ရခိုင်ပြည်နယ်မှာ ဒေသတစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို လက်လွှတ်ထားရတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ် ၃ ခုမှာသာ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနိုင်တော့မှာဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီထိန်းချုပ်ထားတဲ့ ပြည်နယ်အစိုးရက ထုတ်ပြန်ပါတယ်။

အာရက္ခတပ်တော် AA က ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို ထိန်းချုပ်ထားတာကြောင့် စစ်ကောင်စီက သူတို့ထိန်းချုပ်ထားနိုင်တဲ့ စစ်တွေ၊ ကျောက်ဖြူ နဲ့ မာန်အောင်မြို့တွေမှာ တက္ကသိုလ်ဝင်စာမေးပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။

စစ်ကောင်စီ ကျင်းပမယ်ဆိုတဲ့ အဆိုပါ မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ နီးကပ်နေတာကြောင့် လာရောက်ဖြေဆိုသူ နည်းပါးမှာ စိုးရိမ်တဲ့အတွက် စာမေးပွဲ လာဖြေသူတွေကို ဆိုလာမီးအိမ်တွေ ပေးအပ်မယ်လို့  စည်းရုံးဆွဲဆောင်နေတာ ဖြစ်ပါတယ်။

တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမယ်ဆိုတဲ့ စစ်တွေမြို့နဲ့ မိုင်အနည်းငယ်အကွာက စစ်ကောင်စီတပ်စခန်းတွေကို AA ကထိုးစစ်ဆင်နေပြီး ကျောက်ဖြူ အနီးက ဓည၀တီရေတပ်စခန်းအနီးမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေကာ စစ်ကောင်စီက ရှေ့တန်းကာကင်းစခန်းတချို့ကို လက်လွှတ်ထားရပြီး ဖြစ်ပါတယ်။

ပြည်နယ်စာစစ်ဌာန အသီးသီးမှာ ဝင်ရောက်ဖြေဆိုကြမယ့် ကျောင်းသားကျောင်းသူတွေဟာ စစ်တွေမြို့နယ်မှာ (၆၉၉) ယောက်၊ ကျောက်ဖြူမြို့နယ်မှာ (၈၃၄) ယောက်နဲ့ မာန်အောင်မြို့နယ်မှာ (၅၆၄) ယောက် ဝင်ရောက်ဖြေဆိုမယ်လို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကျောက်ဖြူနဲ့ စစ်တွေဒေသတွေမှာ စစ်ဘေးရှောင်သူတွေ၊ မြို့ကိုစွန့်ခွါသူတွေ များပြားနေပြီး အာဏာသိမ်းစစ်တပ်ရဲ့ မိသားစုဝင်တချို့နဲ့ ဒေသခံအနည်းငယ်သာ ကျန်ရှိတာကြောင့် တက္ကသိုလ်ဝင်စာမေးပွဲကို လာရောက်ဖြေဆိုသူ စံချိန်တင် မရှိသလောက်နည်းပါးမှာကို စစ်ကောင်စီက စိုးရိမ်နေပါတယ်။

တိုက်ပွဲတွေ နီးကပ်လာတဲ့ စစ်တွေမှာလည်း အာဏာသိမ်းစစ်တပ်ရဲ့ ပြည်နယ်အစိုးရက ရိုးရာပွဲလန်းသဘင်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး မြို့တော်ဟာ အေးချမ်းနေတဲ့သဘောမျိုး ဝါဒဖြန့် မှုတွေလည်း လုပ်ဆောင်လျက်ရှိပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါတွင် ရွာ ၅ ရွာမှ အရပ်သားများကို မြို့ဝင်ထွက်သွားလာခွင့် စစ်ကောင်စီ တားမြစ်ပိတ်ပင်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ စစ်တပ်လက်အောက်ခံ အခြေခံပညာကျောင်းတွေဆီ ကလေးမိဘတွေ ကျောင်းမအပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက လုပ်ဆောင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ကျေးရွာ ၅ ရွာကို မြို့အဝင်အထွက် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
Read More

မိန်းမဖြစ်သူကို သတ်ဖြတ်ခဲ့သူအား PDF ဖမ်းဆီး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းအုပ်စု၊ ဆယ်ရွာ တိမ်မြုပ်ချောင်းကမ်းအနီး နေအိမ်မှာ ဇနီးဖြစ်သူကို သတ်ဖြတ်ခဲ့တဲ့ အမျိုးသားကို PDF တွေ လတ်တလောမှာ ဖမ်းဆီးထားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၅) က သတင်းထုတ်ပြန်လာပါတယ်။
Read More

ညောင်ကျိုးတိုက်ပွဲ စစ်ကောင်စီတပ် တင်းခံနေပြီး AA ထိုးစစ် ပြင်းထန်နေ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၂၉) တပ်တည်‌ထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနား…

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၂၉) အနေနဲ့ တပ်ရင်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ဇူလိုင်လ (၁၀)ရက်က ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့ ရိက္ခာကားတန်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၆ ယောက်ခန့် သေ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့ ရိက္ခာပို့ကားတန်းကို  ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ  စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် (ပကဖ) ဆီက သိရပါတယ်။
Read More

နိုင်ငံတဝန်း ဇူလိုင်လအတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုများကြောင့် ပြည်သူ ၅၄ ဦး သေဆုံးဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း ဇူလိုင်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၅၄ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။