ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နဲ့ စစ်တွေမြို့နယ်မှာ အရပ်သားတွေ နေထိုင်ရာ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ရခိုင်ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုနဲ့ ဒေသခံတွေဆီက သိရပါတယ်။

ကျောက်ဖြူမြို့နယ် စစ်ကောင်စီရဲ့ ဓညဝတီရေတပ်စခန်းဌာနချုပ်ကနေ ၃ မိုင်ခန့်အကွာက အိမ်ခြေ  ၁၇၀ ကျော်ရှိတဲ့ ဦးကင်းကျေးရွာကို မတ်လ ၆ ရက် မနေ့က ဒရုန်းနဲ့  ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

မီးလောင်ပျက်စီးသွားတဲ့ ဦးကင်းကျေးရွာကို စစ်ကောင်စီတပ်က မနေ့က နေ့လည်ပိုင်းနဲ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာဖြစ်ပြီး ဒေသခံတွေကတော့ နယ်မြေလုံခြုံရေး အခြေအနေတွေကြောင့် ဗုံးကြဲမခံရခင်ကတည်းက ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်တွေမြို့နယ်မှာလည်း ကံ့ကော်ကျွန်းရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က ဝါဘိုကျေးရွာကို မနေ့က မနက်ပိုင်းမှာ ဒရုန်း ၁၀ စီးအထိ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အိမ်ခြေ ၃၅ အိမ်ခန့် မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်အတွင်း ဆက်လက်ထိန်းချုပ်ထားနိုင်ဆဲဖြစ်တဲ့ ကျောက်ဖြူမြို့၊ စစ်တွေမြို့တို့မှာ ခံစစ်အခိုင်အမာပြင်ဆင်ထားပြီး မြို့မကျဆုံးစေရေး အစွမ်းကုန်ခုခံသွားဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ အာရက္ခမင်းသမီး မီဒီယာ)

0 Shares:
You May Also Like
Read More

မြင်းခြံ – တောင်သာလမ်းပိုင်းကို ညအချိန် အသုံးမပြုဖို့ မြင်းခြံ PDF သတိပေးထုတ်ပြန်

မန္တလေးတိုင်းထဲက မြင်းခြံ-တောင်သာလမ်းပိုင်းကို လာမယ့်မတ်လအကုန်ထိ ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း အလင်းရောင်မရှိချိန် အသုံးမပြုဖို့ မြင်းခြံခရိုင် PDF အမှတ် (၃)တပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။
Read More

စစ်ကော်မရှင် လေ့ကျင့်ရေးတပ်ဝန်းအတွင်း တန်းစီနေချိန် ဗုံးကြဲခံရ၊ ၂ ပွင့်ဗိုလ်အပါ ၁၅ ဦး သေပြီး အယောက် ၅၀ နီးပါး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ လေ့ကျင့်ရေး (၃) တပ်ရင်း ၁၆ ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ကော်မရှင်ဘက်က ဗိုလ် ၁ ယောက်အပါအဝင် သေဆုံးသူ ၁၅ ယောက်ရှိခဲ့ကြောင်း အောင်သပြေညီနောင် (ကျောက်ဆည် PDF) တာဝန်ရှိသူ ၁ယောက်က မောင်းကို ပြောပါတယ်။
Read More

ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးကြဲလို့ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက တောရဘုန်းကြီးကျောင်းထဲကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ရတယ်လို့ ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပ.က.ဖ လက်ရုံးတပ်က ထုတ်ပြန်ပါတယ်။ 
Read More

ခင်ဦးမြို့နယ်မှာ တန်ဆောင်တိုင်အထိမ်းအမှတ် NUG အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက ပကဖ ရဲဘော်တွေကို အခြေခံ နိုင်ငံရေးသဘောတရားတွေ၊ ဆုံးမသြဝါဒစကားတွေ ပြောကြားခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မြို့နယ်အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက ပြည်သူ့ကာကွယ်ရေးအဖွဲ့ရှိ ရဲဘော်တွေကို တွေ့ဆုံပြီး အခြေခံ နိုင်ငံရေးသဘောတရားတွေ၊ ဆုံးမသြဝါဒစကားတွေ ပြောကြားခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
Read More

ဟန်ပြရွေးကောက်ပွဲ အပိုင်း (၁) ကို မြို့နယ် ၁၀၂ ခုမှာ ကျင်းပမယ်လို့ စစ်တပ်သြဇာခံ ရွေးကောက်ပွဲကော်မရှင် ကြေညာ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အပတ်စဥ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ်(၁)စစ်ဒေသ ၊ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)က အပတ်စဥ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို နိုဝင်ဘာလ (၂၅)ရက်မှာ ပြုလုပ်ခဲ့ ကျင်းပခဲ့ပါသည်။