝင် အသိပေးထုတ်ပြန်ပါတယ်။
Read More

အာဆီယံအစည်းအဝေးမှာ ဝိုင်းဝန်းကန့်ကွက်နေတဲ့ စစ်ကောင်စီရဲ့ ကိုယ်စားပြု အရာရှိတစ်ယောက် တက်ရောက်ဦးမယ်လို့ဆို

လာအိုမှာ ကျင်းပမယ့် အာဆီယံ အစည်းအဝေးမှာ မြန်မာနိုင်ငံက စစ်ကောင်စီကိုယ်စားပြု နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတစ်ယောက် တက်ရောက်ဖွယ်ရှိတယ်လို့ စစ်ကောင်စီရဲ့ ပြောကြားမှုကို NIKKEI Asia သတင်းဌာနက ကိုးကားရေးသားထားပါတယ်။ အောက်တိုဘာ ၉ ရက်နေ့မှာ…