တိုင်းပြည်ကို လျှပ်စစ်မီးပင် လုံလောက်စွာ မပေးနိုင်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် AI နည်းပညာနဲ့ တိုင်းပြည်ရဲ့ဖွံ့ဖြိုးရေးမှာ အသုံးချရမယ်လို့ ပြောကြားလိုက်ပါတယ်။

မနေ့က မတ် ၄ ရက်ညပိုင်းက ရုရှားနိုင်ငံမှာ စစ်ကောင်စီရဲ့ အစီအစဉ်နဲ့  ပညာတော်သင်ရောက်ရှိနေတဲ့ စစ်ဖက်၊အရပ်ဖက်ဝန်ထမ်းတွေနဲ့ တွေ့ဆုံစဉ်မှာ မင်းအောင်လှိုင်ကပြောကြားလိုက်တာပါ။

ရုရှားကို ရောက်နေတဲ့ စစ်ဘက်၊အရပ်ဖက်သင်တန်းသားအရာရှိတွေကို AI နဲ့ပတ်သတ်ပြီး လေ့လာမှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောပါတယ်။

လက်ရှိမှာ နည်းပညာခေတ်ဖြစ်ပြီး AI ခေတ်အထိရောက်ရှိနေပြီဖြစ်ကာ နိုင်ငံတိုင်းဟာ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိတာကြောင့်နည်းပညာနှင့်ပတ်သက်ပြီး နောက်ကျကျန်မနေဖို့ ကြိုးပမ်းအားထုတ်ဖို့ လိုကြောင်း မင်းအောင်လှိုင်က ဆိုပါတယ်။

လက်ရှိ ရုရှားနိုင်ငံကို ပညာတော်သင်များစေလွှတ်မှုမှာ သာမန်ထက်ထူးချွန်သူများကိုရွေးချယ်၍ ပညာတော်သင်များစေလွှတ်ခြင်းဖြစ်ကာ ပညာသင်ကြားရေးသာမက ရုရှားဘာသာစကားတတ်မြောက်ရေးအတွက်လည်း အခြေခံများသင်ကြားပြီးမှ ရုရှားနိုင်ငံကို ပို့ဆောင်တာလို့ မင်းအောင်လှိုင်ကပြောပါတယ်။

ရုရှားနိုင်ငံကို အာဏာသိမ်းစစ်တပ်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်လက်နက်နဲ့နည်းပညာအတွက် ပညာတော်သင်စေလွှတ်မှုက အရေအတွက်အမြောက်အမြားစေလွှတ်ခဲ့တာပါ။

AI နည်းပညာနဲ့ပတ်သက်ပြီးလည်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ်မကြာခဏ ပြောကြားလေ့ရှိပါတယ်။

0 Shares:
You May Also Like
Read More

စရဖတွေနဲ့ပေါင်းကာ ပြည်သူကိုနှိပ်စက်နေသူတွေ အရက်ဆိုင်မှာ ရှင်းလင်းခံရလို့ ၂ ယောက်သေပြီး ၁ ယောက်ဒဏ်ရာနဲ့ထွက်ပြေး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက် စရဖတွေနဲ့ ပေါင်းပြီး စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူတွေ ပစ်ခတ်ရှင်းလင်းခံရပြီး ၂ ယောက်သေဆုံးကြောင်း 21 Bagan-People Defense Force ထံက သိရပါတယ်။
Read More

စစ်တပ်က မုံရွာမြို့တွင် ပေါ်တာဆွဲထားသည့် လူငယ် ၈၀ ကျော်ကို ထမင်းမကျွေးနိုင်တော့လို့ဆိုပြီး နမခထဲ ပို့ဆောင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ အကြမ်းဖက်စစ်အုပ်စုက ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ လူငယ်တွေကို ထမင်းမကျွေးနိုင်တဲ့အတွက် နမခထဲကို ပို့ဆောင်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု ရွေးကောက်ပွဲကို ပူးပေါင်းပါဝင် ကူညီပံ့ပိုးသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို ထိရောက်စွာ အရေးယူမည်ဟု KNU တပ်မဟာ ၆ သတိပေး

အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ပူးပေါင်းပါဝင် ကူညီပံ့ပိုးမှုတွေ လုံး၀ မပြုလုပ်ဖို့ ကရင်အမျိုးသားအစည်အရုံး (KNU) တပ်မဟာ ၆ က မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၁၄) မှ ရှေ့တန်းတာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့သည့် ရဲဘော်၏ စျာပနအခမ်းအနား

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF အမှတ် (၁၄) တပ်ရင်းမှာ တာဝန် ထမ်းဆောင်နေရင်း ကျဆုံးခဲ့တဲ့ ရဲဘော် ချမ်းမြေ့အောင်ရဲ့ စျာပနမှာ အလေးပြုခြင်းနဲ့ သေနတ်ပစ်ဖောက်ဂုဏ်ပြုခြင်း ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်သာရှိတော့ဟုဆို၊ လူဦးရေ သန်း ၂၀ ကျော်အတွက် သန််းခေါင်စာရင်း မကောက််ရသေးပေမယ့် ရွေးကောက််ပွဲ ကျင်းပမယ်ဆိုတဲ့ မင်းအောင်လှိုင်

မြန်မာနိုင်ငံမှာ လက်တလောဖြစ်ပွားနေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် လူဦးရေ ၅၁ သန်းကျော်သာရှိပြီး၊ ဒီနှစ် ၂၀၂၅ အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ကို ဖိဖိစီးစီးလုပ်ဆောင်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ အာဏာသိမ်းအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
Read More

အရပ်သား ၆ ယောက် သေဆုံးခဲ့တဲ့ မိုးကုတ်မြို့က စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်အသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။