မန္တလေးတိုင်း၊ ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်တွေမှာ  စစ်ကောင်စီက အရပ်သားတွေကို စစ်မှုထမ်းနဲ့ ပြည်သူ့စစ်စုဆောင်းတာတွေအပြင် ရပ်ရွာလုံခြုံရေးအဖွဲ့ဝင်တွေအဖြစ်လည်း လက်နက်ပေး ဖွဲ့စည်းထားကြောင်း သိရပါတယ်။

ရလဖ လို့ အတိုကောက်ခေါ်ဆိုတဲ့ အပြာရောင်ယူနီဖောင်းဝတ် ရပ်ရွာလုံခြုံရေးအဖွဲ့တွေကို ​ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းလောက်ကစလို့ မန္တလေးခရိုင်အတွင်းက မြို့နယ်တွေမှာ တွင်တွင်ကျယ်ကျယ် ဖွဲ့စည်းလာတာ ဖြစ်ပါတယ်။

စတင်ဖွဲ့စည်းချိန်က ရပ်ရွာလုံခြုံရေးသဘောမျိုးနဲ့ အသက် ၃၅ နှစ်အထက် အမျိုးသားတွေ၊ စစ်မှုထမ်းဟောင်းတွေကို အဓိကထား ဖွဲ့စည်းခဲ့ပေမယ့်လည်း လက်ရှိမှာတော့ လူငယ်လူရွယ်တွေပါ ပါဝင်လာပြီး ဧည့်စာရင်းကောက်ခံတာ၊ သန်းခေါင်စာရင်း ကောက်ယူတာတွေနဲ့ ရပ်ရွာအတွင်း လုံခြုံရေးကင်းယူတာတွေမှာ အသုံးပြုလာတယ်လို့ သိရပါတယ်။

ပုသိမ်ကြီးမြို့နယ်အတွင်းက စစ်ကောင်စီအားကောင်းရာ ကျေးရွာတွေမှာလည်း ပြီးခဲ့တဲ့နှစ် ဇွန်လကုန်လောက်ကစလို့ တစ်ရွာကို လူ ၁​၀ ယောက်နဲ့ အယောက် ၂၀ကြား ပြည်သူ့စစ်သဘောမျိုး သင်တန်း၂ ပတ်နီးပါးတက်ခိုင်းကာ ကဒ်ထုတ်ပေးခဲ့တာလို့ ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်၁ယောက်က ပြောပါတယ်။

မန္တလေးတိုင်းအတွင်း တွေ့ရသည့် အပြာဝတ် ရလဖအဖွဲ့ဝင်များ

“အခုချိန်ထိတော့ ဒီလူတွေကို ရှေ့တန်း ပို့တာမျိုး မတွေ့ရသေးဘူး။ ကြည့်ရတာတော့ တော်လှန်ရေးတပ်တွေရဲ့ မြို့သိမ်းတိုက်ပွဲမျိုးတွေဖြစ်လာခဲ့ရင် အသုံးချဖို့ ကြံရွယ်ထားပုံပဲ။ အစကတော့ အရံလုံခြုံရေးသဘောမျိုးပေါ့။ အခုကျ လက်နက်တွေပါ တပ်ပေးလာပါတယ်။ ရလဖ  (ရပ်ရွာလုံခြုံရေး အဖွဲ့ ) လို့ အမည်ပေးထားတယ်ပေါ့။” လို့  ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်က မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ရက်နေ့နဲ့ ၅ရက်နေ့တွေကလည်း ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ကျေးရွာ လမ်းမကြီး အရှေ့နဲ့အနောက်က နေအိမ်တွေကို ကျူးကျော်အဖြစ် စစ်ကောင်စီက အတင်းအဓမ္မဖျက်ဆီးရာမှာ အပြာဝတ် ရလဖတွေပါဝင်ခဲ့ပြီး အရပ်သားတွေကို ခြိမ်းခြောက်ကြိမ်းဝါးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“ရည်ရွယ်ချက်ကတော့ အရွယ်ရောက်ပြီးသူတိုင်း  ဒီကောင်တွေ (စကစ) အောက် တာဝန်ထမ်းဆောင်ရမယ့် သဘောပေါ့ဗျာ။ ကြားနေ ပြည်သူဆိုတာ အခုမရှိတော့ဘူး၊ တော်လှန်ပြည်သူ မဟုတ်ရင်  စကစ လူ ပဲ ဖြစ်ရမယ်၊ ဒီလိုသတ်မှတ်လိုက်သလိုပါပဲ” လို့  ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်က ဆိုပါတယ်။

ပုသိမ်ကြီးမြို့နယ်ထဲက ဆင်ဘွတ်ကြီး၊ ဆင်ဘွတ်လေးတို့လို စစ်တပ်အားကောင်းရာ ကျေးရွာတွေမှာ အရပ်သား အင်အား ၅၀နီးပါးအထိ ရလဖ သင်တန်းပေးထားပြီး တဲကုန်း၊ မြို့မ စတဲ့ မြို့ပေါ် ရပ်ကွက်တွေမှာလည်း အင်အားတစ်ခုအနေနဲ့ ဖွဲ့စည်းထားကြောင်း သိရပါတယ်။

မန္တလေးတိုင်းအတွင်း တွေ့ရသည့် အပြာဝတ် ရလဖအဖွဲ့ဝင်များ

“တချို့လည်း အခုထိသင်တန်းပေးနေဆဲပဲလို့ သိရတယ်။ တချို့ကျ ပြီးလို့ ကဒ်တွေတောင်ထုတ်ပေးထားပြီပေါ့။ စုစုပေါင်းအင်အား ခန့်မှန်းရသလောက် ပုသိမ်ကြီး မြို့ပေါ် ရပ်ကွက် တချို့နဲ့ မြောက်ဘက် ရွာတချို့အပါဆို  ၁၅၀ ဝန်းကျင်တော့ ရှိမယ်။ ခန့်မှန်းပါ။” လို့ အထက်ပါ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်က ပြောပါတယ်။

မန္တလေးမြို့ခံ ပြည်သူတစ်ယောက်ကလည်း “အရင်က တစ်ခါမှမကြားဖူးဘူး။ အခုမှစစ်မှုထမ်းဟောင်းတွေနဲ့ ဖွဲ့ထားတာ။ ရပ်ရွာလုံခြုံရေးအဖွဲ့တဲ့၊ လူငယ်တွေကို ပေါ်တာဆွဲတာတို့၊ ဖမ်းတာတို့မှာ သူတို့အဓိကပါတယ်” လို့ပြောပါတယ်။

ဒါ့အပြင်ထိတွေ့တိုက်ပွဲတွေရှိနေတဲ့ မတ္တရာ​​မြို့နယ်အတွင်းက လမ်းပိုင်းလုံခြုံရေးတွေမှာလည်း ကာဘိုင်သေနတ်ကိုင် ရလဖတွေကို စစ်ကောင်စီက အသုံးပြုစေခိုင်းတာတွေ ရှိနေတယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ချင်းပြည်နယ်က စစ်ကောင်စီရဲ့ အောင်တိုတောင်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

ချင်းပြည်နယ် ဟားခါး နဲ့ ထန်တလန်ကြားက  နောက်ဆုံးလက်ကျန် အော်တိုတောင်တပ်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက်လိုက်ပြီလို့ ချင်းအခြေစိုက် စစ်ရေးသတင်းအရင်း အမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

တနင်္သာရီမှာ ကျေးရွာအတွင်း ရိက္ခာပြန်ယူသည့် စစ်ဘေးရှောင် ၂ ဦး စစ်ကောင်စီလက်နက်​ကြီး ထိမှန်သေဆုံး…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း ရိက္ခာတွေ ပြန်လည်သယ်ယူတဲ့ စစ်ဘေးရှောင်အရပ်သား ၂ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

NUG ၏ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနက ဦးစီးဆောင်ရွက်သည့် ပစ်မှတ်ဆိုင်ရာ ထောက်လှမ်းရေး သင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနား…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနက ဦးစီးဆောင်ရွက်တဲ့ ပစ်မှတ်ဆိုင်ရာ ထောက်လှမ်းရေးသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ (၂၅) ရက်က စစ်ကိုင်းတိုင်းရှိ NUG စိုးမိုးနယ်မြေအတွင်း တစ်နေရာမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ NUG က မနေ့က ထုတ်ပြန်ပါတယ်။
Read More

PDF ဂန့်ဂေါခရိုင် ကွပ်ကဲရေးရုံးရဲ့ လက်နက်ပြန်အပ်ဖို့ အကြောင်းကြားစာနဲ့ ပတ်သက်လို့ လတ်တလော လက်နက်ပြန်မအပ်နိုင်သေးကြောင်းနဲ့ ဆန့်ကျင်ကန့်ကွက်ကြောင်း YPDF ထုတ်ပြန်

ယောဒေသအတွင်း အခြေစိုက်ကာ စစ်အာဏာရှင်တော်လှန်ရေးကို လှုပ်ရှားဆောင်ရွက်နေတဲ့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် ကွပ်ကဲရေးရုံးက လက်နက်ပြန်အပ်ဖို့ အကြောင်းကြားတဲ့စာကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

CDF – KKG တပ်ရင်း (၄) ၏ အပတ်စဥ် ၅ အခြေခံစစ်သင်တန်းဆင်းပွဲ

Chinland Defense Force, Kalay – Kabaw – Gangaw (CDF – KKG) တပ်ရင်း (၄) ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။
Read More

မိုးဗြဲမြို့မှာ ၄ ရက်ဆက် တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီတပ်က လေကြောင်းပါ အသုံးပြုတိုက်ခိုက်နေ

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ဇန်နဝါရီ ၁၉ ရက်ကစလို့ ဒီနေ့အထိ ၄ ရက်ဆက် တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ်-၂ က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။