စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း မုံရွာ-မန္တလေးလမ်းပေါ်မှာ တိုက်ပွဲအတွင်း ပိတ်မိတဲ့ ခရီးသည်​တွေထဲက ၃ နှစ်အရွယ် ကလေးငယ်နဲ့ မိခင်ဖြစ်သူ အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၄ ရက် ညနေပိုင်းက မုံရွာ-မန္တလေးလမ်းပေါ် ငါးယှန်ရွာအနီးမှာ စစ်ကောင်စီယာဥ်တန်း ဖြတ်သန်းလာချိန် တော်လှန်ရေးအဖွဲ့တွေက ​စောင့်ကြိုတိုက်ခိုက်ခဲ့ရာက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွား​နေချိန် နတ်ရေကန်ရွာက စစ်ကောင်စီတပ်ဟာ ခရီးသည်တင်ကား ၁ စီးကို တိုက်ပွဲဖြစ်​ပွားရာနေရာကို မောင်းနှင်ခိုင်းပြီး တိုက်ပွဲ​နေရာ​ကို ရောက်တဲ့အခါမှ ဆင်း​နေခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းပိတ်မိသွားတဲ့ ခရီးသည်တင်ယာဥ်ပေါ်က အသက် ၂၇ နှစ်အရွယ် မိခင်အမျိုးသမီးနဲ့ ၃ နှစ်အရွယ်သမီးငယ်၊ အခြားခရီးသည် အမျိုးသမီး ၁ ယောက်တို့ဟာ အကြမ်းဖက်စစ်တပ်ရဲ့ စက်တပ်​လေထီး​ (Paramotor) ပေါ်က ချတဲ့ ဗုံးထိမှန်ပြီး​ သေဆုံးခဲ့တယ်လို့ ချောင်းဦးပကဖအဖွဲ့ ဆီက သိရပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်က စက်တပ်လေထီး(Paramotor) တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေအပြင် မြပုလဲစစ်ဆေးရေးဂိတ်ကနေလည်း လက်နက်ကြီးပစ်ကူတွေ ပေးခဲ့သေးတယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒုဗိုလ်တစ်ယောက် အပါအဝင် ၁၇ ယောက် သေဆုံးပြီး တော်လှန်ရေးရဲဘော်တစ်ယောက် (မစိုးရိမ်ရတဲ့) ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရိက္ခာလာပို့တဲ့စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် စစ်သား ၅ ဦး သေ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာဘက်မှ လက်ယက်စခန်းကို ရိက္ခာပို့ဖို့ထွက်လာတဲ့ အင်အား (၃၀) ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေး အင်အားစုတွေက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲက အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်မြေပြင်မှာ တူရွင်း၊ ဂေါ်ပြားမပါဘဲ အရေးပေါ် ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်း အမြန်တူးနိုင်ဖို့ သင်ကြားပေးနေ (ဓာတ်ပုံသတင်း)

ရှေ့တန်းစစ်မြေပြင်မှာ တူရွင်း၊ ဂေါ်ပြားမပါဘဲ အရေးပေါ် ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်း အမြန်တူးနိုင်အောင် အခြေခံစစ်ပညာသင်တန်းကာလကတည်းက ရဲဘော်တွေကို သင်ကြားပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်း (Myanmar Defense Force) က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မောင်တော နခခ ၅ တိုက်ပွဲတွေ ပြင်းထန်နေပြီး မအူပင်မြို့ကနေ စစ်မှုထမ်းဥပဒေနဲ့ စစ်ကူအပို့ခံရတဲ့ စစ်သားသစ် ၇ ယောက်လည်း သေတဲ့အထဲပါသွား

ရခိုင်ပြည်နယ် မောင်တောမြို့မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ နခခ ၅ မှာ ရခိုင့်တပ်တော် AAနဲ့ အကြမ်းဖက်စစ်တပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေထဲမှာ ဧရာဝတီတိုင်း မအူပင်မြို့ကနေ စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ခဲ့ရတဲ့ လူငယ် ၇ ယောက်လည်း သေဆုံးသွားကြောင်း မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

ယောဗျူဟာက ဂန့်ဂေါခရိုင် တပ်ရင်း ၅ ရင်းကို NUG ကာကွယ်ရေးဝန်ကြီးဌာန လက်နက်တပ်ဆင် (ဓာတ်ပုံသတင်း)

မကွေးတိုင်းအခြေစိုက် ယောဗျူဟာက ဂန့်ဂေါခရိုင် အမှတ် ၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈ တပ်ရင်းတွေအနေနဲ့ ခရိုင်ကွပ်ကဲမှု လမ်းညွှန်ချက်တွေနဲ့အညီ ဗျူဟာဖွဲ့စည်းခဲ့ပြီး ဗျူဟာအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနက တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ခမောက်ကြီးမြို့နယ်အခြေစိုက် ခမရ(၃၄၂) မှ စစ်မှုထမ်းဆင်း စစ်သား ၂ ဦး ကော့သောင်း ပကဖထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ‌ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်က အဓမ္မ စစ်သားစုဆောင်းခံရသူ စစ်သား ၂ယောက် ‌လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ကော့သောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘုရားသုံးဆူရှိ သတ္တုမိုင်းတွင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ မက္ကသာရွာအနီးမှာရှိတဲ့ သတ္တုမိုင်းတွင်းတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။