မြန်မာနိုင်ငံဟာ နိုင်ငံတကာနဲ့အတူ နျူကလီးယားလက်နက်များ တားမြစ်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ခဲ့ပြီးမှ တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် လုပ်ငန်းစဉ်တွေ နှောင့်နှေး ပျက်ပြယ်ခဲ့ရတယ်လို့  ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ် အဖွဲ့ဝင်နိုင်ငံတွေရဲ့ တတိယအကြိမ် အစည်းအဝေး အထွေထွေဆွေးနွေးပွဲမှာ သံအမတ်ကြီးက ပြောကြားခဲ့တာပါ။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ပူတင်တို့ နျူကလီးယား ဓာတ်အားပေးစက်ရုံစီမံကိန်းတည်ဆောက်ဖို့ သဘောတူညီမှုအပြီးမှာပဲ ကုလမှာ မြန်မာနိုင်ငံရဲ့ နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး သံအမတ်ကြီးက ဆက်စပ်တင်ပြလိုက်တာ ဖြစ်ပါတယ်။

တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေ ရှိနေတဲ့ကြားထဲက မြန်မာနိုင်ငံအနေနဲ့  စာချုပ်ရဲ့ ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေကို ဆက်လက်ထိန်းသိမ်းဖို့ ကတိကဝတ်ပြုထားဆဲ ဖြစ်တယ်လို့ သံအမတ်ကြီးက သတင်းစကားပါးပါတယ်။

ဒါကြောင့် နိုင်ငံတွင်းမှာ အခြေအနေပေးတာနဲ့ မိမိတို့ အနေနဲ့ နျူကလီးယားလက်နက်များ တားမြစ်ရေး စာချုပ်ရဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်လာနိုင်အောင် ကြိုးစားသွားမယ်လို့ ကုလနဲ့ နိုင်ငံတကာကို သံအမတ်ကြီးက ပြောပါတယ်။

နိုင်ငံအဆင့်၊ ဒေသတွင်းနဲ့ နိုင်ငံတကာအဆင့်တို့မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းပါဝင်လာစေရေး ကြိုးပမ်းမှုတွေဟာ အထောက်အကူပြု အရေးပါလာနိုင်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် စစ်တပ်က ဆက်လက်ကျူးလွန်နေတဲ့ ရက်စက် ကြမ်းကြုတ်မှု တွေဟာ နိုင်ငံရဲ့ ငြိမ်းချမ်းရေးအခြေခံတွေကို ပြိုကွဲစေခဲ့ပြီး နိုင်ငံသားတွေအပေါ် ဆင်းရဲဒုက္ခ ပေါ်ပေါက်စေကာ ဒေသတွင်း တည်ငြိမ်ရေးကိုလည်း ထိခိုက်စေခဲ့တယ်လို့ ဦးကျော်မိုးထွန်းက ဆိုပါတယ်။

ဒါ့ကြောင့် နိုင်ငံတကာက အကြမ်းဖက် စစ်တပ် ထံ လက်နက်ခဲယမ်း၊ စစ်လက်နက်ပစ္စည်းတွေနဲ့ ဂျက်လေယာဉ်ဆီ စီးဆင်းမှုကို ဖြတ်တောက်ခြင်းဖြင့် မြန်မာပြည်သူ တွေခံစားနေရတဲ့ စစ်ရာဇဝတ်မှုတွေကို လျော့ပါးသက်သာအောင်ကူညီပေးဖို့လည်း တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းက လူသားချင်းစာနာမှုအဖြစ် မြန်မာပြည်သူတွေအတွက် ဘတ်ငွေ ၉သန်း လှူဒါန်း

မြန်မာပြည်သူတွေအတွက် ဘတ်ငွေ ၉သန်းလှူဒါန်းမှုကို ထိုင်းအစိုးရက အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ (AHA Center for Humanitarian Assistance on AHA Center) ကတဆင့် လွှဲပြောင်းပေးအပ်လိုက်ပြီလို့ Bangkok Post မှာ ရေးသားဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီက တရားမဲ့ သေဒဏ်ချမှတ် စီရင်နေမှုတွေ ရပ်တန့်ဖို့ NUCC က နိုင်ငံတကာကို တောင်းဆို

စစ်ကောင်စီက တရားမဲ့ သေဒဏ်ချမှတ် အရေးယူနေမှုတွေကို ထိရောက်စွာ တားဆီး အရေးယူပေးဖို့ ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာအစိုးရများနဲ့ အဖွဲ့အစည်းများအား တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ အခုရက်ပိုင်းအတွင်း အင်းစိန်ထောင်မှာ သေဒဏ်ကျ အကျဉ်းသားများကို ပြစ်ဒဏ်စီရင်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် NUCC က တောင်းဆိုတိုက်တွန်းလိုက်တာပါ။
Read More

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သား ၆၀ ကျော် နစ်နာကြေးမရဘဲ အလုပ်ထုတ်ခံရမှုကို NUG အလုပ်သမားရေးဝန်ကြီးဌာန အမှုဖွင့်တိုင်ကြား…

ထိုင်းနိုင်ငံ၊ ချွန်ပူရီမြို့ရှိ ပါကေးစက်ရုံမှာ မြန်မာလုပ်သား အယောက် ၆၀ ကျော် နစ်နာကြေးမရရှိဘဲ အလုပ်ကနေ မတရားထုတ်ခံရတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားရေးဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့အကြမ်းဖက်မှုအား ရှုံ့ချကြောင်း အာဆီယံ ထပ်မံထုတ်ပြန်ရန်ရှိ

အရှေ့တောင်အာရှ၊ တရုတ်၊ ရုရှားနဲ့ အမေရိကန် ထိပ်သီးသံတမန်တွေပါဝင်တဲ့ အစည်းအဝေးတစ်ခုကနေ စစ်ဘေးသင့်မြန်မာပြည်က အရပ်သားတွေအပေါ်ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို ရှုံ့ချကြောင်း ထုတ်ပြန်ဖို့ရှိတယ်လို့ ဇူလိုင်လ ၁၀ ရက်မှာ ထုတ်ပြန်ချက်မူကြမ်းကို ကိုးကားပြီး AFP က ဖော်ပြထားပါတယ်။ 
Read More

မြန်မာနဲ့ ရေဘေးဆိုင်ရာ ဆွေးနွေးပွဲလုပ်မယ်လို့ ထိုင်းပြော၊ မယ်ဆိုင်မြစ်ကမ်းဘေး နေထိုင်သူတွေ မြေသိမ်းခံရနိုင်

ထိုင်းနိုင်ငံ၊ ချင်းရိုင်ရဲ့ မယ်ဆိုင်ခရိုင်မှာ ရေကြီးရေလျှံမှု အခြေအနေကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် မယ်ဆိုင်မြစ်ကြောင်းတလျှောက် တရားမဝင် ကျူးကျော်အိမ်ရာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ထိုင်းအစိုးရက မြန်မာ(စစ်ကောင်စီ)နဲ့ ဆွေးနွေးသွားမယ်လို့ ထိုင်းဒုတိယဝန်ကြီးချုပ် Phumtham Wechayachai က ပြောဆိုထားပါတယ်။
Read More

မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲကတဆင့် အပစ်ရပ်ပြီး စည်းလုံးညီညွတ်ကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အပါအဝင် ရည်မှန်းချက် ၃ ရပ်ကို အကောင်အထည်ဖော်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။