ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေတစ်စီး တိမ်းမှောက်ခဲ့လို့ ၁၁ ယောက်ကို ကယ်ဆယ်ထားပြီး ၁ ယောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဒီနေ့ မတ်လ ၄ ရက်​ ညနေသုံးနာရီခန့်က ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကမ်းကနေ ထွက်ခွါလာတဲ့ စက်လှေတစ်စီးဟာ ကလီဆိပ်ကမ်းအနီး တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

ကလီဆိပ်ကနေ ပန်းဆိုးတန်းဆိပ်ကမ်းအထိ ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ၊ ပန်းဆိုးတန်းဆိပ်ကမ်းကနေ ဗိုလ်တစ်ထောင်ဆိပ်ကမ်းအထိ ကျောက်တံတားမြို့နယ် မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ ကယ်ဆယ်ရေးပြုလုပ်​ နေတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်က ရေယာဉ်နဲ့ စက်လှေ ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်ပေးမှု နည်းပါးလာပြီး ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်မှုမရှိသလောက် နည်းပါးလာတယ်လို့ ခရီးသွားပြည်သူတွေက ဆိုပါတယ်။

ရန်ကုန်မြို့က ဆိပ်ကြီးခနောင်တိုဆိပ်ကမ်း၊ ပန်းဆိုးတန်းဆိပ်ကမ်း၊ ဒလဆိပ်ကမ်းနဲ့ ကြည့်မြင်တိုင်ဆိပ်ကမ်းတို့မှာ မကြာခဏ ဆိုသလို သဗ္ဗာန်တိမ်းမှောက်မှုများ ဖြစ်ပေါ်လျက်ရှိပါတယိ။

0 Shares:
You May Also Like
Read More

ပေါက်မြို့နယ်တွင် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကြောင်းမှ တပ်သား ၁ ဦး ကျန်နေရစ်ကာ လက်နက်နှင့် အလင်းဝင်

မကွေးတိုင်း၊ ပေါက်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ် တပ်မ (၉၉) လက်အောက်ခံ ခလရ (၄၁၈) က စစ်သားတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်လာကြောင်း အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

ရွှေဘိုနှင့် စဉ့်ကူးကို ဆက်သွယ်ထားသည့် ရတနာသိင်္ခ ဧရာဝတီမြစ်ကူးတံတား ဖောက်ခွဲခံရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူး ရတနာသိင်္ခတံတား မိုင်းခွဲခံရမှုကြောင့် ကျိုးကျပျက်စီးသွားကြောင်း ဒေသခံတွေထံက သိရပါတယ်။
Read More

နောင်ချို PDF တပ်ဖွဲ့မှာ တာဝန်ထမ်း‌ဆောင်နေတဲ့ CDM စစ်သားနဲ့ ရဲတွေကို ပြည်သူ့ပန်းတိုင်က ငွေကြေး ထောက်ပံ့ကူညီ

ရှမ်းပြည်မြောက်ပိုင်းက နောင်ချို ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ (နောင်ချို PDF) မှာ တာဝန်ထမ်းဆောင်နေတဲ့ CDM စစ်သားနဲ့ ရဲတွေကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်မှုထမ်းတပ်သား ၂ ဦး တောကြီးမြွေဟောက်တပ်ဖွဲ့ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်း တပ်သားသစ် ၂ယောက် အလင်းဝင်ရောက်ခိုလှုံလာခဲ့တယ်လို့ တောကြီးမြွေဟောက်တပ်ဖွဲ့ (Cobra King Force) က ဒီမနက် ထုတ်ပြန်ပါတယ်။
Read More

စစ်ဘက်အကျဥ်းထောင်များနှင့် အချုပ်ခန်းများ၏ စီမံခန့်ခွဲမှုများ လုပ်ထုံးလုပ်နည်း မူဘောင်များနှင့်အညီ ဖြစ်စေရေး စစ်ဥပဒေရုံး လုပ်ဆောင်ရန် NUG ကာကွယ်ရေးဝန်ကြီးဌာန တည်မြဲအမိန့်ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ စစ်ဘက်အကျဥ်းထောင်တွေနဲ့ အချုပ်ခန်းတွေရဲ့ စီမံခန့်ခွဲမှုကို သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း မူဘောင်တွေနဲ့အညီ ဖြစ်စေရေးအတွက် PDF တပ်မတော် စစ်ဦးစီးချုပ်က ဧပြီလ (၂၄) ရက် ရက်စွဲနဲ့ အမိန့်အမှတ် (၆၂/၂၀၂၅)ကို အတည်ပြုထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တာကြောင့် ဇန်နဝါရီလမှ ဧပြီလအတွင်း နိုင်ကျဉ်း ၉ ဦး သေဆုံး

မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှု မရရှိတာကြောင့် အခုနှစ် ဇန်နဝါရီလကနေ ဧပြီလအတွင်း နိုင်ငံရေးအကျဉ်းသား ၉ ယောက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်လာပါတယ်။