ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ-၂၊ အမှတ်-၇၈၀၅တပ်ရင်း အနေနဲ့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ စစ်ဆင်ရေး ရုပ်သံမှတ်တမ်းတစ်ခုကို ထုတ်ပြန်ထားပါတယ်။

မိဘအရိပ်နဲ့ ဝေးကွာတဲ့ တောထဲတောင်ထဲ ရောက်လာပြီး တော်လှန်ရေးခရီးကြမ်းမှာ လျှောက်လှမ်းနေကြတဲ့ လူမသိသူမသိ သူရဲကောင်းတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။

ဒီလူငယ်မျိုးဆက်သစ်တွေဟာ မကြာခင် ပေါ်ထွက်လာမယ့် တော်လှန်ရေး အဆုံးသတ်ရောင်နီကို မျှော်မှန်းရင်း ဆက်လက်တိုက်ပွဲဝင်နေကြတယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ဆောမြို့မရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေ၊ ၂ ယောက် အရှင်ဖမ်းမိ (ရုပ်/သံ)

မကွေးတိုင်း ဆောမြို့မရဲစခန်းကနေ အင်အား ၅၄ ယောက်နဲ့ လောင်းရှည်မြို့သို့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို လောင်းရှည်တိုက်နယ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်အမှတ် - ၃ တပ်ရင်းထံက သိရပါတယ်။
Read More

မြန်မာ့ဒီမိုကရေစီအရေး ကူညီပေးရန် ကိုရီးယားရောက် မြန်မာများ သမ္မတထရမ့်ထံ တောင်းဆိုဆန္ဒပြ (ရုပ်/သံ)

အောက်တိုဘာ ၂၉ ရက် ဒီနေ့မှာ ကိုရီးယားနိုင်ငံ ရောက်ရှိလာတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကိုရီးယားရောက် မြန်မာတွေက အကြမ်းဖက်စစ်တပ် ဗုံးကြဲသတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကို သိရှိစေဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး ကူညီပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
Read More

CDF-Mindat ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၅) ရဲဘော်များ စစ်ရေးလေ့ကျင့်မှု ပုံရိပ်များ (ရုပ်/သံ)

ချင်းညီနောင် (CB)/CDF-Mindat ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၅) ရဲဘော်တွေရဲ့ စစ် ‌ရေးလေ့ကျင့်မှု ပုံရိပ်တွေကို Chin Defence Force - Mindat က ထုတ်ပြန်လိုက်ပါတယ်။
Read More

လောက်ကိုင်မြို့ထဲကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုမြင်ကွင်း (ရုပ်/သံ)

ရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကိုင်မြို့ကိုအောက်တိုဘာ၂၇ရက်မနက်ပိုင်းမှာစစ်ကောင်စီတပ်ကလေကြောင်းကနေဗုံးတွေကြဲချခဲ့တဲ့အတွက်ဟိုတယ်၊လူနေအဆောက်အအုံအများအပြားထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။
Read More

ဆင်ပေါင်ဝဲမြို့နယ်အတွင်း ကင်းလှည့်လာသည်အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ရာထွက်ပြေးသွားပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ(ရုပ်/သံ)

မကွေးတိုင်း သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်အတွင်း ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့လို့ ထွက်ပြေးသွားပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သရက်ခရိုင်၊ အမှတ်- ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့ မနက်ပိုင်းက ဆင်ပေါင်ဝဲမြို့နယ် လဲဇင်ကျေးရွာအနီး ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်သားတွေကို အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့တာ လို့ဆိုပါတယ်။ တိုက်ပွဲနေရာကိုနယ်မြေရှင်းလင်းရေးလုပ်ဆောင်တဲ့အခါ US carbine မောင်းပြန် သေနက် ၂ လက် နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ထားဝယ်အထူးစီပွားရေးဇုန်မှာ စခန်းချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်မှု စစ်သားအများအပြား ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်လည်ပတ်မှာ စခန်းထား တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဧပြီ ၂၇ ၇က်က တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရေဖြူမြို့နယ်ပူးပေါင်းမဟာမိတ်အဖွဲ့ထံက သိရပါတယ်။