တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဇဝဲရွာအခြေစိုက် ခမရ (၅၅၆) ခြေမြန်တပ်ရင်းက တပ်သား(၁) ယောက် တနင်္သာရီမြို့တွင်း လုံခြုံရေးတာဝန်ကျနေချိန် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ MA 2 (စက်ကလေး) ၁ လက်၊ ၅.၅၆ ကျည် (၂၀) တောင့်၊ ကျည်ဘောက်(၁)ခုနဲ့အတူ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်မှာ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)ထံ အလင်းဝင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုဆု ငွေကျပ် (၆၀) သိန်း ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

CDM အလင်းဝင်ရောက်လာသူ၊ အကြမ်းဖက်စစ်တပ် စစ်မှုထမ်းအမိန့်ကြေညာချက်တွေကြောင့် အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူတွေ အပါအဝင် ပြည်သူ့ဘက် ရပ်တည်လိုတဲ့ စစ်သားတွေ၊ ရဲတွေအနေနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ၊ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေဆီ ချိတ်ဆက်အလင်းဝင်ရောက်နိုင်တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) က အသိပေးတိုက်တွန်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ယင်းမာပင်ခရိုင်တပ်ရင်း (၆)ရဲ့ အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ၊ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၆) ရဲ့ အပတ်စဥ် (၁) အခြေခံ စစ်သင်တန်းဆင်းပွဲကို မနေ့က ဒီဇင်ဘာ ၂၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

ကန့်ဘလူတောင်ဘက်ခြမ်းရှိ ရွာ ၅ ရွာအား ဝါသဝနှင့် ပူးပေါင်းစစ်ကြောင်း စီးနင်းမီးရှို့၊ စစ်အုပ်စုက လေဖြတ်နေသည့် အသက် ၈၀ ကျော် အဘွားအိုကို မုဒိန်းကျင့် သတ်ဖြတ်ကာ အမျိုးသား ၄ ဦးကိုလည်း မီးရှို့သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ သင်္ကန်းဝတ် ဝါသဝရဲ့ အကြမ်းဖက်စစ်ကြောင်းက မြို့တောင်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၅ ရွာကို စီးနင်းမီးရှို့ရင်း အရပ်သား ၅ ယောက်ကိုပါ ရက်ရက်စက်စက် သတ်ဖြတ်ထားခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ ၂ ရွာမှ ရေရှည်စစ်ဘေးရှောင် ပြည်သူများကို စားနပ်ရိက္ခာ ထောက်ပံ့ကူညီ

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ ၂ ရွာက ရေရှည်စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရေးမြို့နယ် ၃ရက်တာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၂ ဦး သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ စစ်တပ်ဘက်က ဗိုလ်ကြီး ၁ယောက် အပါအဝင် ၁၂ ယောက် သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။
Read More

နောင်ချိုတခွင် ရှေ့တိုးနောက်ဆုတ် ဖြစ်နေသည့် TNLA နှင့် စစ်ကောင်စီ

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) စိုးမိုးထားတဲ့ ရှမ်းမြောက်ဒေသက နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်တွေက ပြန်လည် ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေတဲ့ နှစ်ဖက် အခြေအနေဟာ ရှေ့တိုးလိုက် နောက်ဆုတ်လိုက် ဖြစ်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

KK Park တွင် KNU ပါဝင်ပတ်သက်နေသည်ဟု စစ်တပ်၏ စွပ်စွဲချက် KNU ပြတ်ပြတ်သားသား ငြင်းဆို

အာဏာသိမ်းစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ KNU ပါဝင်ပတ်နေတယ်လို့ စွပ်စွဲခဲ့တဲ့အပေါ် ပြတ်ပြတ်သားသား ငြင်းဆိုကြောင်း KNU က ထုတ်ပြန်လိုက်ပါတယ်။