ပဲခူးတိုင်း၊ ဖြူမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေအတွင်း လုံခြုံရေး ကင်းလှည့်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပကဖအသံက ဖော်ပြထားပါတယ်။

စစ်တောင်းမြစ်ဝှမ်းဒေသကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ထိုး‌ဖောက်ဝင်ရောက်လျက်ရှိပြီး ဖြူးပကဖ ကင်းလှည့်တဲ့ ဖြူးမြို့နယ် ဟာ အကြမ်းဖက်စစ်တပ်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ တောင်ငူမြို့ အောက်ဘက်မှာရှိကာ အမြန်လမ်းဖြတ်သန်းသွားလာရာ မြို့နယ်လည်းဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ထန်းလှီးဖို့ ထွက်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၂ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူစခန်းကနေ ထန်းလှီးဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ယောက်သေကာ ၂ ယောက်အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၆ ထံက သိရပါတယ်။
Read More

ရေပူကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များကို ခုခံတိုက်ခိုက်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေကို ခုခံတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို အမှတ် (၁၀၀၉) တပ်ရင်း အင်းလေး PDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြဝတီမြို့နယ် မင်းလက်ပံရွာအထက်တန်းကျောင်းကို အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ မင်းလက်ပံရွာအထက်တန်းကျောင်းကို စစ်ကော်မရှင်က အသေခံ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူများထံက သိရပါတယ်။ စက်တင်ဘာ ၂၆ ရက်က မြဝတီမြို့ပြင်ရှိ မင်းလက်ပံရွာအထက်တန်းကျောင်းကို စစ်ကော်မရှင်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ တယ်လို့ သိရပါတယ်။ ဒါ့အပြင် တစ်ရက်တည်းမှာပဲ ဖလူးရွာနှင့် မယ်ထော်သလေးဒေသတွေကိုလည်း ၄ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
Read More

ဆိပ်ဖြူ-ကန်ဇွန်းမကားလမ်းမမှာ ကပစ ၂၁ က ပစ္စည်းသယ်လာတဲ့ စစ်ယာဉ်တန်း ကြားဖြတ် တိုက်ခိုက်ခံရပြီး ယာဉ် ၂ စီး မီးလောင်ပေါက်ကွဲကာ စစ်သား ၁၁ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် ကပစ ၂၁ မှ ပစ္စည်းများ သယ်ဆောင်လာတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်ယာဉ်တန်းကို ဖေဖော်ဝါရီ ၇ ရက် မနေ့က ဆိပ်ဖြူ-ကန်ဇွန်းမကားလမ်း တစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။
Read More

မာနယ်ပလောက စစ်ကောင်စီရဲ့ ဗျူဟာစခန်းအဆင့် ပွိုင့် (၉၁၃) နို့ဒေးစခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်ဟောင်းနေရာဖြစ်တဲ့ မာနယ်ပလောဒေသက စစ်ကောင်စီတပ်ရဲ့ ဗျူဟာစခန်း ပွိုင့် (၉၁၃) နို့ဒေးစခန်းကို Federal Wings အဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ထုတ်ပြန်လိုက်ပါတယ်။
Read More

အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ၁၀၇ မမ ရှော့တိုက် ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Justice Brothers Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။