စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့သို့ ရိက္ခာလာထုတ်တဲ့ ပန်းရံပျူစောထီးတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးတွေ အထိအခိုက်များပြီး ကားကို စွန့်ခွာထွက်ပြေးသွားတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

မတ်လ ၅ ရက် ဒီနေ့ မနက်ပိုင်းမှာ ရွှေဘိုမြို့သို့ ရိက္ခာလာထုတ်တဲ့ ပန်းရံပျူစောထီးတွေကို ရွှေဘို- ရေဦးလမ်းအရောက်မှာ တော်လှန်ရေးတပ်တွေက ဆီးကြိုတိုက်ခိုက်ခဲ့ရာ ကားပေါ်ပါတဲ့ ပျူစောထီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပြီး ကားကို စွန့်ခွာထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော် ၁ ယောက်လည်း အကြမ်းဖက်စစ်တပ် ထောင်ထားတဲ့ မိုင်းနင်းမိပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကနီမြို့နယ် မုဋောအရှေ့ရွာဆိပ်ကမ်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာ ၁ ပါးနဲ့ ပြည်သူ ၁ ယောက်ဒဏ်ရာရပြီး ဆီကားနဲ့ ဆိုင်ကယ်များ မီးလောင်ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ် မုဋောအရှေ့ရွာ ဆိပ်ကမ်းကို ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းနဲ့ ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သံဃာ ၁ ပါးနဲ့ ပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

Justice Soldier PDF တပ်ဖွဲ့မှ အပတ်စဉ် (၁၁)အတွက် သင်တန်းသားသစ်များ ခေါ်ယူ (ရုပ်/သံ)

Justice Soldier PDF တပ်ဖွဲ့မှ အပတ်စဉ် (၁၁) သင်တန်းစတင်တော့မှာဖြစ်တဲ့အတွက် သင်တန်း သားသစ်များ စိစစ်ခေါ်ယူလျက်ရှိတယ်လို့ Justice Soldier PDF မှထုတ်ပြန်ထားပါတယ်။
Read More

ရေတာရှည်အနီး ကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီ ဒရုန်းနဲ့တိုက်ခိုက်လို့ ပြည်သူ ၃ ယောက် သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က ကဲလင်းဆိပ်ကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူ (၃)ယောက်သေဆုံးပြီး (၁၂) ယောက်ခန့် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေက ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမြို့ အမှတ် ၁၈ ရက်ကွက် စစ်တပ်အထိုင်ဂိတ် ဝင်ရောက်ပစ်ခတ်ခံရပြီး စစ်သားအများအပြားသေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့ အမှတ် ၁၈ ရပ်ကွက်မှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို ဧပြီ ၆ ရက် ညနေပိုင်းက တော်လှန်ရေးတပ်တွေ အနီးကပ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ ထံက သိရပါတယ်။
Read More

ချောင်းဦးမှာ မိုင်းရှင်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲခံရပြီး ၃ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်ကနေ မိုင်းရှင်းဖို့လာတဲ့ အင်အား ၁၀ ယောက်ခန့်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၇ ရက် မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်ထံက သိရပါတယ်။
Read More

မုံရွာမြို့နယ် ပေါ်တာဆွဲဖို့ အိမ်စီးကားနဲ့ ကင်းပတ်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု ၄ ယောက်သေပြီး ၁ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ ဇန်နဝါရိ ၁၆ ရက် ညပိုင်းက ပေါ်တာဆွဲဖို့ အိမ်စီးကားနဲ့ ကင်းပတ်လာ တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်အမှတ် ၂၂ နတ်ဆိုးတပ်ရင်းထံက သိရပါတယ်။