ပဲခူးတိုင်း၊ ဝေါမြို့နယ်က စစ်ကောင်စီရဲ့ ညောင်ခါးရှည် X Ray ဂိတ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝေါပကဖ က အသိပေးထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ညောင်ခါးရှည် X Ray ဂိတ်ကို မတ်လ ၈ရက်နေ့ မနက် ၃နာရီမှာ ၁၀၇ မမ ရှော့တိုက်ဒုံး (၃)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်ပျက်စီးမှုတွေကိုတော့ စုံစမ်းအတည်ပြုနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ညောင်ခါးရှည် X-Ray ဂိတ်ဟာ အရပ်သားပြည်သူတွေကို မကြာခဏ အကြပ်ကိုင် ငွေညှစ်ဖမ်းဆီးလေ့ရှိတဲ့ စစ်ဆေးရေးဂိတ်လည်း ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) နဲ့အတူ ကဝမြို့နယ်(ပကဖ) အဖွဲ့က ပူးပေါင်းပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရပ်တည်ချက်များကို NUCC ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ရပ်တည်ချက်တွေကို ဩဂုတ်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်လာပြီး အခြေခံမူ (၈) ချက်နဲ့ နိုင်ငံရေး ရပ်တည်ချက် (၁၀) ချက်ကို ဖော်ပြထားပါတယ်။ NUCC ရဲ့ အခြေခံမူ ၈ ချက်မှာတော့ ပြည်နယ်/ဖက်ဒရယ်ယူနစ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး- အောက်ခြေကနေ အထက် (Bottom-up Federalism) ချဉ်းကပ်မှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
Read More

မောင်တောတွင် ၂ ရက်အတွင်း စစ်အုပ်စု၏ မြေမြှုပ်မိုင်း ၁၂၈ လုံးကို အာရက္ခတပ်တော် ရှင်းလင်းခဲ့ဟု ဆို

ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်အတွင်း စက်တင်ဘာ ၅ ရက်နဲ့ ၆ ရက်မှာ အကြမ်းဖက်စစ်ကောင်စီ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း ၁၂၈ လုံးကို AA က ရှင်းလင်းနိုင်ခဲ့တယ်လို့ အာရက္ခမင်းသမီး မီဒီယာ သတင်းဖော်ပြမှုနဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ရေးတင်းမာနေတဲ့ ပွင့်ဖြူမှာ စစ်ကောင်စီက စစ်ကြောင်းထိုးနိုင်ဖို့ အင်အားဖြည့်ရင်း ရွာတွေကို လက်နက်ကြီးပစ်ခတ်နေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေဆီ စစ်ကြောင်းထိုးနိုင်ဖို့ အင်အားဖြည့်တင်းနေပြီး လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

မန္တလေး ဂရိတ်ဝေါဟိုတယ်အတွင်း ပိတ်မိနေသူများကို ကယ်ဆယ်ထုတ်ယူခွင့်မပြုသည့်အပေါ် ဝေဖန်တောင်းဆိုမှုများ မြင့်တက်နေ

ငလျင်ဒဏ်အပြီး တစ်ပတ်နီးပါးရှိလာချိန် ဟိုတယ်အတွင်း ကျန်ရစ်တဲ့ ပိတ်မိနေသူတွေကို  ကယ်ဆယ်ရှာဖွေခွင့် ကန့်သတ်ပိတ်ပင်ထားတဲ့ မန္တလေး ဂရိတ်ဝေါဟိုတယ်အပေါ်  ကျန်ရစ်တဲ့ မိသားစုဝင်တွေက ငိုယိုအကူညီတောင်းခံနေကြကြောင်း သိရပါတယ်။ 
Read More

ငလျင်ကြောင့် နိုင်ငံတစ်ဝန်း လူပေါင်း ၁၆၀၀ ကျော် သေဆုံးထားဟု NUG အသိပေး

ပြင်းထန်ဆိုးရွားတဲ့ ငလျင်ကြောင့် နိုင်ငံတစ်ဝန်း လူပေါင်း ၁၆၀၀ ကျော် သေဆုံးပြီး ၁၄၀၀ နီးပါး ပျောက်ဆုံးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မှာ PSLF/TNLA အုပ်ချုပ်ရေးဌာနက ပြည်သူလူထုနှင့် တွေ့ဆုံ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ မိုးကုတ်ခရိုင် အုပ်ချုပ်ရေးဌာနက ဦးဆောင်ပြီး ပြည်သူလူထုနဲ့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။