တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် စွန့်ပစ်ထားခဲ့တဲ့ အကြမ်းဖက်စစ်သား အလောင်း ၃ ‌လောင်း တွေ့ရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ်ပိုင်းမှာ တနင်္သာရီမြို့ပေါ်ကနေ သိန်းခွန်ရွာဘက်ကို ခြေလျင်စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ တောလမ်းကနေ တက်လာပြီး တမုတ်ချုံရွာနဲ့ လယ်တောင်ယာရွာကြားမှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွါးပြီးတဲ့နောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန်မှာတော့ အကြမ်ဖက်စစ်တပ်က စစ်သား အလောင်း ၃ လောင်း တွင်းထဲ စွန့်ပစ်ထားတာကို တွေ့ရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

လက်ပံလှရွာ ရရှိပြီးနောက် စဥ့်ကူးမြို့ကိုပါ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စစ်အုပ်စုဆို

မန္တလေးတိုင်းအတွင်းက အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံတပ်များ ထိန်းချုပ်ထားတဲ့ စဥ့်ကူးမြို့ကို အလုံးစုံ ပြန်လည်ထိန်းချုပ်ခဲ့ပြီဖြစ်ကြောင်း စစ်အုပ်စုလက်အောက်ခံမီဒီယာတွေနဲ့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်တွေကတဆင့် စဥ့်ကူးမြို့နယ်အတွင်းကို စစ်ကြောင်းခွဲပြီး စတင်ဝင်ရောက်နေခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ရက်နေ့က မန္တလေး-မိုးကုတ်လမ်းပိုင်းပေါ်ရှိတဲ့ လက်ပံလှရွာကို ရရှိခဲ့သလို မ‌နေ့ ဒီဇင်ဘာလ ၁၉ရက်မှာတော့ စဥ့်ကူးမြို့ကိုပါ ရရှိသွားတာလို့ ပြောခဲ့ကြတာပါ။
Read More

ဆားလင်းကြီးမြို့မရဲစခန်းမှ ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများ ယူလာပြီး မိသားစုနှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းက နယ်ထိန်း ဒုတပ်ကြပ် ရဲတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထီးထဗျူဟာစခန်း စခန်းသိမ်းအောင်ပွဲအကြောင်း ထားဝယ်ခရိုင် တပ်ပေါင်းစု ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရသည့် စစ်ဘေးရှောင်များကို စလင်း ပကဖ သွားရောက်ကူညီ

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီကြောင့် နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သွားရောက်ကူညီ ထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

သရက်ချောင်းမှာ စစ်ကောင်စီစစ်ကြောင်းနှင့် ထားဝယ်ခရိုင်တပ်​ပေါင်းစု တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က အများအပြား သေပြီး RPG အပါ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ သရက်​ချောင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့ ထားဝယ်ခရိုင်တပ်​ပေါင်းစု တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်က အများအပြား သေပြီး RPG အပါ လက်နက်ခဲယမ်းတချို့ သိမ်းဆည်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် တပ်ရင်း ၂ က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

PDF တွေကို ရက် (၅၀) တစ်ကြိမ်နှုန်းနဲ့ ထောက်ပံ့နေပြီး တစ်ကြိမ်ထောက်ပံ့ရင် အမေရိကန်ဒေါ်လာ တစ်သန်းကျော် ရှိတယ်လို့ NUG ပြော

နိုင်ငံတစ်ဝန်းက PDF တွေအတွက် ရက် (၅၀) ကို တစ်ကြိမ် ထောက်ပံ့နေပြီး တစ်ကြိမ်ထောက်ပံ့ရင် အမေရိကန်ဒေါ်လာ တစ်သန်းကျော်ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။