မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ အေးကြင်းရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီဆီက သိရပါတယ်။

မတ်လ ၁၀ ရက် မနေ့က မွန်းလွဲပိုင်းမှာ အေးကြင်းကျေးရွာကို တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုရားကုန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် ၁ ယောက် သေဆုံးခဲ့ပြီး အမျိုးသား ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိကာ ဘုရားဝင်း အတွင်းရှိ အဆောက်အဦးတွေ ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၁ ရက် ဒီနေ့ မနက်အစောပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဇရပ်ကြီးကျေးရွာကို စက်တပ်လေထီးနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာ နေအိမ် ၅ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

တောင်သာမြို့နယ်မှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် လေယာဉ်သံနဲ့ စက်တပ်လေထီးသံ ကြားရင် ဗုံးခိုကျင်းတွေမှာ ပုန်းခိုကြဖို့ တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီက အသိပေးနှိုးဆော်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ (ဓာတ်ပုံ လူထုလှုပ်ရှားမှုကော်မတီတောင်သာ)

0 Shares:
You May Also Like
Read More

KNDF ဆေးသင်တန်းက ဆေးတပ်သား ရဲဘော် ၁၈ ယောက် သင်တန်းချိန်မှာ ရေထဲမျောပါ သေဆုံးခဲ့တဲ့ ဖြစ်ရပ်က စစ်ဆေးတွေ့ရှိချက် KNDF ထုတ်ပြန်

ကရင်နီပြည်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ ဆေးသင်တန်းက ဆေးတပ်သား ရဲဘော် ၁၈ ယောက် ရေထဲမျောပါ သေဆုံးခဲ့တာဟာ ကြိုတင် ပြင်ဆင်မှု အလုံးစုံမရှိခြင်း၊ ဘေးအန္တရာယ်တွေ တွက်ချက်မှု ပေါ့ဆခြင်းနဲ့ စီမံခန့်ခွဲမှုတွေ ပေါ့လျော့မှုတွေကြောင့်ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို KNDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ပဲခူးခရိုင်အမှတ် (၂) တပ်ရင်း စိုးမိုးနယ်မြေမှာ ဗိုလ်ချုပ် နှစ် ၁၁၀ ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်းအနေနဲ့ စိုးမိုးနယ်မြေအတွင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၁၀ ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တန့်ဆည်နှင့် ရေဦးလမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုအထိနာကာ ပြန်ဆုတ်သွား

"ကနဦး သူတို့က ရွှေဘိုလေ့ကျင်ရေးကနေ ကန့်ဘလူ ၆၀၀၆ကို ရောက်တယ်၊ အဲ့ကနေမှ ဇီးကုန်းနဲ့ ကာဘိုးအထိုင်ကိုရောက်ပြီး ကျနော်တို့ဘက်ကို ထိုးတယ်ပေါ့။ ရေဦးဘက်ကနေလည်း စစ်ကြောင်းထွက်တယ်။ အဲ့မှာတနယ်ဘက်ကို ရောက်လာချိန်မှာ ဒေသကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေ၊ ပကဖတွေ၊ Local တွေစုပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့ပါတယ်" လို့ အဆိုပါ တန့်ဆည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်က မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီ မတရားဖမ်းဆီးထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်

စစ်ကောင်စီ မတရားဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ ဧပြီလ ၂၄ ရက်နေ့မှာ၂၀၂၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်လိုက်တယ်လို့ ပြည်သူ့ဂုဏ်ရည်အသင်းက ထုတ်ပြန်ပါတယ်။
Read More

အင်း‌လေးကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် စစ်ကြောင်းကို တိုက်ခိုက်၊ PNO စစ်သား ၅ ဦးထက်မနည်း သေပြီး ၄ ဦး အရှင်ဖမ်းမိ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် စစ်ကြောင်းကို တိုက်ခိုက်ရာ PNO စစ်သား ၅ ဦးထက်မနည်း သေပြီး ၄ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၉) တပ်ရင်း - အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF) က ထုတ်ပြန်ထားပါတယ်။
Read More

မြဝတီ ခလရ ၂၇၅ မှ ထွက်ပြေးအလင်းဝင်လာသူ ၃ ဦး စစ်ကောင်စီကို ပြန်တိုက်သွားဖို့ရှိဟု ဗျူဟာ ၃၁ ပြော

ကရင်ပြည်နယ်၊ တောင်ပိုင်တိုင်းစစ်ဒေသ၊ ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲထံ အလင်းဝင်လာတဲ့ မြဝတီအခြေစိုက် ခလရ ၂၇၅ တပ်ရင်းက စစ်ကောင်စီတပ်သား ၃ ယောက်ဟာ အကြမ်းဖက်စစ်ကောင်စီကို ပြန်လည်တိုက်ထုတ်သွားဖို့ ဆန္ဒရှိကြောင်း ဗျူဟာ (၃၁) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။