စစ်အာဏာသိမ်း ၄နှစ်တာ ကာလအတွင်း စစ်ကောင်စီကြောင့်  ချင်းပြည်နယ်နဲ့ ပြည်နယ်ပြင်ပမှာရှိတဲ့ ချင်းတိုင်းရင်းသား ၂၈၀ ကျော် သေဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က အသိပေးထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့ချိန်ကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ၄နှစ်အတွင်း ချင်းလူမျိုးတွေ နေထိုင်ရာဒေသတွေကို စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့မှုနဲ့ ထိခိုက်ဆုံးရှုံးခဲ့ရမှု အခြေအနေကို  ICA က မနေ့က မတ်လ  ၄ ရက်နေ့မှာ  ထုတ်ပြန်လိုက်တာပါ။

၄ နှစ်အတွင်း ချင်းပြည်နယ် အပါအဝင် ချင်းဒေသနဲ့ ထိစပ်နေတဲ့ နေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ ကျော် လုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ချင်းပြည်နယ်အတွင်းမှာပဲ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၈၀ ကျော်လုပ်ခဲ့ပြီး ရဟတ်ယာဉ်၊ တိုက်လေယာဉ်နဲ့ အခြားစစ်တပ်သုံး လေယာဉ်တွေအသုံးပြုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုတွေကြောင့် ချင်းလူမျိုး ၂၈၀ ကျော် သေဆုံးခဲ့တဲ့အထဲမှာ အရပ်သား ၂၀၀ ခန့်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၈၀ ခန့် ပါဝင်ပြီး ချင်းလူမျိုး ၂၅၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်မှာ မြို့တော် ဟားခါးဒေသကလွဲပြီး နေရာအများစုကို တော်လှန်ရေးတပ်တွေကို ထိန်းချုပ်စိုးမိုးထားပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီက အရှိန်မြှင့်တိုက်ခိုက်လာတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်က မြို့၁၁ မြို့ရှိတဲ့အထဲမှာ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ မကွီးအိမ်နူး၊ လိုင်လင်းပီ၊ကျင်ဒွေးမြို့ကို ချင်းညီနောင်တပ်က သိမ်းပိုက်ရရှိပြီး တွန်းဇံ၊ ရိဒ်ခေါဒါရ်း၊ ဝေဘူလ၊ ရေဇွာ၊ နာရိန်း၊ ဆူရ်ခွား၊ ကျီခါးကိုတော့ ချင်းပြည်အစိုးရအောက်ရှိ တပ်ဖွဲ့က သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။

ဟားခါး၊ ခိုင်ကမ်းနဲ့ တီးတိန်မြို့ကိုတော့ စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်ပြီး ဖလမ်းနဲ့ ထန်တလန်မြို့‌မှာက တိုက်ပွဲ ဆက်လက်ပြင်းထန်နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ချင်းပြည်ကောင်စီ (Chinland Council)နဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ(ICNCC) တို့အကြား ချင်းအမျိုးသားကောင်စီ ဖွဲ့စည်းဖို့ သဘောတူညီမှုရရှိထားပြီလို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

မေလ တတိယအပတ်အတွင်း အလင်းဝင်လာသည့် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲ ၂၅ ဦးရှိ၊ စစ်သုံ့ပန်း ၉ ဦး အရှင်ဖမ်းမိ

နိုင်ငံတစ်ဝန်းမှာ မေလ တတိယပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူ့ဘက် ကူးပြောင်းအလင်းဝင်လာတဲ့ စစ်သားနဲ့ ရဲ ၂၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီတပ်ကို ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆိတ်ညံရေတင်ရုံးရှိ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မန္တလေးမှ စစ်သင်္ဘောအုပ်စု ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်သို့ ဆက်လက် ဆန်တက်နေ

မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ကို ဆန်တက်နေတဲ့ စစ်သင်္ဘောတွေကြောင့် မြစ်ကမ်းဘေးကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးအန္တရယ်တွေ ဆက်တိုက်ကြုံတွေ့ နေရကြောင်း သိရပါတယ်။
Read More

ကျိုက်ဒုံနဲ့ နို့တကောမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁) ယောက် ထိမှန်သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့နဲ့ နို့တကောမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းပစ်ခတ် တိုက်ခိုက်မှုကြောင့် အရပ်သူ အမျိုးသမီး (၁) ယောက် ထိမှန်သေဆုံးပြီး အဆောက်အဦးတချို့ ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ပါတယ်။
Read More

ကနီမှာ စစ်ကောင်စီတပ် ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

စနစ်ဆိုး၏ တန်းတူညီမျှမှုမရှိသည့် စံနှုန်းများကို ချေဖျက်ပစ်ဖို့ လူနည်းစုလူငယ်များ ဦးဆောင်ပြီး ကမ်ပိန်းပြုလုပ်

စနစ်ဆိုးရဲ့ တန်းတူညီမျှမရှိတဲ့ စံသတ်မှတ်နှုန်းတွေကို ချေဖျက်ပစ်ဖို့ လူနည်းစု လူငယ်တွေ ဦးဆောင်ပြီး K - Word မှသည် Identity Campaign ကို ဇွန်လ ၃ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။